Home

Thursday, October 9, 2014

အများကိုသိစေချင်လို့ပါ

ကိုယ့်မွတ်စ်တွေ လုပ်နေပုံက အမြင်ကပ်ချင်စရာ အနားခေါ်ပြီး နဘမ်ကျင်းချင်စရာပဲ ဒေါ်စုကို ကုရ်အာန် ဘာသာပြန်ပေးတာကို ဖျက်ဖျက်လူး ပေါက်ကွဲနေတာက လေ့လာမှုအား နည်းလို့ မပြည့်တဲ့ အိုးတွေ ဘောင်ဘင်ခပ်တာလား သိပြီး တတ်ပြီးမှ စိတ်ဓာတ်တွေကအစွန်းရောက်နေလို့လား တစ်ခုခုပဲ....

ကျမ်းတော်မြတ်ကုရ်အာန်က အစ္စလာမ် ဘာသာဝင်တွေအတွက်ပဲ မဟုတ်ဘူး ကမ္ဘာ့ လူသားတစ်ရပ်လုံးအတွက် ဆိုတဲ့အချက်ကို ခင်ဗျားတို့ သိကြပါ ယနေ့လက်ရှိ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင်မဟုတ်ပါဘဲ နဲ့ ကျမ်းတော်မြတ်ကုရ်အာန် ကို ဖတ်ရှုလေ့လာနေသူတွေ လိုက်နာကျင့်သုံးနေတဲ့သူတွေ ဒုနဲ့ဒေးရှိတယ်....

လက်ရှိ ကမ္ဘာနေရာအနှံအပြားက ဒအ်ဝသ် အဖွဲ့တွေက ဘာသာခြားတွေကို အစ္စလာမ်အသိပညာဖြန့်ဝေတဲ့အခါမှာ ၊သံသယတွေကိုဖြေရှင်းတဲ့အခါမှာ ကုရ်အာန်ဘာသာပြန်တွေ ဝေငှတဲ့နည်းကို သုံးစွဲတယ်။
၉/၁၁ လုပ်ကြံမှုကြီးပြီးတော့ အမေရိကန် မှာ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အဆမတန်မြင့်တတ်လာတဲ့ ပြဿနာကို အမေရိကန်က ဒအ်ဝသ် အဖွဲ့တွေက မြောက်မြားစွာသော ကုရ်အာန်ဘာသာပြန်တွေကို အခမဲ့ ပြန်လည်ဝေငှပြီးဖြေရှင်းတယ် အရမ်းကို သိမ်မွေ့ပြီး ထိရောက်တဲ့ နည်းလမ်းပါပဲ....
ယခုလက်ရှိ မြန်မာနိုင်ငံအနေအထား
အရ ‪#‎၀ီရသူတို့‬၊နေမျိုးဝေ တို့လို ကုရ်အာန်က စာတစ်ကြောင်း စာတစ်ပိုဒ်ကို လိုသလိုအဓိပ္ပာယ်ဖွင့်ပြီး အစ္စလာမ်ကို အရောင်ဆိုးပြီး ဘာသာခြားတွေ နဲ့ ရန်တိုက်နေတဲ့အချိန်မှာ ဖြစ်နိုင်မယ်ဆို ကုရ်အာန် ဘာသာပြန်ကို ဒေါ်စုတင်မကဘူး ဘာသာခြားပြည်သူတွေ အားလုံးကို အခမဲ့ဖြန်ဝေသင့်တယ် ....
အဲဒါဆို နေမျိုးဝေတို့ ၀ီရသူတို့ရဲ့ စာကြောင်း စာတစ်ပိုဒ်ကို ပြပြီး ဘယ်လိုပဲ ဝါဒဖြန့် ဖြန့် မိမိတို့မှာ ရှိနေတဲ့ ကုရ်အာန်ဘာသာပြန်ကို လှန်ကြည့်ပြီး အဲဒီ့စာကြောင်းက ဘယ်လိုအခြေအနေမှာ ဘာအတွက်ကြောင့် မိန့်ခဲ့တာလဲ အဲဒီ့အနောက်မှာရော ဘာတွေ ထပ်မိန့်ထားသေးသလဲဆိုတာကို သိရှိသဘောပေါက်သွားကြမယ်....သံသယရဲ့ ရန်တွေကို ဖြေရှင်းပြီးသားဖြစ်သလို မှိုင်းတိုက် ဝါဒဖြန့် တဲ့ သူတွေရဲ့ ရန်ကိုလဲ တားဆီးပြီးသားဖြစ်သွားမယ်....
ဒီထက်ကောင်းတဲ့ ဒီထက် ပိုထိရောက်တဲ့ နည်းလမ်း ရှိသေးရင် ခင်ဗျားတို့ ကျွန်တော့ကို ပြောပြကြပါ.…

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ