အခု ၀ီရသူနေတဲ့ မစိုးရီမ်တိုက်သစ်က
ဓမ္မသဟာယ ကျောင်းဆိုတာ စ.အ.ဖ တွေ၊S.B တွေ၊သတင်းပေး(အင်ဖော်မာ)တွေအတွက်တော့
ဇရပ်လိုပါပဲ။သူ့ကျောင်းတိုက်ထဲမှာ အဲဒီလူတွေအမြဲရှိတယ်။နောက်
ဒီပဲရင်းလူသတ်ပွဲမှာ ဦးဆောငိညွှန်ကြားခဲ့တဲ့
ဦးအောင်သောင်းတို့၊စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှုချုပ် ဗိုလ်ခင်ညွှန်.
တို့နဲ့လည်း ၀ီရသူ အဆက်အသွယ်ရှိပါတယ်။(၂၀၀၃) ကျောက်ဆည်အရေးအခင်းတုန်းကလည်း
စစ်ထောက်လှမ်းရေးတွေနဲ့ပေါင်းပြီး နန်းတွင်းထဲကနေ
မွတ်စလင်ဆန့်ကျင်ရေးစာတွေဖြန့်ခဲ့တာလည်း ၀ီရသူပါပဲ။
ဒီကိစ္စတွေကို
သေချာမသိတဲ့ ၀ီရသူတပည့်တွေက ၀ီရသူကိုထောက်လှမ်းရေးက ဖမ်းထားတယ်လို့ထင်ပြီး
လမ်းပေါ်ထွက်လာတော့ စစ်တပ်က သေနတ်နဲ့ပစ်တယ်။ဘုန်းကြီးတော်တော်များများ
ဒဏ်ရာတွေရကုန်လို့ မေမြို.စစ်ဆေးရုံကိုရောက်တဲ့သူရောက်
ထောင်ထဲရောက်တဲ့သူရောက်နဲ့ နောက်ဆုံး ၀ီရသူကိုယ်တိုင်ထိုးကျွေးခံခဲ့ရပြီး
ထောင်နှစ် အစိတ် ကျခဲ့ရတယ်။ဝီရသူနောက်မှာ အာဏာပိုင်တွေရှိတယ်ဆိုတာက အခု
အစ္စလာမ်တို့၊ခရစ်ယာန်ဘာသာတွေကိုဝေဖန်ပုတ်ခတ်နေတာတွေ၊ဘာသာရေး လူမျိုးရေး
အဓိကရုဏ်းဖြစ်အောင် လှုံဆော်စည်းရုံးဟောပြောနေတာဟာ တည်ဆဲဥပေဒေတွေကို
အတည့်အလင်းချိုးဖောက်နေတာကိုသိလျှက်နဲ့ အာဏာပိုင်တွေက
ဒီအတိုင်းဘာမှအရေးမယူပဲလက်ပိုက်ကြည့်နေတာက
ထင်ရှားသက်သေပဲဖြစ်ပါတယ်။ဝီရသူလိုထောင်ထွက် ပညာမဲ့ တစ်ယောက်ရဲ.လုပ်ရပ်ဟာ
မိမိ၇ဲ.ဘာသာတရားကိုကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာကျဆင်းစေခဲ့တဲ့အပြင်
နိုင်ငံပုံရိပ်ကိုပါ ထိခိုက်စေခဲ့ပါတယ်။ဓါတ်ပုံကတော့ ၀ီရသူ စစ်တပ်မှာ
အမှုထမ်းခဲ့ဖူးတယ်လို့ ယူဆရတဲ့ ဓါတ်ပုံဖြစ်ပါတယ်။
0 comments:
Post a Comment