ကျွန်တော်
မကြာခဏပြောမိပါတယ်။ တော်လှန်ရေး တစ်ရပ်မှာ မိမိဟာ ရန်သူချပေးတဲ့ အကွက်ထဲကို
မ၀င်မိစေဘဲ- ရန်သူထက် အမြဲတမ်း တစ်ကွက်သာနေဘို့ လိုပါတယ်-လို့။
(မမှတ်မိမှာ စိုးလို့ ခဏခဏ သတိဖေါ်ပေးတာပါ။)
ရိုဟင်ဂျာ အရေး၊
မြန်မာမွတ်ဆလင် အရေး၊ ဖိနှိပ်ခံ လူနည်းစုများအရေးမှာ အာဏာပိုင် မျက်ကန်း
မျိုးချစ်များထက် ကျွန်တော်တို့ အကွက်ပေါင်းများစွာ ကြိုပြင်ပြီးသားပါ။
သူတို့ကသာ ကျွန်တော်တို့ ဆင်ထားတဲ့ အကွက်တွေကို ညွှတ်ကွင်းလို
နင်းမိနေခြင်းသာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ အရေးမှာ သူတို့ဟာ သမိုင်းကို
ဗြောင်လိမ်ခဲ့တယ်။ သမိုင်း ရှင်းမယ် စိန်ခေါ်မှုပေါင်းများစွာ ကို
ရူးချင်ယောင်ဆောင်ပြီး အာဏာ-လက်နက်အားကိုးနဲ့ လူနည်းစုအပေါ် Genocide ကျူ
းလွန်ခဲ့တယ်။
ကျွန်တော်တို့ဘက်က သမိုင်းမှန်၊ အထောက်အထားမှန်များကို
ကမ္ဘာ့နိုင်ငံတိုင်းအား မူရင်းပေးပို့ ထားခဲ့တယ်။ တစ်ဘက်မှာ Genocide ကျူ
းလွန်သူ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်သူ၊ စစ်ရာဇ၀တ်ကျူ
းလွန်သူများကို ဖေါ်ထုတ်မယ့် အဖွဲ့အစည်းပေါင်းများစွာနဲ့ ကမ္ဘာ့ခုံရုံးကို
ချည်းကပ်ခဲ့ တယ်။ ထိုထိုသော လူကြီးလူကောင်းတွေက သူတို့ Agents တွေကို
စေလွှတ်ပြီး ကိုယ်တိုင်စုံ စမ်းစေခဲ့ပါတယ်။ သူတို့ စုံစမ်းလို့ သေချာပြီ
ဆိုမှ- ဒီအမှုကို UN, US နဲ့ EU တို့ကို သူတို့က သက်သေခံပြီး တင်ပြခဲ့တယ်။
အဲ့ဒီ ပညာရှင်တွေဟာ ဒီလို အမှုမျိုးကို UN ပေါ်ရောက်ရင် တရုတ်နဲ့ ရုရှားက
ဗီတို မသုံးနိုင်အောင် အမှုပုံစံချနည်းကိုလည်း စနစ်တကျ လေ့လာခဲ့ပါတယ်။
အကုန်သေချာပြီ ဆိုမှ UN အတွင်းရေးမှုးချုပ် ပါးစပ်က သက်သေခံတဲ့ အနေနဲ့
စကားလေး တစ်လုံး ကို ပြောခိုင်းပါတော့တယ်။ UN အတွင်းရေးမှုးချုပ်ကို
ထပ်ဆင့်ထောက်ခံဘို့ US သို့မဟုတ် EU က လုပ်ဆောင်ရပါတယ်။ အကယ်၍ US ဟာ
နောက်ထပ် ကိစ္စတစ်ခုကို ကိုင်တွယ်နေရရင် US အစား EU က ပြောရတဲ့ သဘောပါ။
ခုတော့- ဗမာ မျက်ကန်းမာဖီးယား အုပ်စုတွေ အတွက် လိုက်မမှီအောင် နောက်ကျသွားခဲ့ပါပြီ။
အခု အချိန်မှာ မောင်မောင်အုန်းလို လူတစ်ယောက် ထ အော်နေတာလောက်က၊
လူမိုက်အုပ်ချုပ်တဲ့ ရွာက လူမိုက်သူကြီး တစ်ယောက် လှံကိုင်ပြီး
ထိုးကွင်းထနေတဲ့ အဆင့်လောက်ပါ။
အခုမှ - သမိုင်းကို ရှင်းမယ်- ဘာညာ၊
နောက်ကျသွားခဲ့ပြီ။ သို့သော် ကျွန်တော်တို့ ကတော့ မြန်မာ ပြည်သူ အများ
သမိုင်းမှန်သိအောင် ရှင်းပေးမှာပါ။ UN သို့မဟုတ် ကမ္ဘာ့ သြဇာ ရှိတဲ့
အဖွဲ့အစည်းတစ်ခုခုက မောင်မောင်အုန်း အပါအ၀င်- မောင်မောင်အုန်း
စိတ်ကြိုက်ရွေးချယ် ခေါ်လာစေမယ့် ပညာရှင်ဆိုသူ သုံးဦးကို စပွန်စာပေးပြီး
ကမ္ဘာ့လူထုရှေ့မှာ ရှင်းသွားမှာပါ။ ကဲ မောင်မောင်အုန်းရေ- ခင်ဗျားဆီကို
ကမ္ဘာ့ အဖွဲ့အစည်းတစ်ခုက ဖိတ်စာရောက် လာလိမ့်မယ်- (၂ လ အတွင်းပေါ့။) ခင်ဗျား
ရှင်းချင်တဲ့ သမိုင်းကို ရှင်းဘို့ အချက်အလက်တွေ စုပြီး စောင့်နေလိုက်ပါ။
(လေယဉ်လက်မှတ်၊ တည်းခိုးခန်းခ အကုန်ပေးမှာပါ။) နေရာက အမေရိကန် ပြည်ထောင်စု-
ဝါရှင်တန် ဒီစီ မှာ ဖြစ်ဘို့များပါတယ်။ ဒါနဲ့ ဗီဇာ ကိစ္စလည်း မပူပါနဲ့၊
ဗီဇာလည်း ရစေရပါမယ်- (လျှို့ဝှက် သတ်မှတ်ပြီး ဖြစ်တဲ့ Blacklists ထဲမှာ
မပါရင်ပေါ့ဗျာ။)
0 comments:
Post a Comment