Home

Tuesday, November 25, 2014

ပြည်သူတွေ စဉ်းစားဘို့-


ရိုဟင်ဂျာ တွေကို မတရားသဖြင့် ဖိနှိပ်ချုပ်ချယ် သတ်ဖြတ် မောင်းထုတ်နေတာကို UN လုံခြုံရေး ကောင်စီတင်မယ့် ကိစ္စ အဆင့်ဆင့်ကို ဖြတ်သန်းခဲ့စဉ် တစ်လျှောက်လုံး-
မြန်မာ သံအမတ်မှ အပ အခြား (ရုရှား၊ တရုတ်) အပါအ၀င် မည်သူမှ မကန့်ကွက်ခဲ့ပါ။ တနည်းအားဖြင့် ရိုဟင်ဂျာတို့အား Genocide ကျူးလွန်မှုကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ထားကြပါတယ်။

ရိုဟင်ဂျာတို့အား ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမ အတိုင်း တန်းတူညီမျှ အခွင့် နိုင်ငံသားပေးဘို့ တောင်းဆိုမှုမှာလည်း တစ်ကမ္ဘာလုံးက တစ်ဘက် မြန်မာက တစ်ဘက်ပါပဲ။
မြန်မာဘက်ကလည်း မာန်မလျှော့ဘဲ တင်းခံမှာပါ။ ကမ္ဘာ့ဘက်ကလည်း နှမ်းစေ့တစ်လုံးမျှ လျှော့ပေး ဘို့ မရှိဘဲ- ပွဲစဉ်က Final အဆင့်ကို ရောက်လာခဲ့ပါပြီ။ (ဖိအားပေးတဲ့ အဆင့်တွေ လွန်သွားခဲ့ပြီး အရေးယူရဘို့ အဆင့်ကို ရောက်သွားခဲ့ပါပြီ။) ဒီ အဆင့်ထိ ရောက်ဘို့ တစ်ကမ္ဘာလုံးက ညီညွတ်စွာ သဘောတူ ဆုံးဖြတ်ခဲ့ကြပါပြီ။ ပွဲစဉ်က ၂ လ အတွင်း ဖြစ်လာပါလိမ့်မယ်။
သိက္ခာရှိရှိ အရှုံးမပေးဘဲ- လက်ခမောင်းခတ် ဟန်ရေးပြခဲ့တဲ့ သိန်းစိန်အစိုးရလည်း ပွဲတိုင်း အရှက်ကွဲ ပစ်လဲခဲ့တာချည်းပါပဲ။ အခု အကြိမ်-ဘယ်သူ နိုင်မလဲ-- ပြည်သူတွေ စဉ်းစားပါ။
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ