Home

Thursday, May 23, 2013

မွေးရာပါ အခွင့်အရေး

ဆရာ ဦးကိုကီုကြီးခင်ဗျာ ..ဆရာ့ရဲ့ အကြံပေးမှု နဲ့ မိသားစု စိတ်ဓါတ်ရှိမှုကို လေးစားပါတယ်ဗျာ။ ဒါပေမဲ့ ကျနော်တို့ထဲက တော်တော် များများက ကျူပ်တို့မွေးထဲက ပါလာခဲ့ပြီးသား လူသားဖြစ်မှု ၊ နိုင်ငံသားဖြစ်မှု ဆိုတဲ့ မွေးရာပါ အခွင့်အရေးကို ဟိုကောင် ဒီကောင် တွေဆီ လက်ဖြန့်တောင်းမှ ရနိုင်တယ်၊ ရသင့်တယ် လို့ ခေါက်ရိုးကျိုး နှစ် ၅၀ အာဏာရှင်ခေတ် နေ၀င်း ရိုက်သွင်းထားခဲ့တဲ့ အတွေးအေါ် တွေနဲ့ သွားနေတယ်။ အမှန်က သူတို့ကိုလည်း အပြစ်မတင်ဝံ့ပါဘူး။ တိုင်းပြည်တစ်ခုလုံးကိုက ဒါမျိုး ရွေ့နေတာမျိုးကိုး။ အမှန်က လူဟာ မွေးလာကတည်းက မွေးရာပါ အခွင့်အရေး ပါာခဲ့ပြီးသား။ ရှိနေပြီးသား။


ဒီအချက်ကို မြန်မာနိုင်ငံကလည်း နိုင်ငံတကာ မှာ လက်မှတ်ထိုးထားပြီးသား။ ခုမှ ဗြောင်လိမ် နေကြတာ။ ကိုယ့်မွေးရာပါ အခွင့်အရေးကို ကိုယ့် ဖာသာ ကိုယ် နိုင်ငံရေး အရ တိုက်ယူမှ ရမယ်။ လက်ဖြန့်တောင်းနေသရွေ့ သူတောင်းစားပဲဖြစ်နေမှာ။ သိက္ခာလည်း မရှိဘူး။ တောင်းလို့ ရတဲ့ ဆုလာဒ် ဟာ မနက်ဖန် ပြန်လုသွားတာ ခံရမှာပဲ။ ယောက်ျားပီပီ အမှန်တရားကို အသံကျယ်ကယ် ပြောပြီး မျှတမှု ကို တောင်းဆို ရမှာပဲလေ။ ဒီနိုင်ငံကို သစ္စာတရာ ရှိလွန်းလို့မှ ကျူပ်တို့ လွ…တ်လပ်ရေးတိုက်ပွဲတွေမှာလည်း ပါခဲ့တယ်။ ဒီနေ့ သမ္မတ ပြောနေတဲ့ ရန်ကုန် အစိုးရလို့ တည်းတည်း လေး ကျန်နေချိန် လွတ်လပ်ရေး ကာကွယ် မှု စစ်ပွဲ တွေမှာလည်း မြန်မာမွတ်စလင်မ် တွေ အများကြီး အသက်တွေပေ့းခဲ့ရတယ်။ တရုတ်ဖြူ နယ်ချဲ့စစ်ကို အသက်တွေ အများကြီး ပေး တိုက်ပေးခဲ့သူတွေ ထဲမှာလည်း ကျူပ်တို့ ဘိုး ဘ တွေပါခဲ့တယ်။ မယုံရင် သက်ရှိထင်ရှား ရှိနေဆဲ ဗိုလ်ချူပ်ကြီး တင်ဦး ကိုပဲ ပြန်မေးကြည့်ပါဦါ်း။ ကွန်မြူနစ် ကို အကြီးအကျယ် တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေမှာလည်း ပဲ ကျူပ်တို့ အမျိုးတွေ အသက်ပေး စတေးခဲ့ရတယ်။ ဒီမိုကရေစီ အရေးတော်ပုံ အဆက်ဆက် မှာလည်းပဲ ကျူပ်တို့ နောက်ချန်မနေခဲ့တာ အားလုံးအသိပါပဲ။ ဒါဟာ ပကတိ သမိုင်းပါ။ လူက ပြန်ပြင်လို့ မရတဲ့ သမိုင်းပါ။ ကျူပ်တို့ ဒီနေ့ မွတ်စလင်မ် တွေတောင်းဆိုနေတာ မျှတမှု သက်သက်ပါပဲ။ ဘာအရောင်မှ မပါပါဘူး ။ ပညာမဲ့ ဘုန်းကြီးတွေ ပြောနေသလိုဘာဘာညာညာ တွေလည်း မရှိပါဘူးဆိုတာ ဆရာအသိပါဗျာ။ ဒါနဲ့များတောင် ဒီနေ့ ကျူပ်တို့ကို တရုတ်အကျိုးစီးပွားအတွက် ဓါးစာခံ လုပ်ရက်တယ်။ ခင်ဗျားတို့ ပတ်စ်ပို့ လျှောက်လို့ရနေတာပဲ ။ ဒီနိုင်ငံဥပဒေကို မကြိုက်ရင် အချိန်မရွေး ထွက်သွားလို့ရတယ် ဆိုပြီး ခုပြောခံရပြီ။ စိတ်နာတယ်။ ဒါ့ကြောင့် မတရားတာ မတရားဘူး လို့ ကျယ်ကျယ်အော်ရဲရမယ်။ မဟုတ်တာတွေ သည်သို့သည်ပုံ ရှိနေတယ်ဆိုတာလည်း ကျယ်ကျယ်အော်ရမှာပဲ။ သတ်တဲ့လူရှိရင် သေမယ်လေ။ လူတစ်ယောက်မှာ အသက်တစ်ချောင်းပဲ ရှိတာကို နှစ်ခါ သတ်လို့မရပါဘူး။ ကျူပ်တို့ အများစုက မင်းလောင်းမျှော်၊ ခေါင်းဆောင်ကောင်း မျှော်နေကြတယ် ဆိုရင် ဒါဟာ ဒဏ္ဍာရီ သက်သက် ပဲ ဖြစ်မှာပေါ့။ လက်တွေ့မဆန်ပါဘူး။ လက်တွေ့ဆန်တာက မာတင်လူသာကင်း လို အသတ်ခံပြီး ကျယ်ကျယ် အော် သွားတဲ့ လူငယ်မျိုးးဆက်တွေပါပဲ။ အသိဥာဏ် ရှိရင် အားလုံးက ခေါင်းးးဆောင်ပါပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလို့ ရနိုင်တယ်။ အဘိဥာဏ် မလိုပါဘူး။ ဒါ့ကြောင့် သူ့ကို ဘယ်သူမှန်းမသိပေမဲ့ ကိုရဲရင့်သစ္စာလို လူမျိုးတွေကို ကျယ်ကျယ် အော်ရဲတဲ့ အတွက် ကျူပ်တို့ ထောက်ခံတယ်။ ဒီလို မဟုတ်မတရားတာကို ကျယ်ကျယ် အော်ရဲတဲ့ နောက်ထပ် လူငယ် တွေကို လည်း မြန်မာမွတ်စလင်မ် တွေ လိုအပ်နေတယ်။ ကျနော်များမှားခဲ့ ရင် ဆရာ ပြင်ပေးပါခင်ဗျာ။ လေးစား ကျေးဇူးတင်ပါတယ် ကိုယ့် မွေးရာပါ အခွင့်အရေးကို သူများ ပေးမှ ရမယ်လို့ ထင်နေသူ များ အမှန်ကိုမြင်ပါစေကြောင်း အကျိုးမျှော် နှိုးဆော်အပ်ပါသည်။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ