Home

Friday, October 24, 2014

ပ ညာ ......

ပ ညာ ......
<><><><><><>
  ရန်ကုန်မြို့လယ်က ဗလီတစ်လုံးမှာ ဖြစ်သွားတဲ့ တကယ့်ဖြစ်စဉ်တစ်ခုပါ။
အစီအစဉ်မှာ တရားဟောသူက အိန္ဒိယနိုင်ငံက ဘွဲ့ရလာတဲ့ ဥက္ကံဇာတိ မွဖ်သီတစ်ပါးဖြစ်ပြီး
ရှေ့ဆောင်အေမာမ်အဖြစ် နဲ့ ခွသ်ဗာဟ်အစီအစဉ်ကို တာဝန်ယူသူက ရန်ကုန်မြို့က ဘွဲ့ရခဲ့တဲ့ သထုံဇာတိ မော်လဝီတစ်ပါးဖြစ်ပါတယ်။ သူတို့နှစ်ဦးက အသက်ရွယ်တူ သူငယ်ချင်းများလည်းဖြစ်ပါတယ်။ စွလာသ်အပြီး ဗလီဘေးက သူတို့အခန်းကို ပြန်ရောက်တော့၊ မွဖ်သီက သူဝတ်နေကျ ဂျွဗ္ဗာဟ်နဲ့ ပတ်ကရီ(ခေါင်းပေါင်း)ကို ချွတ်ပြီး၊ ရိုးရိုးသာမန်ရှပ်လက်ရှည်တစ်ထည် လဲဝတ်နေတာကို မော်လဝီကတွေ့တော့ .........
မော်လဝီးးး မင်းဘယ်သွားမလို့လဲ။
မွဖ်သီးးး ငါ ဥက္ကံကို ခဏပြန်မလို့။
မော်လဝီးးး မင်းကလည်း သတ္တိနည်းလိုက်တာ၊ ကိုယ့်မြို့ကိုယ်ပြန်တာ ဝတ်နေကျ ဂျွဗ္ဗာဟ်ကို ဝတ်သွားပေါ့ကွ၊ ငါဆိုရင် သထုံကိုပြန်ရင် ဂျွဗ္ဗာဟ်ဝတ်သွားတာပဲ။
မွဖ်သီးးး ငါပြန်ရမဲ့နေရာက ဥက္ကံကွ၊ သထုံမဟုတ်ဘူး။ ပြီးတော့ အခြေအနေ၊ အချိန်ကာလက မလိုလားအပ်တဲ့ တလွဲသတ္တိရှိပြရမဲ့ အနေအထားမဟုတ်ဘူး။
ကိုယ့်ရဲ့ အီမာန်ကို အကောင်းဆုံးထိန်းသိမ်းနည်းက ဆင်ခြင်တုံတရားရှိတဲ့
ဥာဏ်ပညာပဲလေကွာ။ .......... တဲ့။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ