Home

Friday, October 3, 2014

"ကျွန်ဘဝနဲ့ဇာတ်သီမ်းရတော့မဲ့ရခိုင်ပြည်"

 မနေ့ညက စစ်တွေမြို.မှာရာနဲ့ချီတဲ့ရခိုင်တွေဟာ "မာတေဇာ" ဆိုတဲ့အင်ဂျီအိုရုံးကိုဝိုင်းပြီး သာသနာ့အလံကို မဖွယ်မရာ လုပ်တယ်လို(့စွတ်စွဲခံရတဲ့ )အမေရိကန်နိုင်ငံသူတစ်ယောက်ကိုထုတ်ပေးဖို့တောင်းဆိုရာက ရဲကနေ သေနတ်ပစ်ဖောက်ပြီး လူစုခွဲလိုက်ရတယ်လို့ သတင်းတွေမှာဖတ်လိုက်ရတယ်
ဒီလို စွတ်စွဲခံရတဲ့အမျိုးသမီးတစ်ဦးကို အခုလို လူအုပ်နဲ့ဝိုင်းပြီး ထုတ်ပေးဖို့တောင်းဆိုလို့ ရဲတပ်ဖွဲ.က ထုတ်ပေးလိုက်ရင် အဲဒီအမျိုးသမီးရဲ.ကံကြမ္မာဘယ်လိုဖြစ်သွားနိုင်မလဲ? ဒီလို အမျိုးသမီးတစ်ယောက်ကို လူတွေရာချီပြီးတော့ ဝိုင်းတဲ့လုပ်ရပ်ကရော ဘယ်လိုအတွေးအခေါ် ဘယ်လို အဆင့်အတန်းလည်းဆိုတာလည်း စဉ်းစားစရာပါ။ဒါဟာ ရခိုင်ပြည်မှာ(ရခိုင်လူမျိုးတွေမှာ) မင်းမဲ့စရိုက်ထွန်းကားနေတဲ့ အကောင်းဆုံးသက်သေပါပဲ။တကယ်လို့အဲဒီအမေရိကန်နိုင်ငံသူအမျိုးသမီးသာ အသက်သေဆုံးတဲ့အထိဖြစ်သွားခဲ့ရင် အမေရိကန်နိုင်ငံက ဘယ်လိုတုန့်ပြန်လာနိုင်မလဲ..နှစ်နိုင်ငံဆက်ဆံရေးကရော ဘယ်လိုအခြေကိုစိုက်သွားမလဲဆိုတဲ့ မေးခွန်းတွေထွက်လာပါတယ်။ကျနော်မနေ့ကရေးခဲ့သလိုပဲ ရခိုင်တွေဟာ ဗမာအစိုးရကို နိုင်ငံရေးအရ အကြပ်အတည်းတွေနဲ့ရင်ဆိုင်ရပြီး နိုင်ငံတကာအစိုးရတွေ၊အင်ဂျီအိုတွေနဲ့ ဆက်ဆံရေးပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အကွက်ချလှုပ်ရှားနေတာဆိုတာ ပြေးကြည့်စရာမလိုလောက်အောင်သေချာနေပါတယ်။ဒီလိုကိစ္စတွေဟာ ရခိုင်အစွန်းရောက် အေးမောင်တို့ရဲ. မဟာဗျုဟာမြောက် အစီအစဉ်တွေထဲက တစ်ခုသာဖြစ်ပါတယ်။အခုလို တရားဥပဒေအရဖြေရှင်းရမဲ့ကိစ္စတစ်ခုကို လူအုပ်နဲ့ဝိုင်းပြီး အကြမ်းဖက်တဲ့လုပ်ရပ်ကိုကြည့်ရင် ဒီရခိုင်ပြည်ဟာ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာတွေနဲ့ထိုက်တန်တဲ့သူတွေမဟုတ်ဘူးဆိုတာ သေချာပါတယ်။ဒီရခိုင်တွေဟာ ဗမာသိန်းစီန်အစိုးရရဲ.နိုင်ငံရေးလှည့်ကွက်ထဲ ချာချာလည်လမ်းပျောက်နေတဲ့သူတွေ၊အစိုးရရဲ. လိုသလို ကစားခံထားရတဲ့ နယ်ရုပ်လေးတွေသာဖြစ်ပါတယ်။တစ်ခြားတိုင်းရင်းသားတွေ (ရခိုင်တွေလောက်တောင်လူဦးရေမများတဲ့ တိုင်းရင်းသားတွေတောင်) သူတို့အားကိုးရတဲ့ လက်နက်ကိုင်တပ်ဖွဲ.တွေရှိပေမဲ့ ရခိုင်ပြည်မှာတော့ ရခိုင်တွေအားထားရတဲ့ လက်နက်ကိုင်ဆိုတာမရှိပဲ ရှိတဲ့ရခိုင်လက်နက်ကိုင်တွေတောင်မှ တစ်ခြားတိုင်းရင်းသားနယ်မြေတွေမှာခိုကပ်ပြီး ပေးတာယူကျွေးတာစားရတဲ့ ဘဝနဲ့ အသက်ဆက်နေရတာကို ကြည့်ရင် သူတို့ရဲ.တကယ့်အခြေအနေကိုခန့်မှန်းနိုင်ပါတယ်။အခုဆိုရင် ဗမာသိန်းစိန်အစိုးရတောင် ဒီရခိုင်တွေရဲ. တိုင်းပြည်မငြီမ်မသက်ဖြစ်အောင်လုပ်ဆောင်မှုတွေကြောင့် နိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင်နေရပါပြီ..လက်ရှိအစိုးရရဲ.ဖိအားတွေကိုဖြေရှင်းနည်းကတော့ လက်ရှိတိုင်းပြည်ကိုမငြီမ်မသက်ဖြစ်အောင်လုပ်နေတဲ့ရခိုင်အစွန်းရောက်တွေကိုထောင်ထဲဆွဲသွင်း မယ် ပြီးရင် သူတို့အတွက် ပြန်ပြီးအလုပ်လုပ်ပေးမဲ့ (တနည်း) ရခိုင်သူလျှိုတွေကို ပြန်လွတ်ပေးပြီး ရခိုင်ပြည်ကို တသက်လုံးဂုတ်ခွစီးပြီး အဲဒီရခိုင်ပြည်က သံယံဇာတတွေနဲ့ အဖိုးတန်အရင်းအမြစ်တွေကို သူတို့ကိုယ်ကျိုးအတွက် စိတ်တိုင်းကျ ထုတ်ယူသုံးစွဲနေအုံးမှာဖြစ်ပါတယ်။တစ်ခြားတိုင်းရင်းသားတွေမှာ သူတို့ရဲ.ကိုယ်ပိုင်အစွမ်းအစနဲ့ သူတို့ရဲ.ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ကို ရသွားခဲ့ရင်တောင်၊ လက်ရှိရခိုင်တွေ လုပ်ကိုင်နေပုံတွေနဲ့ဆိုရင် ရခိုင်တွေအနေနဲ့ ဗမာ့စစ်ကျွန်ဘဝကနေ တသက်လုံး လွတ်မြောက်ဖို့လမ်းမမြင်ပါဘူး….အဲဒါကလည်း ရခိုင်တွေကိုယ်တိုင်ရွေးချယ်ထားတဲ့ သူတို့ရဲ.အနာဂတ်ပါပဲ..........

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ