ဧရာဝတီတိုင်းနေ မွတ်ဆလင်တို့အား စောင့်ရှောက်ပေးရန် နိုင်ငံတစ်ကာသို့ ပန်ကြား
ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်း အူပင်မြို့နယ်အတွင်း
တောင်သူလယ်သမားများနှင့် ရဲများ ထိပ်တိုက် တွေ့မှုများ ဖြစ်ခဲ့ပြီး-
သေဆုံးဒဏ်ရာရသူများ ရှိခဲ့သည့် အပေါ်- မိမိဘက်မှ
စိတ်မကောင်းဖြစ်မိကြောင်းနှင့် ပြသနာများ အမြန်ပြေလည်စေလိုကြောင်း-
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
ဦးဌေးလွင်ဦးမှ ပြောကြားပါသည်။
တစ်ဆက်တည်းမှာပင်-ဧရာဝတီတိုင်းနေ မြန်မာမွတ်ဆလင်တို့၏ အခြေအနေအား
မျက်ခြေမပြတ်စောင့်ကြည့် ပေးလျှက် ကမ္ဘာ့အသိုင်းအ၀ိုင်းမှ
ကာကွယ်ပေးပါရန်လည်း သူ့အနေဖြင့် ယူအင်၊ ယူအက်စ်၊ အီးယူ၊ အိုအိုင်စီနှင့်
အာဆီဖွဲ့တို့အား မေတ္တာရပ်ခံထားကြောင်း သိရပါသည်။
ဧရာဝတီတိုင်းထဲတွင် ရခိုင်လူမျိုးများ များစွာရှိနေပြီး-
ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူများပင် ဖြစ် ကြောင်း သို့သော်
ခွဲထွက်ရေးဝါဒီ မျက်ကန်းမျိုးချစ်များနှင့် ၎င်းတို့၏ မွေးစားဘုန်းကြီးများမှ
ထိုရိုးအေးသည့် လူထုအား နိုင်ငံရေးထဲသို့ ဖျားယောင်းသွေးဆောင်လာနိုင်ကြော င်းနှင့်-အမျိုးသားရေး
စိတ်ကြွလာစေရန် ဒေသခံ မွတ်ဆလင်များအား ဓါးစာခံလုပ်လျှက်
မွတ်ဆလင်ဆန့်ကျင့်ရေး လှုံ့ဆော်မှုများ ဖြစ်လာနိုင်ကြောင်း- အမှန်မှာ
ထိုကိစ္စများသည် မွတ်ဆလင် ဆန့်ကျင့်ရေးကို အကြောင်းပြလျှက်
ခွဲထွက်ရေးဝါဒီများမှ လူထုအား အမျိုးသားရေးစိတ် ပြင်းထန်လာစေရန်
လေ့ကျင့်နေခြင်းများသာ ဖြစ်သူသည်ဟု သူ့အနေဖြင့် သုံသပ်ကြောင်း
ဦးဌေးလွင်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ပြည်သူ့ရဲဘက်မှ တစ်ဦးသေဆုံးပြီး- လူ သုံးဆယ်နီးပါး အနာတရ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။
0 comments:
Post a Comment