ပခုက္ကူမြို့နယ်မြစ်ခြေတွင်
ဒေသခံခြင်း ကြွေးမြီကိစ္စဖြင့်သာမန်စကားများရာမှ
သာမန်ရန်ပွဲဖြစ်ပွားခဲ့ခြင်းကို ဘာသာရေး၊ နိုင်ငံရေးအချောင်သမားများက
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်လုပ်ကြံသတင်းလွှင့်လျှက်ရှိသည်။ ဖြစ်စဉ်မှာ
မိုးဝင်းထံမှအကြွေးရယူထားသော အလုပ်သမားမိန်းကလေးတစ်ဦးသည်
တစ်လနေလျှင်ပြန်ဆပ်မည်ဟုကတိထားသော်လည်း လေးလကြာသည်အထိပြန်မဆပ်ပဲရှိရာမှ
မိုးဝင်းက ပြန်ဆပ်ရန် သတိပေးသောအခါ “ကျမက ၉၆၉၊ ဘုန်းကြီးတွေခေါ်လာပြီး
ရှင့်ဆိုင်ရော၊ ဗလီရော မြေခသွားချင်လား” ဟုအော်ဟစ်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ်မှာလွန်စွာချိန်ကိုက်ထားပြီးဖြစ်ကြောင်း
ဓာတ်ပုံထဲတွင်ဖော်ပြထားသော ScreenShot နှစ်ခုအရထင်ရှားလွန်းသည်။
ဦးရသနန္ဒဆိုသူသည် မြစ်ခြေမှမိုးဝင်းနှင့်
ရန်စရှိခဲ့ပြီးမကြာသေးခင်လပိုင်းကမှ
သာသနာ့ဘောင်သို့ကူးပြောင်းခဲ့သူတစ်ယောက်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မာန်ထန်မျိုးဆိုသည်မှာအများသိပြီးသည့်အတိုင်းနာမည်ပျက်ရှိသူ၊
တိုင်းပြည်မီးရှို့ သူနှင့် ဒေါ်အောင်ဆန်းစုကြည်အား
ဓားဖြင့်ထိုးမည်ဟုခြိမ်းခြောက်သူတစ်ဦးလည်းဖြစ်သည်။ ထိုသူနှစ်ဦး
တက်ညီလက်ညီဖွနေသည်ကိုကြည့်ခြင်းအားဖြင့် နောက်ကွယ်တွင်
မည်ကဲ့သို့သောအဖွဲ့အစည်းများ၊ အင်အားစုများရှိမည်ကို
အများပြည်သူပရိသတ်အပေါင်း စဉ်းစားကြည့်နိုင်ရန်တင်ပြအပ်ပါသည်။
0 comments:
Post a Comment