Home

Tuesday, November 25, 2014

အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို ညီညာဖြန့်ကျက်ထားတာပါ

ဘယ့်နဲ့ဗျာ..ကမ္ဘာကြီးက အပြင်မှာလုံးနေ၍ ကုရ်အာန်ထဲမှာပြားနေတယ်ဆိုပဲ။
...ကုရ်အာန်ထဲမှာ ကမ္ဘာပြားနေတယ်လို့ ပြောထားတဲ့ အာယသ် တစ်ခါမှမတွေ့ဖူးပါဘူး။ ကမ္ဘာလုံးကြောင်းပြထားတဲ့ အထောက်အထားတွေပဲတွေ့ရတယ်။ တချို့ကကမ္ဘာပြားကြောင်းကို ကုရ်အာန် (၄၃း၁ဝ) ကို ကိုးကားပြီးဖေါ်ပြကြတယ်။

" အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို ညီညာဖြန့်ကျက်ထားသော အခင်းတစ်ရပ်အသွင် ပြု လုပ်ပေးခဲ့ပေပြီး။ ပြိးနောက် သင်တို့အဖို့ ယင်းမြေပြင်တွင် လမ်းကြောင်းများကို ပြု လုပ်ဆောင်ရွက်ပေးခဲ့ခြင်းမှာ သင်တို့ တည့်မတ်မှန်ကန်စွာလျှောက်လှမ်းနိုင်စေရေးအတွက်ဖြစ်သည်။" (ကုရ်အာန်- ၄၃း၁ဝ)
'ဒီ အာယသ် က ကမ္ဘာပြားတယ်လို့ ပြောနေတာမှမဟုတ်တာ။ ကမ္ဘာ့ အပေါ်ယံမျက်နှာပြင်အကြောင်း ပြောတာပါ။ ကျနော်နားလည်သလောက်တော့ ကမ္ဘာမြေကြိးမှာ ဆွဲငင်အားရှိတယ်လေ။ တိုင်းထွာချက်များအရ 32 lb/sec လို့သိထားရပါတယ်။ ကမ္ဘာမြေရဲ့ ကြို က်တဲ့နေရာကို တိုင်းထွာကြည့်လိုက်ပါ။ ဒီစံနှုံးအတိုင်းပဲ ညီညွတ်စွာရှိနေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒါကိုရည်ညွှန်းနေတာပါ။ ကမ္ဘာပြားနေတယ်လို့ပြောတာမဟုတ်ပါဘူး။ အဲဒီ အာယသ် မှာပါရှိတဲ့ အရဗီဝေါဟာရ " မဟ်ဒါန်" ဆိုတာက ကမ္ဘာ့ဆွဲငင်အားဟာ နေရာတိုင်းမှာ တညီတညွတ်တည်း သတ်မှတ်တည်ရှိနေတာကို ပြဆိုနေတာပါ။ ကုရ်အာန်ထဲမှာလည်း ကမ္ဘာကြီး လုံးကြောင်းပဲပြထားပါတယ်။

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ