Home

Wednesday, October 1, 2014

“ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်း ဖျက်သီမ်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန် အသင်းတော်များ တောင်းဆို”


ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်း ဖျက်သီမ်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန် အသင်းတော်များ တောင်းဆိုလိုက်ပါသည်။ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်းသည် လူတစ်ဦးချင်းစီ၏အခွင့်အရေးကိုချိုးဖောက်ခြင်းဖြစ်သောကြောင့် ဖျက်သီမ်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန် အသင်းတော်များက တောင်းဆိုခြင်းဖြစ်ကြောင်း “ဘာသာမတူသူ နှစ်ဦးရဲ.ချစ်ရေးကြိုက်ရေးကိစ္စကို တားမြစ်လို့မရဘူး။
ဒါ့အပြင် ဘယ်ဘာသာကိုးကွယ်မယ် မကိုးကွယ်ဘူးဆိုတာ ကာယကံရှင်နှစ်ဦးကပဲ ဆုံးဖြတ်ရမှာ၊ဘာသာရေးဆိုတာ ကိုးကွယ်ယုံကြည်မှုလေ။တစ်ဦးတစ်ယောက်က စေခိုင်းလို့ပဲဖြစ်ဖြစ်၊မစေခိုင်းလို့ပဲဖြစ်ဖြစ် စိတ်ထဲရှိတာကို ပြောင်းလဲလို့မှမရတာ။ဒါ့ကြောင့် ဘာဥပဒေပြဋ္ဌာန်းချက်မှ မလိုအပ်ပါဘူး” မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ပါမောက္ခ ဒေါက်တာစောလှိုင်ဘွားက ပြောသည်။မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန် အသင်းတော်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ.၊မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ၊မြန်မာနိုင်ငံသတ္တမဥပုသ်အသင်း၊ဧဝံဂေလိအသင်းတော်များအဖွဲ.ချုပ်တို့ပါဝင်ပြီး အသင်းခွဲပေါင်းများစွာပါဝင်သည်။ဒါ့အပြင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်းသည်ဖွဲ.စည်းပုံအခြေခံဥပဒေပါနိုင်ငံတော်အခြေခံမူများ ပုဒ်မ(၃၄) နှင့် နိုင်ငံသားမူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ(၃၄၆) ပါအချက်များကိုပါ ချိုးဖောက်နေသည်ဟု အရပ်ဖက်အဖွဲ.အစည်းပေါင်း ၁၆၆ ဖွဲ.က အဆိုပါဥပဒေကြမ်းရေးဆွဲရေးကော်မတီထံပေးပို့သောအကြံပြုစာတွင်ဖော်ပြထားပြီး ထိုအကြံပြုစာကို သမ္မတရုံး၊ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊တရားဥပဒေစိုးမိုးရေးနှင့်တည်ငြီမ်အေးချမ်းရေးကော်မတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပေးပို့ထားပါသည်။ အဆိုပါအကြံပေးစာတွင် “ဘာသာရေးလွတ်လပ်ခွင့်ကိုဥပဒေဖြင့်ကန့်သတ်ခြင်းထက် အမုန်းတရားဟောပြောနေမှုများကိုတားမြစ်ပိတ်ပင်သည့်ဥပဒေပြဋ္ဌာန်းချက်များထားရှိရန်သာ အရေးတကြီးထားရှိရန်လိုအပ်ကြောင်း”ရေးသားထားပါသည်။မ.ဘ.သ မှတ်တမ်းများအရ တစ်နိုင်ငံလုံးတွင်ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ကူးပြောင်းသွားသည့်အမျိုးသမီးဦးရေ ၄၀ ခန့်ရှိသည်ဟု မ.ဘ.သ မှဥပဒေအကြံပေးဦးအေးပိုင်က သတင်းထောက်များကိုပြောသည်။
သတင်း-၂၄.၆.၂၀၁၄ ဆဲဗင်းဒေးနေ့စဉ်သတင်းစာ၊၂၃.၆.၂၀၁၄ မဇ္ဈိမ နေ့စဉ်သတင်းစာ
ဘဒ္ဒန္တ ကောသလ္လ ၏ “သမိုင်းနှင့်သမိုင်းကိုဖန်တီးသူများ” စာအုပ်မှ ၂၀၁၂ မြန်မာနိုင်ငံဘာသာပေါင်းစုံကိန်းဂဏန်းခန့်မှန်းစာရင်းဇယား
ဗုဒ္ဓဘာသာ- ၅၃၄၂၅၈၀၃ ဘုရားကျောင်း-၆၃၃၄၉-ရဟန်း-၅၉၄၈၅၄၊ ရာနှုန်း-၈၉.၃၇ %

ခရစ်ယာန်-၂၉၈၁၂၉၁၊ဘုရားကျောင်း-၅၉၈၆၊ရာနှုန်း-၄.၉၉ %
အစ္စလာမ် ၂၂၇၆၈၈၀၊ဘုရားကျောင်း-၂၈၈၃ ကျောင်း၊ရာနှုန်း-၃.၈၁
ဟိန္ဒူ ၃၀၅၇၆၅၊ ဘုရားကျောင်း-၆၂၅၊ရာနှုန်း-၀.၅၁%
နတ်နှင့်အခြား ၇၈၈၇၈၀ ၊ရာနှုန်း-၁.၃၂

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ