Home

Tuesday, November 25, 2014

ပေးပေး မပေးပေး ယူမယ်-


ကျွန်တော် အွမ္မတ်အတွက် လုပ်ဆောင်တဲ့ ခရီးတစ်လျှောက် ဗမာ ခေါင်းဆောင်တွေကို ရည်ညွှန်းကိုးကားခြင်း သိပ်မရှိခဲ့ဘူး။
ခု- ဗိုလ်ချုပ်ရဲ့ စကားတစ်ခွန်းကို ကိုးကားပါမယ်။- ဗိုလ်ချုပ်က လွတ်လပ်ရေးတောင်းစဉ်- အင်္ဂလိပ် နန်းရေးဝန်က- မင်းတို့ကို လွတ်လပ်ရေး မပေးဘူး ဆိုရင်ကော- လို့ မေးတော့၊ တစ်ကြိမ်၊ နှစ်ကြိမ် ထိ ဗိုလ်ချုပ်က စကားနဲ့ တုံ့ပြန်ခဲ့ပြီး- သုံးကြိမ်မြောက်မှာ နန်းရေးဝန်ရဲ့ အိပ်ထဲက ဖေါင်တိန် တစ်လက်ကို ဖြတ်ကနဲ လုယူလိုက်ကာ-၊ "အကယ်၍ လွတ်လပ်ရေး မပေးခဲ့ရင်- အဲ့လို ရအောင် ယူမယ်" လို့ ပြောခဲ့ကြောင်း- ဖတ်မှတ်ဘူးပါတယ်။

မြန်မာပြည်က အစ္စလာမ်သာသနာဝင်များ တန်းတူညီမျှ အခွင့်အရေး ရရှိစေဘို့၊ ရိုဟင်ဂျာများ နဂိုမူလ သတ်မှတ်ချက်အတိုင်း ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမနဲ့ တန်းတူညီမျှ အခွင့်အရေး ရရှိစေဘို့ စတင်လုပ်ဆောင်ကတည်းက- ဘယ်အဆင့်မှာ ဘယ်လို လုပ်မယ်၊ ဘယ်လိုကြိုးစားမယ် ဆိုတာ အစီအစဉ်ချပြီးသားပါ။ အားလုံးကို အချိန်ဇယားနဲ့ အချိန်ကာလ သတ်မှတ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ကိုယ်သတ်မှတ်တဲ့ အချိန်ကာလထိ လူထုက ပါလာနိုင်ဘို့လည်း စိတ်ဓါတ်ခွန်အားများ ပေးထားခဲ့ပါ တယ်။
ဒီကြားထဲမှာ သမိုင်း ဆိုလို့ သမိုင်းကို ရှင်းတယ်။ ကျွန်တော့အား ဘယ်သူကမှ တရားဝင် လူထုပရိတ်သပ်ရှေ့ သမိုင်း ပြန်မရှင်းနိုင်ခဲ့ပါ။ ဥပဒေ တစ်ရပ် ရေးဆွဲနိုင်ဘို့ အစိုးရကို အချိန်ပေး တယ်။- ဒီကာလတွေ ပြီးဆုံးခဲ့ပါပြီ။
အစိုးရနဲ့ အနောက်သား ဘင်္ဂလား မော့ဂ်တွေ ပြောသလို သမိုင်း ရှိရှိ မရှိရှိ၊ 82 law ကို ပြင်ပြင် မပြင်ပြင်၊ သင်္ကန်းဝတ် တစ်အုပ် ဆန္ဒပြပြ မပြပြ-၊ --- ဒါတွေက နောက်မှာ ကျန်ခဲ့ပါပြီ။
အခု အဆင့်က ခင်ဗျားတို့ ပေးပေး မပေးပေး ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင် ယူမယ့် အဆင့်ကို ရောက်သွားခဲ့ပါပြီ။ Civil Rights Movement ဟာ အဲ့ဒီ အတတ်ပညာကို လိမ္မာ ကျွမ်းကျင်ပြီးသားပါ။
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ