ယာဉ်ထိန်းစစ်မှာကိုကြောက်ပီး မောင်းပြေးတယ် ။ မောင်းပြေးတဲ့အချိန် ကလေးကို
ကျူရှင်သွားကြိုတဲ့ ကလေးအမေ မောင်းလာတဲ့ဆိုင်ကယ်ကိုတိုက်တယ် ။
တိုက်မိရုံကို ကားရပ်ပီး ဖြေရှင်းရမှာ လူမဆန်တဲ့ကောင်က တိုက်ပီးထွက်ပြေးတယ်
ကံဆိုးရှာတဲ့ကလေးငယ်က မောင်းပြေးတဲ့ကားနဲ့ညိပါသွားပီး ၁၅ ပေလောက်
ပါသွားပီး ပွဲချင်းပီးသေသွားခဲ့ရတယ် ။
ဘေးကမြင်တွေ့နေတဲ့ လူတွေက
ကလေးပါသွားတယ် ကားရပ်ပါလို့အော်တာတောင် လူမဆန်တဲ့ကောင်က မောင်းပြေးတယ် ။
ကလေးငယ်အား ဂရုဏာတက်နေတဲ့လူထုရဲ့ မုန်းတီးစိတ် နာကျဉ်းစိတ်တွေက
လူမဆန်တဲ့ကောင်အပေါ်ရောက်သွားတော့ ရဲတွေနဲ့ပြည်သူတွေ ထိပ်တိုက်တွေ့ပီး
ရုံးရင်းဆန်ခတ်ဖြစ်ကြတယ် ။ ဒါ ဒီနေ့ည
သူနာပြုတတက္ကသိုလ်အရှေ့မှာဖြစ်ပွားသွားခဲ့တဲ့ ဖြစ်စဉ်အကျဉ်းပါ ။
ကိုယ့်တာဝန်ကိုယ်ယူတတ်ကြပါစေ ။ ယာဉ်တိုက်မူလောက်ဖြစ်ရုံနဲ့ ဒီကလေးငယ်
အသက်မသေနိုင်သေးပါဘူး မောင်းပြေးတဲ့အချိန် ညိပါသွားလို့သာ သေသွားရတာပါ ။
ကျေးဇူးပြုပီးတော့ဗျာ ကိုယ်တွေဒါမျိုးကြုံခဲ့ရင်လည်း
တာဝန်ယူဖြေရှင်းလိုက်ပါ ခုလိုမျိုးမောင်းပြေးလို့
အသက်တစ်ချောင်းဆုံးရှုံးရတဲ့အဖြစ်မျိုးက ကင်းဝေးနိုင်ကြပါစေဗျာ
0 comments:
Post a Comment