အစ္စလာမ်မစ်အစွန်းရောက်တွေက ယောက်ကျားဆန်တယ်။ ရက်စက်ယုတ်မာပြချင်ရင်
ကမ္ဘာကိုကြေငြာပြီးလုပ်ရဲတယ်။ဘာကြောင့်သတ်တယ်ဆိုတာ ပြတ်ပြတ်သားသား ပြော
ပြီးသတ်တယ်။ လုပ်ရဲတယ်။ ခံရဲတယ်။ သူတို့ထက်အင်အားကြီးတဲ့ သူတို့ထက်လက်နက်ဆန်းတဲ့ အမေရိကန်ကိုတောင် လက်တုံ့ပြန်ရဲတယ်။ လူသာမာန်တွေဝတ်တဲ့အဝတ်အစားပဲဝတ်တယ်။
အဝတ်အစားရဲ့အကာအကွယ်မယူဘူး။ ဗုဒ္ဓဘာသာအစွန်းရောက်တွေက မဖမ်းလို့အရေးမယူလို့ နောက်ခံအားရှိလို့ လုပ်ရဲတယ်။ဘာသာရေးအကာအကွယ်ယူတယ်။ ဘာပြ
ဿနာမှ ဝန်မခံရဲဘူး။ ဓားကိုင် ဓာတ်ဆီဗုံးကိုင် ဝါးရင်းတုတ်ကိုင်ပြီး ညအချိန်လူခြေ
တိတ်မှ ဒုစရိုက်မှုတွေလုပ်တယ်။ အမွန်မြတ်ဆုံး ဘာသာဝင်တွေတန်ဖိုးအထားဆုံး ဝတ်ရုံ
ကိုအကာအကွယ်ယူတယ်။အစွန်းရောက်မှန်သမျှဟာ အမှန်တရားနဲ့ဝေး
ရာလျှောက်နေရတာပါ။ အစွန်းမှန်သမျှက ပြုတ်ကျဖို့အလွယ်ဆုံးနေရာတွေပါ။ လူ့ဘဝမှာ
လူဖြစ်ဖို့မလွယ်ပါဘူး။ လူဖြစ်ပြီးတော့ ဗုဒ္ဓသားတော်ဖြစ်ဖို့ ပိုခက်ပါတယ်။ ခက်ခဲတဲ့နေရာအရ
ယူပြီးမှ မိန်းမတစ်ယောက်တည်းကို စစ်တပ်၏ကမနိုင်တာနဲ့ အမြင့်ကခုန်ဆင်းမကာကွယ်ကြ
ပါနဲ့။ မဲမဆွယ်ကြပါနဲ့။ နိမ့်သထက်နိမ့်ဖို့ အနိမ့်ဆင်းရတာအားမထုတ်ရပါဘူး။ အလွန်လွယ်ပါ
တယ်။မိမိကိုယ်မိမိပြန်သုံးသပ်ကြပါ။ ရှေ့ဆက်ပိုဆိုးတဲ့လုပ်ရပ်တွေ မြတ်သောအဝတ်ခြုံပြီးလုပ်ရပါ
တော့မယ်။ သံသရာကိုယုံရင် ဝဋ်ကိုယုံရင်ကံကိုယုံရင် ရပ်တန့်ကြပါ။ အမြင့်ကိုသာဆက်
တက်ပါ။ အနိမ့်ကိုဆက်မဆင်းလာပါနဲ့။ ဆင်းကိုဆင်းမှဖြစ်မယ်ဆိုလည်း ယောက်ကျားတစ်
ယောက်ရဲ့ ရဲရင့်မှု လုပ်ရဲရင်ပြည်သူ့အမုန်းခံရဲတဲ့သတ္တိနဲ့ လူဝတ်လဲပြီး စည်းရုံးပါ။ မဲဆွယ်
ပါ။ မိန်းမတစ်ယောက်နဲ့ စကားစည်းချင်းထိုးပါ။ ယောက်ကျားပီသပါ။
0 comments:
Post a Comment