Home

Monday, October 20, 2014

ပေါ့သွားမှာ စိုးလို့-

မြန်မာအာဏာပိုင်တွေနဲ့ အတိုက်အခံ ခေါင်းဆောင်ကို သမ္မတ အိုဘားမား နဲ့ ဘန်ကီမွန်းက - ရိုဟင်ဂျာ အရေးကိစ္စ နဲ့ ဘာတွေပြောမယ်၊ ဘယ်လောက် ဖိအားပေးမယ်-၊ တိုင်းရင်းသား အရေး ကိစ္စကို ဘယ်လိုပြောမယ်- ဆိုတာ သိနေပေမယ့်- ကြားနာချင်သူများ ပေါ့သွားမှာ စိုးလို့ ကြိုမပြောတော့ပါ။
ဆုတောင်းမိတာ တစ်ခုပါပဲ။ ဦးသိန်းစိန် အစိုးရက ဖြစ်စေ အတိုက်အခံများမှ ဖြစ်စေ- ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို ဖေါ်မပြောပါနဲ့လို့ တောင်းပန်မှုပြုခြင်း- သို့မဟုတ် ကန့်ကွက်ခြင်း တစ်ခုခု ပြုပါစေလို့-၊ (ကန့်ကွက်မှု တစ်ခုခု ပြုလေ ကောင်းလေပါပဲ။)
မျက်ကန်းများဘက်မှ အလျှော့ပေးပေး၊ တင်းခံခံ- သေချာတာက ဒါဟာ ကမ္ဘာ့ခေါင်းဆောင်နှစ်ဦးရဲ့ နောက်ဆုံး သတိပေးချက် သို့မဟုတ် မြန်မာအစိုးရ အတွက် ရာဇသံပဲ ဆိုတာပါ။ (ကမ္ဘာပေါ်မှာ ရှိတဲ့ (လူသား မျိုးစိတ်ကို မဆိုထားနဲ့) သက်ရှိ၊ သက်မဲ့ မျိုးစိတ်တစ်ခုကိုတောင် ကျုပ်တို့ အပျောက်ခံမှာ မဟုတ်ဘူးလို့ US, UN နဲ့ EU က (မြန်မာပြည်နဲ့ ပတ်သက်ပြီး) ထုတ်ပြောလိုက်တာ ပူပူနွေးနွေးလေးပဲ ရှိသေးတယ်။)

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ