သမိုင်းဆိုတာဘယ်တော့မှမပျောက်ပါ။
Burma ကို Myanmar ပြောင်းလိုက်လို့ Burma ဆိုတဲ့သမိုင်းဘယ်အခါမှမပျောက်ဘူး။
ဘယ်လောက်ဘဲ Burma ကို Myanmar လုပ်လုပ် Burma ခေါ်နေတဲ့သူတွေ အခုထိရှိနေသလို နောင်လည်းရှိနေမှာဘာဘဲ။
International community ကလည်း Burma ဘဲသိတာ။မူလလက်ဟောင်း Burma ဆိုတဲ့အခေါ်ဝေါ် ဘဲခေါ်နေကြတာဘဲ။
ဘယ်သူတွေကဘာစိတ်ကူးနဲ့ဘဲပြောင်းပြောင်းသူဟာသူရှိနေပြီးသားကိုတော့ပြောင်းဘို့မလွယ်ပါဘူး။စိတ်ကူးစိတ်သန်းအသစ်အစမ်းတွေလုပ်လည်းလူတွေဘယ်လောက်လက်ခံလည်းဆိုတာလည်းရှိပါတယ်။
လူတစ်စုက Myanmar Myanmar လုပ်နေလည်းအများစုကတော့ နဂိုမူလရှိရင်းစွဲ Burma Burma ဘာဘဲ။
ဒီလိုပါဘဲ Burma ကို Myanmar ပြောင်းသလို ရိုဟင်ဂျာ ကိုလည်း Modernize ဖြစ်အောင် ဘင်္ဂလီ ဆိုပြီးအတင်းမလုပ်ချင်ပါနဲ့။
ရိုဟင်ဂျာ ဆိုအခေါ်ဝေါ်ကသူဟာသူရှိပြီးသား
အတင်းငြင်းနေတော့သမိုင်းဆိုင်ရာဘာအထောက်ထားတွေရှိနေလည်းဆိုတာကိုတော့ထွေထွေထူးထူးမပြောလိုပါဘူး။
ရိုဟင်ဂျာ ဆိုတာမရှိပါဘူး။မသိပါဘူးဖင်ပိတ်ငြင်းနေရင်ငြင်းလို့ဘဲရမယ်။
ဖျောက်လို့ဖျက်လို့ကတော့ ဘယ်တော့မှ ရလေမယ်မထင်နဲ့။
ဘယ်လောက်ဘဲ ဘင်္ဂလီ ဇာတ်သွင်းဖို့ ကြိုးစားကြိုးစား နိုင်ငံတစ်ကာ တော့မူရင်းရှိပြီးသား ရိုဟင်ဂျာ ဘဲပြောဆိုခေါ်ဝေါ်နေမှာဘဲ။
ဒါကိုအတင်းလုပ်ယူဖို့ ကြိုးစားနေရင် စိတ်ကူးနေရင် ဘာမှထူးလာမှာမဟုတ်ဘူး။
အိမ္မက်မက်နေရာကနေနိုးထလိုက်ပါ။
0 comments:
Post a Comment