Home

Tuesday, November 25, 2014

မဘသ လာ မလိမ်နဲ့-( ၁ )

ရမည်းသင်း ဖျက်ဆီးခံ ကန်ကြီးဗလီကို ဖျက်ဆီးတဲ့ တရားခံ အစစ်တွေကို အရေးယူပေးဘို့-၊ ဖျက်ဆီးလိုက်တဲ့ သမိုင်းဝင် ဗလီကြီးကို ၇ ပတ် (၄၉) ရက် အတွင်း မူလပုံစံမပျက် ပြန်လည် တည်ဆောက်ပေးဘို့- ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ ၂၀၁၄ နိုဝင်ဘာ ၂၁ ရက်နေ့က တောင်းဆိုထားပါတယ်။

မဘသ ခေါ် သင်္ကန်းဝတ် အကြမ်းဖက်ဂိုဏ်းက ပြောရေးဆိုခွင့်ရ ၀ီရသူ ဆိုသူက ဌေးလွင်ဦး တို့ လိမ်ညာတယ်၊ ဒီ ဗလီကြီးက ၁၉၅၄ ခုနှစ်မှ ကျူးကျော်တည်ဆောက်ခဲ့တဲ့ ဗလီဖြစ်တယ်လို့ ၀ီရသူ ရဲ့ FB က ၂၀၁၄ နိုဝင်ဘာ ၂၄ ရက်မှာ တုံ့ပြန်လာတယ်။ (အလကား တုံ့ပြန်ခြင်းမဟုတ် အနောက်နိုင်ငံ သံရုံးတစ်ခုက ခင်ဗျား အဘ သိန်းစိန်ကို ဖုံးဆက်ပြီး ပြောကြောင်း ကျုပ်တို့ သိနေတယ်။)
မဘသ ခေါ် သင်္ကန်းဝတ် အကြမ်းဖက် ဂိုဏ်းက ဘာတွေ ဆက်လိမ်ဦးမလဲ-၊ ကျုပ်တို့ ဆီမှာ အဆိုပါ ဗလီနဲ့ ပတ်သက်တဲ့- အထောက်အထား ဂရံ အကုန်ရှိနေတယ်။ မြန်မာနိုင်ငံမှာ ဂရံ ဆိုတဲ့ အာမခံ မြေပိုင်မှုကို အင်္ဂလိပ် လက်ထက်ရောက်မှ ထုတ်ပေးခဲ့တယ်၊ ဒီဗလီဟာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့တဲ့ ဘိုးဘွားပိုင် ဗလီ အဖြစ် ၁၉၁၄-၁၅ ခုနှစ် ဂရံ နဲ့ နောက်ဆုံး သိန်းစိန်လက်ထက် အဆိုပါ ရှေးဟောင်း ဂရံအား ထပ်မံ အတည်ပြုပေးတဲ့ အထောက်အထား အပါအ၀င် အခြား မြောက်များစွာ ရှိနေတယ်။ ဒီအထောက်အထားတွေကို ကမ္ဘာ အသိုင်းအ၀ိုင်းလက်ထဲသို့ မိတ္တူ များပေးလိုက်ပြီ-၊ ကမ္ဘာ့ အသိုင်းအ၀ိုင်းက ဒီကိစ္စကို အရေးတယူ ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိတွေလည်း ရထားပြီ။
အစ္စလာမ်သာသနာ ၀တ်ကျောင်းတော်မှ မဟုတ်- မည်သည့် လူနည်းစု သာသနာပိုင် အဆောက် အဦးများကို ဖြစ်စေ၊ မဘသ နဲ့ ဂိုဏ်းအယူအဆ မတူညီတဲ့ ဘုန်းကြီးကျောင်းလု ကိစ္စများကို ဖြစ်စေ ကျုပ်တို့ Civil Rights Movement မှ လက်ပိုက်ကြည့်နေမှာ မဟုတ်ကြောင်း မဘသ အကြမ်းဖက် အဖွဲ့အား ထပ်ဆင့် သတိပေးလိုက်သည်။
(အထူးမှတ်ချက်- ကျွန်ုပ်သည် မဘသ သင်္ကန်းဝတ် အကြမ်းဖက် အဖွဲ့ဟု သုံးနှုံးခြင်းမှာ ဗုဒ္ဓဘာသာ သံဃာ အရှင်သူမြတ်တို့အား စော်ကားခြင်း မဟုတ်ပါ။- "သံ ဟနီတီတိ သံဃော"- သံသရာကို ပါယ်သတ်နိုင်သူသည်သာ သံဃာဖြစ်၏- ဆိုတဲ့ သံဃာ့ ဖွင့်ဆိုချက် အတိုင်း သံသရာ အပေါင်း အား ပယ်သတ်ထားနိုင်သူအား သံဃာ အဖြစ် အသိအမှတ်ပြု လေးစားကြည်ညိုပါတယ်။- သံသရာ မဆုံးသမျှ ဂတုံးဘ၀နဲ့ သေမယ့် သင်္ကန်းဝတ်တို့အား သူတို့နဲ့ ထိုက်တန်တဲ့ အသုံးဝေါဟာရ အတိုင်းသာ သုံးစွဲမှာ ဖြစ်ပါတယ်။)
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ