မကြာသေးမီ နှစ်များမှာ ဦးသိန်းစိန်အစိုးရကို အမည်းစက်ထင် နာမည်ပျက်စေ တဲ့
ရခိုင်ပြည်နယ် က မော်လဝီဆရာ ဆယ်ယောက် လောက်ပါတဲ့ ကားတစ်စီးကို
တိုက်ခိုက်သတ် ဖြတ်တဲ့ကိစ္စမှာ တိုက်ခိုက်သူများဟာ ဒေသခံတွေ မဟုတ် ပါဘူးတဲ့။
ပြီးတော့ ဒီလို ဘာသာ ရေးဆရာတွေ ပါလာမယ် ဆိုတာ ဒေသခံက
ဘယ်လိုကြိုသိနိုင်မှာလဲ၊ ဒါဟာတမင် အကွက်ချပြီး ဘာသာရေးပဋိပက္ခကို ဖန်တီး
တာပဲ ဆိုတဲ့ ကောက်ချက်နဲ့အတူ အဲဒီရက်ပိုင်း မတိုင်မီ သူ့ဇာတိကို လာပြီး
လူမိုက်တွေလာစုတယ် စသည်ဖြင့် အွန်လိုင်းမှာ အခိုင်အမာ စွပ်စွဲကြ တာတွေလည်း
ရှိပါတယ်။
ခက်တာက နောက်ပိုင်း ဒီ
ပဋိပက္ခတွေ တခြားမြို့နယ်တွေ ကို ပျံ့နှံ့သွားတဲ့အခါ ဒေသရဲတပ်ဖွဲ့များက
အချိန်မီ အရေးမယူကြ တဲ့အပြင် ဘယ်မြို့မှာမဆို ပလီတွေမီးရှို့၊ အစ္စလာမ်တွေရဲ့
ဆိုင်တွေ အိမ်တွေကို ဖျက်ဆီး လုပ်သူ အများစုက ဘယ်ကရောက်လာ မှန်းမသိ တဲ့
လူအုပ်တွေဖြစ်ပြီး တစ်ယောက် မှမမိဘဲ ပျောက်ပျောက် သွား တတ်တာ ပါပဲ။ အဲဒီမှာ
“ဟိုလူကြီးလက်ချက်ဆိုတာ သေချာ နေတာပဲ” စသဖြင့် အွန်လိုင်း စွပ်စွဲ ချက်တွေ
တက်လာတတ်တာပါပဲ။
0 comments:
Post a Comment