Home

Sunday, October 26, 2014

ဘုန်းကြီးတိုင်းသည်ကတုံးဖြစ်သည် ကတုံးတိုင်းသည်ဘုန်းကြီးမဟုတ်

ဘုန်းကြီးတိုင်းသည်ကတုံးဖြစ်သည် ကတုံးတိုင်းသည်ဘုန်းကြီးမဟုတ်
ဟားဗာတ်နှင့် ကိန်းဘရစ်တက္ကသိုလ်တို့မှ ဘွဲ့ရရှိပြီး ကုလသမ္မဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးတော်သူ
သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး ရေးသားသော " ခြေရာပျောက်သောမြစ်" (The River Of Lost Footsteps) စာအုပ်၊ စာမျက်နှာ(၁၉၆)တွင် ကုလားဟူသော အဓိပ္ပါယ်ကို အောက်ပါအတိုင်း ရှင်းပြထားသည်။


"" ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက အနောက်တိုင်း၊တိုင်းတပါးမှလာသောသူ မှန်သမျှကို "ကုလား" အမျိုးအနွယ် ဟု ခေါ်ကြသည်။""
ထိုသို့ဆိုရပါက မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးတို့သည် ကုလားများ ဖြစ်ကြသနည်းဆိုသည် ကို အောက်ပါအတိုင်း ပြန်လည် လေ့လာသုံးသပ်စေလိုပါသည်။
(၁) ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူ ခဲ့သည့် လုဗ္မီနီဥယျာဉ်ကြီး နှင့် သတင်းသုံးတော်မူခဲ့သည့် ဗုဒ္ဓဂယာတို့မှာလည်း ကုလားပြည်များ ဖြစ်ကြသော နီပေါနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့တွင် တည်ရှိသည်။
(၂) ဘုရားပွင့်တော်မူပြီးနောက်ပိုင်းတွင် ထေရဝါဒဗုဒ္ဓဘာသာကို ပြန်လည်ထွန်းကားပြန့်ပွါးအောင် ဆောင်ရွက်ခဲ့သော အိန္ဒိယဘုရင် အသောကမင်း (King Ashoka)သည် ကုလားအမျိုးအနွယ် ဖြစ်သည်။
(၃)ရှေးမြန်မာမင်းများ လက်ထက်ကတည်းက မြန်မာရဟန်းသံဃာတော်များ ပညာတော်သင်သွားလေ့ရှိသည့် သီရိလကာင်္နိုင်ငံ (ယခင်-သီဟိုဠ်ပြည်) မှာလည်း ကုလားပြည် တခုထဲတွင် အပါအဝင်ဖြစ်သည်။
(၄) သမိုင်းအရ အနောက်တိုင်းသားမှန် သမျှတို့ကို ကုလားဟုခေါ်ဆိုနိုင်သောကြောင့် အမေရိကန်၊ အင်္ဂလန်၊ ပေါ်တူဂီ အစရှိသည့် ဥရောပလူဖြူ များကိုလည်း ကုလားဟု ခေါ်ဆိုနိုင်သည်။
(၅) အလားတူ မူစလင်ဘာသာ နှင့် ခရစ်ယာန်ဘာသာတို့အစပြု ခဲ့သော အာရပ် အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်ကြသည့် ဆော်ဒီအာရေဗျ၊ အီဂျစ်၊ တူရကီ၊ အီရန်၊ အီရတ်၊ အစ္စရေး အစရှိသော နိုင်ငံများ မှာလည်း ကုလားနိုင်ငံများပင် ဖြစ်ကြသည်။
ဤသို့သော အထက်ပါ အထောက်အထားများကြောင့် ကုလားတိုင်းသည် မူစလင်ဘာသာဝင်များ မဟုတ်ကြပါ။၎င်းတို့သည် ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူ ဘာသာဝင်များ လည်း ဖြစ်နိုင်သလို ဂျူးဘာသာ နှင့် ခရစ်ယာန်ဘာသာဝင်များ လည်း ဖြစ်နိုင်ပါသည်။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ