၂၀၁၃ မတ်လ ၉ ရက် (ထိုင်းနိုင်ငံ ဘန်ကောက် မဟီဒေါ တက္ကသိုလ်)
သမိုင်းရှင်းပွဲနေ့ထိ သမိုင်း ပါမောက္ခ ဒေါက်တာ အေးချမ်း ဆိုသူက ရိုဟင်ဂျာ
ဆိုတဲ့ နာမည်ဟာ ယခင်က မရှိခဲ့ဘူး၊ ၁၉၅၆ ခုနှစ် မှ လွှတ်တော်အမတ် အမ်အေ
ဂဖားရ် ဆိုတဲ့ လူက တီထွင်လိုက်တဲ့ နာမည် ဖြစ်ပါတယ်လို့ လူသိရှင်ကြား
ပြောခဲ့တယ်။ (အထောက်အထားများ ရှိပါတယ်။)
အဲ့ဒီ အခမ်းအနားမှာ
ကျွန်တော်က- ၁၈၂၃ မတိုင်မှီကပဲ ရိုဟင်ဂျာ ဆိုတာ ရှိနေခဲ့တာ -
သမိုင်းပါမောက္ခနာမည်ခံထားတဲ့ ခင်ဗျား မသိခဲ့လား ဆိုတော့- သူက လုံးဝ
မရှိဘူးလို့ ခံငြင်းပါတယ်။ ကျွန်တော်က ၁၇၉၉ ထုတ် စာအုပ်ကို ထုတ်ပြတော့- သူက
(မမြင်ဘူးခဲ့ဘူး) လှမ်း တောင်းတယ်။ ကျွန်တော်ပေးလိုက်တော့- အဲ့ဒါ
ရခိုင်ကို ခေါ်တာပါလို့ အတင်း ခံငြင်းခဲ့တယ်။ ကျွန်တော်က ရိုဟင်ဂျာ ဆိုတာ
မဟာမေဒင် (မွတ်ဆလင် ဖြစ်ကြောင်း) ပြောပြီး- ဘာသာစကားကို ပါ ထောက်ပြတော့-
ရိုဟင်ဂျာ စကားဆိုတာ ရခိုင်စကားကိုသာ ခေါ်ကြောင်း ဖင်ပိတ်ငြင်းပါတယ်။
သို့သော် မဟာမေဒင် (မွတ်ဆလင်) ဆိုတဲ့ မေးခွန်းကို မဖြေဘဲ- ဒါတွေက အချိန်
အများကြီး ပေးရလိမ့်မယ်လို့ အတင်းရှောင်ထွက်ခဲ့ပါတယ်။
အခု နောက်ဆုံး
မောင်မောင်အုန်းက ဒေါက်အေးချမ်းကို ဆွဲသုံးချိန်မှာ (မောင်မောင်အုန်းဟာ
ဗမာထဲက သမိုင်းပညာတတ်ကိုသော်လည်းကောင်း၊ ဗမာထဲက ရပ်မိရပ်ဖကိုသော်လည်းကောင်း
လုံးဝ မကိုကား မပြောဆိုဘဲ ဒေါက်တာ အေးချမ်းကိုပဲ ထိုးကျွေးချိန်မှာ)
ဒေါက်တာ အေးချမ်းက UN အတွင်းရေးမှုးချုပ် ဘန်ကီးမွန်းဆီ အိပ်ဖွင့်ပေးစာ
ဆိုပြီး ထပ်ဆင့် လိမ်လိုက်ပုံက- ရိုဟင်ဂျာ ဆိုတာ ရခိုင်လူမျိုးပါတဲ့။
သူပြောတဲ့ ရိုဟင်ဂျာ = ရခိုင်လူမျိုး ဆိုသည်ကို ကျွန်တော် မငြင်းပါ။
သို့သော် ရိုဟင်ဂျာ= မူလဘူတ ရခိုင်= မွတ်ဆလင် ဖြစ်သလား ဒီနေ့
ရခိုင်နာမည်ကို လုယူထားတဲ့ ဗုဒ္ဓဘာသာ ရခိုင်သား ဖြစ်သလား ဆိုတာကို လူထုရှေ့
မီဒီယာရှေ့မှာ Debate လုပ်လိုပါတယ်။
(ကျွန်တော်ကတော့ ရိုဟင်ဂျာ = ရခိုင် = မွတ်ဆလင်ဘာသာဝင်များ ဆိုတာဘက်က ရပ်တည်မှာပါ။)
ဒေါက်တာအေးချမ်းဆီသို့ ကျွန်တော့ရဲ့ စိန်ခေါ်မှုကို အသိပေးလိုက်ကြပါ။ (သူ့ကို ICC မပို့မှီ လူထု အနေနဲ့ အမှန်တရား ဘာလဲ သိစေလိုပါတယ်။)
0 comments:
Post a Comment