Home

Monday, October 27, 2014

အလှုခံခြင်းအကြောင်း

တစ်ခါက DVB ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာ ရဟန်းတစ်ပါးနဲ့အင်တာဗျုးတစ်ခုကြည့်လိုက်ရတယ်။မေးတဲ့သူက အရှင်ဘုရား အခု လမ်းဘေးတွေမှာ၊ဓမ္မာရုံတွေမှာ အသံချဲ.စက်တွေနဲ့ဆူညံနေအောင်ဖွင့်ပြီးအလှုခံနေကြတာ ကိုဘယ်လိုမြင်သလဲလို့မေးတော့ အခုလိုပြန်ဖြေပါတယ် "ရဟန်းဟာ အလှုခံပုဂ္ဂိုလ်ရဲ.အီ်မ်ရှေ.မှာပဲ အလှုခံရပါတယ်။

အဲဒါကို အရိယာတို့ တောင်းခြင်း (သူတော်ကောင်းတို့၏တောင်းခြင်း) လို့ခေါ်ပါတယ်။

အခုလို အသံချဲ.စက်ကြီးတွေဖွင့်ပြီး ဆူညံနေအောင်အလှုခံခြင်းကတော့ ယာစကာ တို့ရဲ.တောင်းခြင်း
(သူတောင်းစားတို့၏တောင်းခြင်း) လို့ခေါ်ပါတယ်
လို့ပြန်လည်ဖြေကြားပါတယ်။ဗုဒ္ဓကိုယ်တိုင်က တိတ်ဆိတ်ငြီမ်သက်တာကိုအင်မတန်နှစ်သက်တော်မူတာကို ဝိနည်း၊သုတ္တန်တွေမှာအထင်အရှားရှိပါလျက်နဲ့ဒီလိုလုပ်ရပ်မျိုးတွေကိုဘာသာသာသနာအရေခြုံပြီးလုပ်နေတာက ဗုဒ္ဓကို စော်ကားနေသလိုဖြစ်နေပြီး။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ