အစိုးရ တပ်က ဘယ် တိုင်းရင်းသား လက်နက်ကိုင်ကို မဆို
အပြုတ်တိုက်နိုင်တဲ့အနေအထားရှိပါတယ် ဒါပေမယ့် တစ်ခါတိုက် တဖွဲ့ပဲ ရမယ်
ဒါတောင် "၀" မပါဘူး ၀ နဲ့ တိုက်တာ တရုတ်နဲ့ တိုက်တာနဲ့ တူတူပဲ
ရှိသမျှ လက်နက်ကိုင် အကုန်လုံးနဲ့ တပြိုင်တည်း တိုက်နိုင်သလား ဆိုတာ သိချင်တယ်
ကချင်ကို အနိုင်ကျင့်နေတဲ့အချိန် ကရင်ကို ဖားနေရတယ် အချိုသပ်နေရတယ်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အဲ့ဒီအားနည်းချက် အမိအရ အသုံးချဖို့
ခြေလှမ်းတွေ လှမ်းထားပီ အစိုးရစစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်တပ်တွေ မဟာမိတ်ဖွဲ့ထားပီ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက သူတို့ကို တဖွဲ့နဲ့တဖွဲ့ အရင်ကထက်ပိုပီး ချိတ်ဆက်မိစေတယ်
ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ပူးပေါင်းတယ်ဆိုတာ မြင်ရတဲ့ အကန့် မမြင်ရတဲ့ အကန့်မှာ
တကယ်လို့သာ အဆင်မပြေဖြစ်ခဲ့ရင် စစ်ရေးအရ ပူးပေါင်းဖို့ လုပ်ကြမှာသေချာတယ်
KIA ဗိုလ်လောင်းသင်တန်းမှာ
တခြား လက်နက်ကိုင်တပ်တွေက လူငယ်တွေ ပါလာတာကိုကြည့်ပါ
ခု KIA နဲ့ ဖြစ်တဲ့ ကိစ္စမှာ တိုင်းရင်းသား လက်နက်ကိုင် အားလုံးနီးပါး ကန့်ကွက်ရှုံ့ ချနေကြပီ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်စေတယ် စစ်တွေ ပြန်ဖြစ်လာနိုင်တယ်လို့ပြောနေကြပီ
တကယ်လို့ ငြိမ်းချမ်းရေး ပျက်ပြားပီး စစ်ပြန်ဖြစ်ကြပီဆိုရင် ခု လတ်တလောဖြစ်နေသလို
အစိုးရနဲ့ KIA 1 Vs 1 ပုံစံ ဖြစ်လာမယ်လို့ ထင်သလား
စစ်ပြန်ဖြစ်လည်း အဲ့လောက်ပဲဖြစ်လိမ့်မယ်လို့ တွက်ထားသလား
အစိုးရစစ်တပ်က အသာစီးရ တဲ့ တိုက်ပွဲတွေပဲ ကွက်ကျားကွက်ကျားလေးတွေဖြစ်မယ်
အစိုးရစစ်တပ်က လိုင်ဇာ နားက တောင်ကုန်းတွေ အရင်တစ်ခေါက်ကလို
လွယ်လင့်တကူ တက်သိမ်းမယ် လိုင်ဇာကိုသိမ်းမယ်
KIA ကို အပြုတ်ဖြုတ်လိုက်လို့ ကချင်ပြည်နယ်ကြီးကို အစိုးရ စစ်တပ် လွှမ်းမိုးမူအောက်
ိလုံးလုံးလျားလျား ရောက်ရှိစေမယ် ဒါဆို ငြိမ်းချမ်းရေး စကား စပြောနိုင်ပီလို့ ယူဆသလား
အဲ့လောက်လွယ်မယ်လို့ ယူဆသလား ?
KIA ကို အမြောက်နဲ့ ထု ပြီး ချေမှူန်းနိုင်တယ် ဆိုတာထက်
တတိုင်းပြည်လုံးရဲ့ ကံကြမ္မာက လိုင်ဇာ နားက တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့
၁၀၅ မမ အမြောက်တစ်လက် အပေါ်မှာ မူတည်နေတာ ဖြစ်သင့်သလား ?
အစိုးရ စစ်တပ်က KIA ကို အမြစ်ပြတ်ချေမှူန်းမယ်ဆိုရင်ရော
တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တကမ္ဘာလုံးက
ဒီတိုင်းလက်ပိုက်ကြည့်နေလိမ့်မယ်လို့ ထင်သလား ?
0 comments:
Post a Comment