Home

Thursday, October 16, 2014

အူပြတ်အောင် ညှစ်မယ်-


လူတွေမှာ လူ့ကျင့်ဝတ် လူ့ အသိကို နားမလည်ရင် လူကို လူလို့ မြင်နိုင်အား လူ့မျက်လုံး (မနုသ စက္ခု) မရှိနိုင်ဘူး။
လွန်ခဲ့တဲ့ သန်းခေါင်စာရင်းကာလကို ကြည့်ရင် မြန်မာနိုင်ငံတွင်းမှာ ရှိသမျှသော လူမျိုးတို့ဟာ အာမေးနီးယား၊ ကိုးရီးယားက အစ ကိုယ့်လူမျိုးနာမည်ကို ကိုယ်ရေးခွင့် ရှိတယ်၊ ဖြည့်ခွင့်ရှိတယ်။ သို့သော် ရိုဟင်ဂျာကိုမှ သီးခြားကွက်ပြီး အတင်းအဓမ္မ ခိုးဝင်ဘင်္ဂလီ လုပ်ခိုင်းတယ်။ ရိုဟင်ဂျာ အဖြစ်ခံယူသူများကို ရိုတ်ပုတ်၊ သတ်ဖြတ်၊ အစာဖြတ်၊ ရေဖြတ်၊ ဖမ်းဆီးထောင်ချ ရှိသမျှနည်း အားလုံးနဲ့ ရိုင်းစိုင်းယုတ်မာ ပက်စက်စွာ ပြုမူတယ်။

ဒါကို တစ်ယောက်တစ်လေမှ လူပီသစွာ ကန့်ကွက်မယ့် အတိုက်အခံ၊ ပညာရှင်၊ ဘာသာရေး ဆိုသူ များ ထွက်မလာခဲ့ဘူး။
လူသားများ ဖြစ်တဲ့ ရိုဟင်ဂျာများအား ကျေးကျွန်ဘ၀မှာ ထားချင်သူများ- ခင်ဗျားတို့ဟာ သေးသိမ်နိမ့်ကျတဲ့ ကျေးကျွန်လူတန်းစား ပြန်ဖြစ်သွားလိမ့်မယ်။ ရိုဟင်ဂျာတို့ကို မြေပြင် အကျဉ်းစခန်းမှာ ထားလိုသူများ- ခင်ဗျားတို့သာ မြေပြင်အကျဉ်းစခန်းဘ၀ထဲ ရောက်သွားလိမ့်မယ်။ ရိုဟင်ဂျာတို့အား အစာဖြတ် ရေဖြတ်ထားလိုသူများ- ခင်ဗျားတို့ ဘ၀ အစာပြတ် ရေပြတ် ဆေးဝါးတွေ ပြတ်ကုန်လိမ့်မယ်။
အဲ့ဒီ ကိစ္စကို ဆင်ခြင်ပါ။ အသိတရားမဲ့နေသူများ အတွက် ဖိအားများ လာမယ်။ ဖိအားနဲ့ မရနိုင်တဲ့ ထုထည်ကြီးရင် အူပြတ်သွားအောင် ညှစ်အားလာမယ်။ ဒါကို စိတ်ချနေလိုက်ပါ။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ