Home

Friday, September 26, 2014

အပေါက် ဖွင့်မပေးပါနဲ့-


ဗမာအစိုးရ အနေနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများ အတွက် UN General Assembly မှာ အမှု ကိုင်တွယ်ခံရတဲ့ အဆင့်ကို ရောက်သွားချိန်မှာ- သူတို့ဘက်က ကစားကွက် ပြောင်းလာလိမ့်မယ်။ ( ယေဘုယျ သိထားဘို့က UN- GA ဆိုတာ ICC အတွက် နိဒါန်း မိတ်ဆက်ပါ။)
၂၀၁၅ အတွက် မထူးဇတ်ခင်း ဆက်မိုက်မယ် ဆိုရင်- သဗလီးဂ် အတု တွေကို သုံးလိမ့်မယ်။ သူတို့မှာ အဆင်သင့် မွေးပြီး ဖြစ်တဲ့ မုတ်ဆိတ်ထားပြီး အိန္ဒိယရုပ်ရည် ရှိသူတွေကို- ဆူရာဟ် ၁၀ ပုဒ်ကို အလွတ်သင်ပေးထားတယ်-၊ အဲ့ဒီလူတွေကို သဗလီးဂ် ထွက်သူတွေလို့ ဗလီတွေကို လွှတ်ပြီး မလိုလားအပ်တဲ့ လက်နက်ပစ္စည်းတွေ ဗလီတွေမှာ ၀ှက်ထားခဲ့ကာ-၊ မွတ်ဆလင် ဗလီတွေ က လက်နက်တွေ ဖမ်းမိတယ်- လို့ လုပ်လိမ့်မယ်။ (သတင်းရထားလို့ပါ)။

သဗလီးဂ်မှာ တာဝန်ယူနေတဲ့ အမီးရ်ဆာ့ဘ် အဆင့်ဆင့်ကို နီးစပ်သလို သတိပေးစေလိုတယ်-၊ (၁) မိမိက သေချာမသိတဲ့ လူတွေကို သဗလီးဂ်ထဲ ဆွဲမခေါ်ပါနဲ့ (၂) သဗလီးဂ် လိုက်မယ့်သူများ သယ်ဆောင်လာတဲ့ အိပ်ယာ အထုတ်အပိုးများကို သေချာစွာ စစ်ဆေးပါ။ (ဖေါက်ခွဲရေး ပစ္စည်း သို့မဟုတ် မူးယဇ်ဆေးများ ထည့်ယူလာနိုင်တယ်၊) (၃) မသင်္ကာ ဖြစ်မိသူအား ဘာသာရေး အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာ ဗလီဂေါပကထံ ချက်ချင်းအပ်နှံပါ။ (၄) ပြည်ပမှ ဆိုသည့် သဗလီးဂ် အဖွဲ့တို့အား သေချာစွာ စီစစ်ပြီးမှ လက်ခံပါ။
သက်ဆိုင်ရာ ဗလီ ဂေါပက တိုင်းမှလည်း မိမိဗလီသို့ ရောက်လာသည့် သဗလီးဂ် အဖွဲ့တိုင်း အား သေချာစွာ စစ်ဆေးပြီးမှ ဗလီတွင် တည်းခိုခွင့်ပြုပါ။
မိမိကြောင့် အွမ္မတ်တစ်ခုလုံး နစ်နာရမည့် ကိစ္စရပ်များ ဖြစ်နိုင်သည့် အတွက် မပေါ့ဆမိရန် အလွန် အရေးကြီးပါကြောင်း-၊ ယုတ်မာသူများ အတွက် မိမိဘက်မှ အပေါက်မဖွင့်ပေးမိစေရန် ဆောင်ရွက်ဘို့ သတိပေးလိုပါတယ်။
ဤစကား ဤသတိပေးမှုအား အွမ္မတ်ကို ချစ်ခင်သူတိုင်းမှ သဗလီးဂ် အမီးချုပ်ကြီးနှင့် သက်ဆိုင်ရာ အမီးရ်ဆာ့ဘ် အဆင့်ဆင့်အားလည်းကောင်း၊ သက်ဆိုင်ရာ ဗလီဂေါပက အသီးသီးအား လည်းကောင်း- အလျှင်အမြန် သတင်းပေး၊ သတိဖေါ်ပေးဘို့ မေတ္တာရပ်ခံပါတယ်။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ