ဓာတ်ပုံများကိုကြည့်ပြီး အာဏာရှင်၏..
သံဃာသင်းခွဲမှုများကို သုံးသပ်ပါမည်..၊
(၁)
ရွှေဝါရောင်အရေးအခင်းတွင် ကမ္ဘာ့မီဒီယာကြီးများသည်
မြန်မာနိုင်ငံ၏ သံဃာထုအင်အားကို ချီးမွမ်းခဲ့ကြပြီး..
ဘုရားသားတော်တို့၏ သိန်းနှင့်ချီသောအင်အားစုဖြင့်
ငြိမ်းချမ်းစွာ မေတ္တသုတ်ရွတ်ဆိုဆန္ဒပြမှုကို
ကမ္ဘာ့နိုင်ငံများက လေးစားအားကျခဲ့ကြသည်..၊
ရင်သပ်ရှုမောဖြစ်ခဲ့ကြသည်..၊
ရွှေဝါရောင်တန်းကြီးသည် မြန်မာပြည်မြို့ကြီးများ၏
လမ်းမများပေါ်တွင်ရွေ့လျားနေသည်ကို ..
နိုင်ငံတကာရုပ်သံများတွင် လှပစွာရိုက်ကူးပြသခဲ့ကြသည်..၊
၂၀၀၇ ခုနှစ်အတွင်းထုတ်ဝေသော TIME မဂ္ဂဇင်းမျက်နှာဖုံးကို
တွေ့ရမည်ဖြစ်ပါသည်..၊
ထို့နောက် စစ်အာဏာရှင်က အကြမ်းဖက်နှိမ်နင်းခဲ့ပြီး
ဘုန်းကြီးကျောင်းများအား စီးနင်းခဲ့သည်..၊
သံဃာများအားဖမ်းဆီးထောင်ချခဲ့ပြီး...
တိပိဋက ဆရာတော်များအပါအ၀င်...ဆရာတော်များအား
လူဝတ်လဲ နှိပ်စက်ခဲ့သည်...
အကျဉ်းတိုက်ထဲတွင် မင်း..ငါ..ဟုသုံးနှုန်းက မိုက်ရိုင်းသော
စကားများအသုံးအနှုန်းများဖြင့်သုံးနှုန်း ရိုက်နှက်ခဲ့သည်..
သံဃာတော်အချို့မှာလူမသိသူမသိပျံလွန်တော်မူရရှာသည်..၊
သံဃာတော်အချို့မှာ ထောင်ထဲမှရောဂါဘယခံစားရသဖြင့်
ရောဂါကျွမ်းလာမှ ထောင်မှလွှတ်ပေးကြသည်..၊
ထောင်ပြင်ရောက်မှပျံလွန်တော်မှုသောသံဃာများလဲရှိသည်..၊
--------------------
(၂)
အာဏာရှင်များဘက်မှကြည့်မည်ဆိုပါက..
ငြိမ်းချမ်းစွာဆန္ဒပြသော ဘုန်းဘုန်းများကိုနှိမ်နင်းခြင်းသည်..
၎င်းတို့၏ စိတ်ဓာတ်ရိုင်းစိုင်းမှုကို
ကမ္ဘာသို့ပြရာရောက်ခဲ့ပြီးဖြစ်သဖြင့်...
ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို
သူတို့ယခင်ကနှိမ်နင်းခဲ့ခြင်းသည်..သူတို့အမှားမဟုတ်ကြောင်းနှင့်
ဘုန်းကြီးများကိုယ်တိုင်က..ဆိုခြင်းဖြစ်ကြောင်းကို..
ကမ္ဘာကိုပြန်လည်ဖြေရှင်းပြရာရောက်သောနည်းလမ်းတစ်ခုကို
ကြံစည်လုပ်ကိုင်ခဲ့နေခဲ့ကြသည်..
ထိုအကြံသည်...၊
အင်အားတောင့်တင်းသော သံဃာထုကို.ပြိုကွဲစေရန်နှင့်..
ဘုရားသားတော်တို့ ၏ ငြိမ်းချမ်းမှုကို...
ရိုင်းစိုင်းသည်ဟု..ကမ္ဘာမှမြင်လာစေရန်
အကြံရှိမည်မှာ....မလွဲပေ။
ထိုအကြံစဉ်အတိုင်း...
သံဃာထုကိုလူမိုက်ဇာတ်သွင်းသော..
ဇာတ်လမ်းကို အကောင်အထည်ဖေါ်ခဲ့ရာ..
ယခုအချိန်တွင်....အတော်ခရီးရောက်နေပေသည်..
----------------------
(၃)
ရွှေဝါရောင်အရေးအခင်းဖြစ်ပြီးနောက်..
အေးချမ်းသော ဘုရားသားတော်တို့အားအကြမ်းဖက်နှိမ်နင်းခဲ့ပြီး.
ထင်ရှားသော..ဆရာတော်တို့အား..စောင့်ကြည့်ခဲ့ကြသည်မှာလည်း..
မငြင်းနိုင်းသောအချက်ပင်ဖြစ်ပါသည်..၊
(၄)
ပိုဆိုးသည်က..အာဏာရှင်များအနေဖြင့်...
ရွှေဝါရောင် သင်ခန်းစာအရ
သံဃာတော်များကို သပ်လှိုသွေးခွဲရန်
နည်းမျိုးစုံဖြင့်ကြံစည်နေခဲ့ပြီး.သံဃာများအတွင်း
သူလျိုများထည့်သွင်းကာ..
စိမ့်ဝင်ဖျက်ဆီးခြင်းများအား
ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်၊
(၅)
ဒီပဲယင်းကိစ္စကြိုးကိုင်သူဟု လူသိများသော..ဦးအောင်သောင်းသည်...
ထင်ရှားသောဆရာတော်များရှိနေရက်နှင့်
ရှင်ဝီရသူထံသို့ လာရောက်ခြင်းသည်.
ထူခြားချက်ပင်ဖြစ်ပါသည်.၊
ထိုအချိန်ကား...
ဘာသာရေး..အရေးအခင်းများမဖြစ်မီ
အချိန်ပင်ဖြစ်သည်.၊
(၆)
ထို့နောက် ယခင်စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း..
ဗိုလ်ခင်ညွန့်သည်လည်း..၂၀၁၂ အောက်တိုဘာလအတွင်းက
ရှင်ဝီရသူထံလာရောက်ခဲ့ပါသည်..၊ ဦးခင်ညွန့်မှ ၄င်းသည်
ပါတီနိုင်ငံရေးမလုပ်တော့ပဲ အမျိုးသားရေးသာလုပ်မည်ဟု
ရှင်ဝီရသူအားပြောကြားခဲ့ပါသည်။
ထိုအချိန်သည်ကား..
မိတ္တီလာအရေးအခင်းဖြစ်ရန် ၅ လခန့်လိုသော
အချိန်တွင်ဖြစ်ပါသည်...
ထို့နောက်..ရှင်ဝီရသူသည်..
ဘာသာရေးအစွန်းရောက်တရားများ.အား ပြင်းထန်စွာ
ဟောကြားပါတော့သည်။
ထို့နောက်ဘာမဆိုညာမဆိုင်..
အတိုက်အခံများကိုပါ ဝေဘန်ပါတော့သည်..၊
(၇)
ထူးခြားသည်ကား..လက်ပတောင်း ပြဿနာစတင်ဖြစ်ပွားချိန်တွင်
အစိုးရ၏ နှိမ်နင်းမှုကြောင့်..ဆန္ဒပြကိုယ်တော်များ...မီးလောင်ဗုံးဒဏ်
ခံရချိန်တွင်...၊ ရှင်ဝီရသူသည်..သံဃာတော်များအနေဖြင့်..အစိုးရ၏
တောင်းပန်မှုကို ကြေအေးကြရန်..အစိုးရဘက်မှလိုက်ကာ..
၁၈ -၁၂-၂၀၁၂ တွင်...၀ီရသူသဘောထား ၁၂/ ၇၄ ကိုကြေငြာခဲ့သည်..
ထိုကြေငြာချက်တွင် သံဃာများကို ထိုးကြွေးသူများနှင့်
နိုင်ငံရေးပရောဂပါသူများကို မကျေနပ်ကြောင်းရေးသားထားပြီး
တိုင်းပြည်ကိုချောက်ထဲဆွဲချနေသည့်ပုံစံရေးသားထားသည်။
ထိုကြေငြာချက်ကို.. စစ်တပ်ကြောထောက်နောက်ခံရှိသော
Opposite Eye အပါအ၀င် စစ်လော်ဘီများမှ..online တွင်
ဖြန့်ဝေခဲ့ကြသည်..၊
Opposite Eye သည် လက်ပတောင်းဆန္ဒပြသံဃာများကို
နည်းမျိုးစုံဖြင့် လှောင်ပြောင်စော်ကားရေးသားခဲ့သူဖြစ်ပါသည်။
(၈)
ထို့နောက်တွင်..အရေးအခင်းများဖြစ်ပွားပြီး..
NLD နှင့် ဒေါ်စုကို ကုလားနှင့်နှိုင်းကာ ဝေဘန်ပုတ်ခတ်မှုများ..
လွန်လွန်ကြူးဖြစ်ပွားကာ...ဘာမှမဟုတ်သည့်ကိစ္စကိုမီးမောင်းထိုး
ခဲ့ကြသည်။ အာဏာရှင် လက်ဝေခံများအတွက်..
ဘာသာရေးအစွန်းရောက်ခြင်းသည်...ကောက်ရိုးတမျှင်
တစ်ဖွယ်ဖြစ်ခဲ့ရသည်..၊ ထိုဘာသာရေးအကြောင်းပြနိုင်ငံရေး
တိုက်ကွက်သာမရှိပါက...အာဏာရှင်တို့အတွက်..
ကယ် ယူသူမရှိမည်မှာ သေချာပါသည်။
၉၆၉ စသော ဂဏန်းများခေတ်စားခဲ့ပြီး..
တည်ငြိမ်အေးချမ်းမှု အမြူတေဖြစ်သော ဗုဒ္ဓဘာသာ၏
ထေရ၀ါဒလမ်းစဉ်ကို သွေဖယ်လာခဲ့ကြသည်.။
ပြည်သူနှင့် သံဃာများအတွင်း. အစွန်းရောက်မှုကို
လက်ခံသူနှင့် လက်မခံသူများ သဘောထား
ကွဲလွဲလာပါသည်..
(၉)
ထို့နောက် ၂၀၁၃ ဂျုလိုင်လ တွင်ထုတ်ဝေသော..
TIME မဂ္ဂဇင်းတွင် ဆိုးရွားသော မျက်နှာဖုံးတစ်ခုပါလာခဲ့ပါသည်..၊
ဖျောက်ဖျက်မရသော အမည်းစက်တစ်ခုဖြစ်ပါသည်..
အစိုးရမှကန့်ကွက်သော်လည်း..မထိရောက်ခဲ့ပေ.
သေချာသည်ကတော့...
အာဏာရှင်များသည်...
၎င်းတို့၏ အဓိကပြစ်မှတ်ဖြစ်သော..
ပြည်သူနှင့် သံဃာထု များကို...
တစ်စစီ ပြိုကွဲစေရန်နှင့်...
ကမ္ဘာက တည်ငြိမ်အေးချမ်းခဲ့သော..
ဗုဒ္ဓဘာသာကို...ကြမ်းတမ်းသောဘာသာ
အဖြစ် ပုံဖေါ်နေသလို..၊
၂၀၀၇ ခုနှစ်ရွှေဝါရောင်ကာလများတွင် တည်ငြိမ်အေးချမ်းမှုကို
ပြသနိုင်ခဲ့သော..ဘုရားသားတော်များကိုလည်း..
အကြမ်းဖက်သမား ပုံစံပေါက်သွားစေရန်..
ခွင်ဆင်နေကြောင်း..တွေ့မြင်နေရခြင်းပင်တည်း
---------------------
(၁၀)
ပထမဆုံး ပုံ(၁) နှင့် နောက်ဆုံးပုံ(၉)တို့ကိုနှိုင်းယှဉ်ပါက
မြန်မာ့သံဃာထုအပေါ်ကမ္ဘာကမြင်သောအမြင်သည်
ပြောင်းလည်းသွားကြောင်းတွေ့ရပေသည်..
ထိုသို့ပြောင်းလဲမှုအရ..
မြန်မာပြည်သူပြည်သားများကိုးကွယ်ဆည်းကပ်နေသော
ထေရ၀ါဒသာသနာသည်လဲ အရောင်ပြောင်းသွားနိုင်သည်ကို
ထိတ်လန့်တုန်လှုပ်စဖွယ်တွေ့မြင်လာရပေသည်..၊
--------------------------
(၁၁)
ဘာသာရေး မှိုင်းတိုက်ကာ…
.နိုင်ငံရေးအမြတ်ထုတ်မည့် Plan သည်..
အဆင့်များစွာခွဲထားပုံရပါသည်..။
ပထမအဆင့်မှာ.
.ပြည်သူလူထု နှင့် ဒေါ်စု (NLD) အပါအ၀င်
အတိုက်အခံများ.အား..ခွဲထုတ်ခြင်း ဖြစ်သည်.၊
ရန်တိုက်ခြင်းလည်းပါသည်.။
ဒုတိယအဆင့်မှာ…သံဃာထု နှင့်..ဒေါ်စု(NLD) အပါအ၀င်
အတိုက်အခံများအား ခွဲထုတ်ခြင်းဖြစ်သည်..၊
ရန်တိုက်ခြင်းလည်းပါသည်.။
တတိယအဆင့်မှာ..
ရခိုင်စသော လူမျိုးရေးစိတ်ဓာတ်ပြင်းထန်သည့်..
တိုင်းရင်းသားအုပ်စုတစ်ခု နှင့်
ဒေါ်စု(NLD)အပါအ၀င်
အတိုက်အခံများကို ရန်တိုက်ခြင်းပင်ဖြစ်သည်၊
၁၉၈၈ နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းအရ.
ပြည်သူ + သံဃာထု + တိုင်းရင်းသား + အတိုက်အခံ
စုစည်းသော အင်အားစုကို..
ဦးသန်းရွှေသည်…သူ အာဏာစွန့်ချိန်အထိ..
မခြေဖျက်နိုင်ခဲ့ပေ..
ထိုအင်အားစုကြီး ခိုင်မာမှုကြောင့် နှင့်..
နိုင်ငံတကာဖိအားများကြောင့်သာ..
အာဏာရှင်များ အာဏာစွန့်ရခြင်းလည်းဖြစ်သည်..၊
ထို့ကြောင့် သွားလေသူများသည်..
ထိုအင်အားစုကြီးကိုဖြိုခွဲရန်..
နည်းလမ်းမျိုးစုံကို သွယ်ဝိုက်အသုံးပြုခဲ့သော်လည်း.
မအောင်မြင်သဖြင့်..
အရင်းအနှီးများများပေးဆပ်ရမည့်..
ဘာသာရေးနည်းလမ်းကို ..
မည်သူ့မျက်နှာမှမထောက်ပဲ..
ရွေးချယ်ခဲ့ပုံရပါသည်.။
ထိုနည်းလမ်းသည်..၊
အင်အားစုများကိုဖြိုခွဲရန်
တစ်ခုတည်းသောနည်းလမ်းဖြစ်သလို.
မြန်မာနိုင်ငံ၏ အနာဂတ်..
ရှုပ်ထွေးသွားနိုင်သည့်..ေ
ရွးချယ်မှုတစ်ခုလည်းဖြစ်ပါသည်…၊
အာဏာရှင် နို့သက်ခံစို့သူများ..
ကျေးဇူးခံကျေးဇူးစားများ..
ထောက်ခံသူများနှင့်..
ခေတ်ကောင်းကို စားမြုံ့ပြန်ချင်သူများသည်
ထို Plan တွင် ကျရာနေရာမှ တာဝန်ယူနေကြသည်ကို
တွေ့ရှိရပါသည်..၊
တော်တော်အကြံပက်စက်ခဲ့ကြပါပေသည်..၊
ထို့ကြောင့်…
၂၀၁၅ မတိုင်မီ..
ပညာကုန် သုံး ပါလိမ့်မည်.
ညစ်နိုင်သမျှ ညစ်ကြပါဦးမည်..၊
ကောက်ကျစ်နိုင်သမျှ ကျစ်ကြပါလိမ့်ဦးမည်..
အဲဒီအတွက်ကြောင့်
အထောက်အထားအကိုးအာကားနဲ့
တင်ပြလိုက်ပါသည်..၊

0 comments:
Post a Comment