Home

Wednesday, November 5, 2014

ဦးအောင်သောင်း နှင့် တိုင်းပြည်အန္တရာယ်

အမည်သုံးမျိုးနဲ့ ကျော်ကြားသူ ဦးအောင်သောင်း(ခ) ဦးအောင်တောင်း(ခ) ကုန်အောင်တောင်း (ကိုအောင်သောင်း)ဟာ မီဒီယာလောကမှာ ထင်ပေါ်သူတစ်ဦးဖြစ်လို့ မီဒီယာမှာ မရှိသေးတဲ့ အချက်အလက်များ သိစေချင်တာကြောင့် အချိန်ယူခဲ့ရတာပါ။ လူလည်များရဲ့ဘုရင် ဦးအောင်သောင်းဟာ လူမသိ သူမသိ ကျောင်းဆရာဘ၀ကနေ န၀တ၊ နယက လက်ထက် သြဇာအာဏာ ရှိပါတယ်ဆိုတဲ့သူတွေကို ကျော်ခွလှည့်ပတ်ပြီး အရောင်အမျိုးမျိုး ပြောင်းလဲကာ ယနေ့အထိ ပန်းပန်လျက်ပါလို့ ဆိုနိုင်သူ တစ်ယောက်ပါ။ ယခင်အပိုင်းများမှာ ရေးခဲ့တဲ့ လူလည်ကြီးများထက် အဆပေါင်းများစွာ သာတဲ့သူလို့ ဆိုနိုင်ပါတယ်။ န၀တ၊ နယကလက်ထက်မှာ အရောင်အမျိုးမျိုး ပြောင်းလဲမွှေနှောက်ကာ ၀န်ကြီးဌာနနဲ့ ၀န်ကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ခိုးယူပြီး မြန်မာပြည်ရဲ့ ထိပ်တန်း ချမ်းသာကြွယ်ဝမှုစာရင်း ၀င်လာတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ဘ၀ အစကတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ ၀ဲလောင်ရွာမှာ မွေးတဲ့ ၀ဲလောင် ရွာသားလေး ဖြစ်ခဲ့ပြီးတော့ အလွန်ပဲ ဆင်းရဲချို့တဲ့ခဲ့တဲ့ ကျောင်းဆရာ တစ်ယောက်ဖြစ်ပါတယ်။ မှော်ဘီ ဗိုလ်သင်တန်းကျောင်း အပတ်စဉ်(၃၁)မှာ ဗိုလ်သင်တန်းတတ်ခဲ့ပြီး စစ်တပ်ထဲမှာ အမှတ်(ရ) တပ်ရင်းမှူး၊ နမခ စစ်တိုင်းမုံရွာမှာ စစ်ဗျူဟာမှူးနဲ့ န၀တ လက်ထက်မှာ မကွေးတိုင်း တ၀တ ဥက္ကဌ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နမခ တိုင်းမှုး ဗိုလ်ချုပ်ထွန်းကြည်ဟာ သူ့ဆရာ အရင်းဖြစ်ပါတယ်။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ