ရခိုင်ပြည် မြောက်ဦးမြို့က အဲဒီ ဗလီကို လူမဆန်စွာ ဖျက်ဆီးပြီး အဲဒီ
ဗလီနားရှိတဲ့ မြောက်ဦးမြို့က အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာတွေကိုလဲ လူမဆန်စွာ
နှင်ချ မောင်းတော့ ဘူးသီးတောင်ဖက် ပြောင်းပေးခဲ့ပါတယ် တာပေမယ့် အဲဒီ ဗလီကို
လူမဆန်စွာ ဖျက်ဆီးခဲ့တဲ့ စစ်သားတွေ ဗိုလ်မှူး တချို့တွေလဲ ရောဂါဖြစ်ပြီး
သေဆုံးသွားတာ ရှိသလို တချို့ဆို ဗလီဖျက်နေတဲ့ချိန် သေသွားခဲ့တာရှိပါတယ်
သူတပါး မျက်ရည်ကျပြီး ထွက်ခွာခဲ့တဲ့ အဲဒီနေရာမှာ ယခု ဘာအပင်တွေပဲ
စိုက်စိုက် ဘာစိုက်ပျိုး စိုက်ပျိုး မအောင်မြင်ပဲ အပင်ပေါက်တာနဲ့ အဲဒီ
အပင်တွေ စိုက်ခင်းတွေ အလိုလိုသေသွားလေ့ရှိပါတယ်
စစ်အစိုးရရဲ့ယုတ်မာမှုနဲ့ ပျက်စီးခဲ့ရတဲ့ ဗလီဝတ်ကျောင်းတော်များအားဖော်ပြခြင်း
------------------------------------------------------
စစ်အာဏါရှင်တွေဟာ ခုမှမဟုတ်ပဲ နှစ်ပေါင်းမြောက်များစွာကတည်းက
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတော်တွေကို ဖြိုဖျက်ပြီး ယင်းနေရာမှာ
၎င်းတို့ ရဲ့ ဗုဒ္ဓဆင်းတုတော်တွေ / နတ်ရုတ်ထုတွကို အစားထိုးတည်ထားခြင်းဖြင့်
ယုတ်မာပက်စက်ခဲ့ကြပါတယ်။
ရမည်းသင်းခရိုင်က ကန်ကြီးဗလီအပါအဝင် က အာဏါရှင်တွေရဲ့ ယုတ်မာမှုကိုခံခဲ့ရချေပြီ။
ရခိုင်ပြည်နယ် /မြောက်ဦးခေတ်က ဘုရင်ဆိုလိုင်မာန်ရှား ခေါ် မင်းစောမွန် (
A.D 1433 ) ရဲ့  အမိန့်တော်နဲ့ တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ကို
ဗိုလ်ချုပ်ခင်ညွှန့် ရဲ့ အမိန့်နဲ့ ယုတ်မာစွာ ဖျက်ဆီးခဲ့ပါတယ်။
ရခိုင်ဘုရင်တွေထွင်းထုထားခဲ့တဲ့ အလွန်အရေးကြီးပြီး ထင်ရှားတဲ့
ကျောက်စာတွေကို ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်က အပြီးဖျောက်ခဲ့တာ
ရခိုင်တွေလည်းအသိပါ။
ဖျောက်ဖျက်ရခြင်းရဲ့ ရည်ရွယ်ချက်က
၎င်းကျောက်စာတွေမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ main source တွေ / ရခိုင်တွေရဲ့
တန်ဖိုးကြီး source တွေ ကို အပြီးဖျောက်ခြင်းဖြင့် အခု ဘင်္ဂါလီလို့ 
စွတ်စွဲဖို့  ကြံစည်ခဲ့တာပါ။
အောက်ဖော်ပြပါပုံမှာ ဗိုလ်မှူးကြီး မိသားစု ကောင်းမှုဆိုတာ တွေ့မြင်ရမှာပါ။
ဗလီဝတ်ကျောင်းတော်ကို ဖျက်ဆီးပြီး စစ်တပ်က ဗိုလ်မှူးကြီးအဆင့်တွေက
ဗလီနေရာမှာ ဆင်တုတော်တွေကို သူတို့ကောင်းမှုအဖြစ် မတရားတမင်သက်သက်
ယုတ်မာခဲ့တာ တွေ့မြင်နိုင်ပါတယ်။
ဗလီဝတ်ကျောင်းတော်ရဲ့ နံရံတွေမှာ ရွှေဝါရောင်စက္ကူတွေကပ်ထားတာတွေ့မြင်ရသလို ဆင်တုတော်တွေ /နတ်ရုတ်တွေ ထားထားတာလည်း တွေ့မြင်ရမှာပါ။
ဆင်းတုတော်နဲ့ နတ်ရုတ်တွေကို မင်ဘရ် လို့ ခေါ်တဲ့
အစ္စလာမ်ဘာသာဝင်တွေဝတ်ပြုချိန် ရှေ့ဆောင်ဆရာရဲ့ တရားဟောစင်မြင့်တွေပေါ်
တည်ထားကြတာကို ဓါတ်ပုံမှာ အထင်အရှားတွေမြင်နိုင်ပါတယ်။
ဘာသာခြားတို
့ရဲ့ ဝတ်ပြုရာနေရာတွေကို ၎င်းတို့ရဲ့ ဆင်တုတော်တွေနဲ့ အစားထိုးပြီး
ယုတ်မာခြင်းဟာ အင်မတန်မှ ရွံစရာအပြုအမူသာဖြစ်ပြီး ယင်းပြုလုပ်သူရဲ့
ကိုးကွယ်ရာဘာသာ ပျောက်ကွယ်ဖို့ 99.99 % သေချာနေပါပြီ။
မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုတဲ့ ဆောင်ပိုဒ် နဲ့အညီ တစ်နေ့နေ့
သမိုင်းဘီးလည်လာတဲ့တစ်နေ့ စစ်အာဏါရှင်တွေ ပြန်ပေးဆပ်ရပါလိမ့်မယ်။
ဓါတ်ပုံ ။ ။ A.F.K ဂျီလာနီ ရေးတဲ့ Rohingyas of Arakan စာတန်းမှ ဓါတ်ပုံရိုက်ယူဖော်ပြသည်။
0 comments:
Post a Comment