သို့
ဦးသိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ
ရက်စွဲ- ၂၀၁၃ ခု၊ ဧပြီလ ၂ ရက်
လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေရန် ဖန်တီးနေသည့် အရင်းအမြစ်များအား အရေးယူပေးပါရန် တောင်းဆိုခြင်း
သမ္မတကြီးခင်ဗျား
သမ္မတကြီးမှ နိုင်ငံတော်အတွင်း ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး ဘာသာရေး
အကြမ်းဖက်မှုကြီးတို့အား ဦးဆောင်လှုပ်ရှားသည့် သူများအား အရေးယူမည်ဟု
တိုင်းပြည်တွင်းနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းသို့ ကတိပေး
မိန့်ခွန်းပြောခဲ့ပါသည်။
သမ္မတကြီးအနေဖြင့် အကြိမ်ကြိမ်ကတိပေးခဲ့သော်လည်း မြန်မာနိုင်ငံအတွင်း၌
၂၀၁၂ ခု ဂျွန်လမှ စတင်ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်နှိပ်
ကွပ်မှုတို့အား အချိန်ကာလ ၁၀ လကြာ သည်ထိ ထိရောက်စွာ အရေးမယူနိုင်သည့်
အပြင်-၊ အခြေအနေမှာ ပိုမိုဆိုးဝါးလာနေပါသည်။ သို့ အတွက်
တိုင်းပြည်တွင်းနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းတို့ အလယ်၌ သမ္မတကြီး၏
ကတိစကားမှာလည်း အကြိမ်ကြိမ်ပျက်ရသည့် အခြေအနေသို့သာ ရောက်နေရပါသည်။
ထိုသို့ ဖြစ်နေရခြင်းမှာ အကြမ်းဖက်ပဋိပက္ခအား ဖန်တီးလိုသည့် အင်အားစုမှာ-
ပဋိပက္ခဖြစ်စေမည့် နည်းလမ်းအားလုံးကို သုံးလျှက်သော်လည်းကောင်း-၊
လူထုချင်းကြား နစ်နာမုန်းတီးစေမည့် စကားလုံး ဝေါဟာရများဖြင့် အနုစား
သွေးခွဲမှိုင်းတိုက်ပေးခြင်းများဖြင့် သော်လည်းကောင်း- စနစ်တကျ အကွက် ချ
ဖန်တီးပေးနေသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ သမ္မတကြီးအနေဖြင့် အမှန်တစ်ကယ်
တိုင်းပြည် တစ်ခုအား ပဋိပက္ခငြိမ်းစွာ ပြည်လည်တည်ဆောက်
ပြုပြင်ပြောင်းလဲလိုလျှင်-
(၁) ဘာသာမတူမှုအကြား သွေးကွဲစေမည့် စကားလုံး ဝေါဟာရများကို ပြောဆိုသည့် မည်သူ့ကိုမဆို အရေးယူပေးရမည်။
(၂) ပါလီမန်ဒီမိုကရေစီခေတ်မှ “ရိုဟင်ဂျာ”ဟု ခေါ်တွင်သည့် လူမျိုးစုအား-
ထိုလူမျိုးစု၏ အမည်နာမ အား ဘင်္ဂလီဟု ခေါ်တွင်စေရမည်ဟူသည့် ဥပဒေတစ်ရပ်အား
လွတ်လပ်ရေးရပြီး သမိုင်းတစ်လျှောက် ပြဌာန်းခဲ့ခြင်း မရှိသည့်အလျှောက်-၊
ထိုလူမျိုးစုအား ဥပဒေမဲ့ ခေါ်ဆိုနေသည့် “ဘင်္ဂလီ”ဟူသော အမည်နာမအား
ပြောဆိုသုံးစွဲနေသည့် လူ၊ လူ့အဖွဲ့အစည်း၊ ပါတီ တို့အား ဥပဒေမဲ့ အမည်နာမဖျက်
ခေါ်ဆိုမှုဖြင့် အရေးယူပေးရမည်။ အလားတူ ရခိုင်တို့အား “ရခီး” ဟု
ခေါ်ဆိုသူများကိုလည်း အရေးယူ ပေးရမည်။
(၃) မြန်မာပြည်အတွင်းမှသာမက-၊ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ တိတိကျကျသိနေသော တရားခံအစစ်များ အား ချက်ချင်းအရေးယူပေးရမည်။
(၄) သမ္မတကြီးပါးစပ်မှ မကြာခဏပြောနေသော နောက်ကွယ်အင်အားစု ဆိုသည်ကို
တိတိကျကျ ဖေါ်ပြပေးရမည်။ သို့မဟုတ်က ထိုစကားလုံးမှာ ပြည်သူလူထုအား
ထင်ယောင်ထင်မှားဖြစ်စေလျှက် လူမျိုးရေး မုန်းတီးမှုသို့ ဆက်လက်ဦးတည်နေသော
စကားလုံး အဖြစ် ပုံဖေါ်နေသကဲ့သို့ ရှိနေသည်။
(၅) ယခုနောက်ဆုံးဖြစ်သော ရန်ကုန်မြို့တွင်း အစ္စလာမ်သာသနာ
မိဘမဲ့ကျောင်းအား မီးလောင်မှု သို့ မဟုတ် မီးရှို့မှုအား ထိရောက်ပြင်းထန်စွာ
အရေးယူပေးရမည်။ ထိုအမှုအား ကျူးလွန်သူများ၏ ကား အမျိုးအစား၊ ကားနံပါတ်ကိုပါ
ကမ္ဘာ့အသိုင်းအ၀ိုင်းမှ အတိအကျသိနေပါလျှက်-၊ စုံစမ်း၍ မရနိုင်ဟု
သမ္မတကြီးထံသို့ တစ်စုံတစ်ဦးမှ Report တင်ပြလျှင်-၊ ထို Report တင်ပြသူအား-
(၁) သမ္မတကြီး အား သတင်းမှားပေးခြင်း အတွက်၊ (၂) ရာဇ၀တ်မှုတွင်
ပါဝင်ပတ်သက်သူ သို့မဟုတ် ပူးပေါင်းကြံစည် သူအဖြစ် (၃) သတင်းမှန်အား
ထိန်ချန်ပေးသူ အဖြစ် ပြတ်သားထိရောက်စွာ အရေးယူပေးရမည်။
(၆) ၂၀၁၂ ခု မှစ၍- အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သွားရသော
မြန်မာနိုင်ငံဧရိယာအတွင်းမှ အစ္စလာမ်သာသနာဝင်တို့အား လူမျိုး၊ နေရာဒေသ
လုံးဝခွဲခြားခြင်းမရှိဘဲလျှက်- သူတို့၏ စားဝတ်နေ ရေး၊ ကျမ္မာရေး၊ ပညာရေး
ချက်ချင်းလက်ငင်း ၀င်ရောက်ကူညီနိုင်ရန် နိုင်ငံတော်မှ ချက်ချင်းဆောင် ရွက်
ပေးရမည်။ ထိုဒုက္ခသည်များအား ကူညီရန်နှင့် ထိုဒေသများမှ ပျက်စီးသွားရသော
သာသနိက အဆောက်အဦးများ ပြန်လည်တည်ဆောက်ပေးရန်တို့၌ နိုင်ငံတော်အစိုးရမှ
အကြောင်းပြချက်မျိုးစုံ ဖြင့် ကာဆီးကာဆီး လုပ်နေခြင်းများ၊
အချိန်ဆွဲနေခြင်းများ အားလုံးကို ချက်ချင်းပါယ်ဖျက်ပေးရမည်။
ဤတောင်းဆိုမှုတို့အား အချိန်ကာလ ၂ ပတ် အတွင်း (၂၀၁၃ ခု ဧပြီလ ၁၆ ရက်နေ့
နေက်ဆုံးထား လျှက်) တိကျသေချာ ရှင်းလင်းစွာ ဆောင်ရွက်ပေးပါရန်
တောင်းဆိုပါသည်။
မိုးကျော်
အထွေထွေ အတွင်းရေးမှုး
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
0 comments:
Post a Comment