Home

Tuesday, November 25, 2014

အပြစ်မဲ့ မွတ်ဆလင်ဘာသာရေး ဆရာများအား ဖမ်းဆီး


နိုဝင်ဘာ ၁၊ ၂၀၁၂
ရခိုင်ပြည်နယ် သံတွဲမြို့ ဂျာမေဗလီကြီးမှ ရှေ့ဆောင်ဆရာတော်လည်း ဖြစ်၍ မြို့နယ် သာသနာ့ပညာရှင်များ အဖွဲ့မှ ဥက္ကဌလည်း ဖြစ်သော ဆရာဦးဝါဟစ်နှင့် ထိုဗလီမှ ဂေါပက လူကြီး ဦးတင်အောင်တို့အား အာဏာပိုင်များ ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
မြန်မာအစိုးရမှ ရခိုင်ပြည်နယ်အတွင်း အဓိကရုန်းဖြစ်စေရန် လှုံ့ဆော်ပေးသည့် နောက်ကွယ်မှ လူများအား ဖမ်းဆီးမည်ဟု ကတိပေးပြီး- တကယ် အပြစ်ကျူးလွန်သည့် လူများအား မဖမ်းဆီးဘဲ- မွတ်ဆလင်ဗလီဆရာများနှင့် ဂေါပက လူကြီးများအား စွပ်စွဲမှု မျိုးစုံဖြင့် စတင်ဖမ်းဆီးနေပြီ ဖြစ်ပြီး- မွတ်ဆလင်တို့ကိုသာ နည်းမျိုးစုံဖြင့် စွပ်စွဲ အရေးယူရန် ပြင်ဆင်လျှက် ရှိကြောင်း နိုင်ငံရေး လေ့လာသူ တစ်ဦးမှ သုံးသပ်ပြောဆိုပါသည်။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ