Home

Saturday, October 18, 2014

ရိုဟင်ဂျာတွေ မြန်မာပြည်မှာ အနှိပ်စက်ခံ၊ ခံစားနေရတဲ့ဒုက္ခက ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးဖြစ်ပါတယ်

ရိုဟင်ဂျာထက် ပိုခံစားရတဲ့ ဒုက္ခသည်ဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူး။
ကမ္ဘာ့ဒုက္ခသည်စခန်းပေါင်းစုံကို ရောက်ဖူးတဲ့ အတွေ့အကြုံများပြားတဲ့ တာဝန်ရှိသူတွေကတောင် ကမ္ဘာပေါ်မှာ ဒီလောက်ဒုက္ခရောက်နေ၊ ခံစားနေရတဲ့ ဒုက္ခသည်စခန်းမျိုး သူတို့တစ်သက်မှာ လုံးဝ မတွေ့ဖူးဘူးလို့ ဆိုကြပါတယ်။

ဒီနေ့ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခတွေရဲ့ တစ်ဝက်ကိုတောင် မြန်မာပြည်က ဘယ်တိုင်းရင်းသားမှ မခံစားဖူးပါဘူး။
တစ်ကယ်လို့များ ရိုဟင်ဂျာတွေဟာ အပေါစား အညံ့စား သတ္တိကြောင်သူတွေ ဂုဏ်သိက္ခာမဲ့သူတွေ၊ သီလကြောင်တွေသာဆိုရင် ဒီလောက် များပြားရှည်ကြာနေတဲ့ ဆင်းရဲဒုက္ခတွေ ဆက်မခံတော့ဘဲ မြန်မာအစိုးရအကြိုက် ဘုန်းကြီးတွေပင့်ပြီး ဘာသာပြောင်းလိုက်ကြမှာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ ဘာသာပြောင်းသွားတာ ဘယ်နှစ်ယောက်ကြားဖူးလဲ။
ဖိနှိပ်သူတွေသာ ဂုဏ်သိက္ခာကင်းမဲ့စွာ လူ့သမိုင်းမှာ အရှက်ရကြမယ်၊ အကျိုးနည်းကြမယ်ဖြစ်တယ်။
တစ်နေ့ကျရင် ရိုဟင်ဂျာတွေရဲ့ Perseverance လို့ခေါ်တဲ့ သည်းခံနိုင်စွမ်း၊ အသက်ရှင် ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းနဲ့ အီမန်လို့ခေါ်တဲ့ ဘယ်လိုနည်းနဲ့မှ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ မယိန်းမယိုင် သက်ဝင်ယုံကြည်မှုကို ကမ္ဘာကြီးက မှတ်တန်းတင် ဂုဏ်ပြုကြရမယ်၊ အလေးပြုကြရမယ်ဆိုတာကို ကျနော်တို့ အသေအချာ ယုံကြည်ထားပါတယ်။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ