အဓမ္မအဖျက်ခံ ကန်ကြီးဗလီဟာ အရင်ရှိတာလား၊ အနားက စေတီက အရင်ရှိတာလား
=======================================
ရမည်းသင်း က ကန်ကြီးဗလီကို အနားကပ်လျက် ရွှေစည်းခုံးဘုရားမြေအား
ကျူးကျော် ဆောက်လုပ်ထားကြောင်း ၀ါဒဖြန့် စွပ်စွဲကာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ
၂၀ ရက်နေ့မှာ အင်အားသုံးပြီး အတင်းအဓမ္မဖြိုချခဲ့ပါတယ်။
အခုဒီပို့စ်မှာ ဗလီရဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ဂရံအထောက်အထား၊ ၁၉၈၂ ခုနှစ်က
ဂရံသက်တမ်း တိုး အထောက်အထားအပြင် မကြာသေးခင် ၂၀၁၂ ခုနှစ်က ဒီဂရံဟာ
မှန်ကန်ကြောင်း သက် ဆိုင်ရာ အိုးအိမ် ဌာန ရဲ့ တရားဝင်
ခွင့်ပြုအသိအမှတ်ပြုမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။
ဆိုလိုရင်းက
ကန်ကြီးဗလီနဲ့ ပတ်သက်တဲ့ မြေပိုင်ဆိုင်ကြောင်းအထောက်အထားက လွန်ခဲ့တဲ့
နှစ်ပေါင်း ၁၀၀ကျော် ကတည်းကရှိနေတဲ့အထောက်အထားတွေ ကျွန်တော်တို့
မြန်မာမွတ်စလင် မ် များထံမှာ ရှိနေပါတယ်။ သို့သော် အဆိုပါ ရွှေစည်းခုံဘုရား ၏
ပိုင်ဆိုင်ကြောင်းအထောက်အ ထားကိုမူ ရမည်းသင်းမှ ဆရာတော် မင်းကျောင်းစန္ဒော ၏
ဖေ့စ်ဘွတ်ခ်ပို့စ်အရ အောက်ပါ အတိုင်းသာ တွေ့ရ ကြောင်း အထောက်အထားရှိပါတယ်။
"ကန်ကြီးဗလီအပါအ၀င် လက်ရှိ ရွှေစည်းခုံဘုရားပိုင်မြေ များအား ၂၀၀၇
ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အထွေထွေအုပ်ချူပ် ရေးဦးစီးဌာန
ရုံးချူပ်အမိန့်စာအရ ရွှေစည်းခုံ ဘုရား ဗုဒ္ဓ သာသနာမြေအဖြစ်အသုံးပြုရန်
အခွန်လွတ်သာသနာ မြေ အဖြစ် အနေအထားကို ရရှိခဲ့ ကြောင်း "
ဆိုပြီးဖော်ပြထားပါတယ်။
နောက်ပြီး
"၂၀၀၈ ခုနှစ်၊
ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ရမည်းသင်းခရိုင် အထွေထွေ အုပ်ချူပ်မှု ဦးစီး
ဌာနမှ အခွန်လွတ်သာသနာမြေအဖြစ် ရွှေစည်းခုံ ဂေါပက သို့ အပိုင်ပတ္တာမြေပေး
စာချူပ် ကို ရရှိခဲ့သည်" လို့လည်း ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်သည်။
ဒီဆရာတော်အနေနဲ့ စိုသောလက်ပြန်ခြောက်စေလိုသည့်သဘောဖြင့် တင်ထားသည့်
ပို့စ်အား ဖျက်လိုက်သည်ဆိုပါကလည်း ကျွန်တော်တို့ထံတွင်
ဓာတ်ပုံအထောက်အထားများ ရယူထားပြီး ဖြစ်ကြောင်း အသိပေးလိုပါသည်။
ဆိုလိုသည်က ဗလီပိုင်မြေအား ဘုရားပိုင်မြေအဖြစ် လုပ်ကြံပုံဖော်လိုက်ကြသည်မှာ
လွန်ခဲ့သော လေးငါးရှစ်နှစ် ခန့်ကမှဖြစ်ကြောင်း လွန်စွာပေါ်လွင်နေပါသည်။
ရမည်းသင်း က ကန်ကြီးဗလီအား ဘုရားပိုင်မြေ ကျူးကျော်ပါသည်ဆိုပြီး
မတရားအဓမ္မဖြို ချဖျက်စီးခဲ့သူတွေ နက်ဖန်မှာ တရားမျှတမှုရဲ့ရှေ့မှောက်မှာ
မိမိတို့ရဲ့သာသနာရဲ့ ရိုးဖြောင့်မှု့ ဂုဏ်သိန်ကို ခုခံဖို့
ပြင်ဆင်ထားကြပါခင်ဗျာ။
ဗလီဟာ ရွှေစည်းခုံဘုရားပိုင်မြေပေါ်မှာ
ကျူးကျော်ဆောက်လုပ်ထားခဲ့တာလား။ သို့တည်း မဟုတ် ရှေးကတည်းက ရှိခဲ့တဲ့
ဗလီမြေပေါ်မှာ လူများစုဖြစ်လို့ လူပါးဝပြီး ရန်စအမြတ်ထုတ်ရန် ရည်ရွယ်ချက်နဲ့
စေတီက ကျူးကျော်ပြီးလာတည်ထားခဲ့တာလား ဆိုတာ သက်သေပြဖို့လိုပါ တယ်။
ဝီရသူရဲ့ ကိုးကားချက်ကိုကြည့်ပြန်ရင်လည်း၊ အခုခေါ်ပြစရာမရှိတော့တဲ့ အသက် ၈၆
နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပြီ ဆိုတဲ့ ပန်းရံဆရာဟောင်း တစ်ဦးက
ပြောကြားခဲ့ တယ် ဆိုတဲ့ အပေါ်မှာ အခြေခံထား ပါတယ်။ အဲ့ဒီသူ အကယ်စင်စစ်
အဲ့သည်လို ပြောခဲ့တယ် မပြော ခဲ့ဘူး ဆိုတာတောင် ယုံကြည်
လောက်တဲ့သက်သေအထောက်အထားမရှိပါ။ ဒီလိုအ ထောက်အ ထားမျိုးကို
လူတိုင်းပေါပေါပဲပဲ ပြနိုင်တာပဲဖြစ်ပါတယ်။ ဥပဒေကြောင်းအရ ဘောင်မ၀င်ပါ။
ကျွန်တော်တို့အခု ထုတ်ပြတဲ့ အထောက်အထားဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က
ဗလီပိုင်ဆိုင်ကြောင်း မြေဂရံ အထောက်အထားဖြစ်ပါတယ်။ အကယ်လို့သာ
နဂါးရုံဘုရားက ဗလီ့အရင် ရှိခဲ့ကြောင်း သက်သေပြလိုတယ်ဆိုရင် ၂၄ နာရီအတွင်း
ကျွန်တော်တို့ဖက်က တင်ပြသလို အဲ့ဒီဘုရားရဲ့ အင်္ဂလိပ်လက်ထက်ကတည်းက နှစ်ရာချီ
အထောက်အထားကို ထုတ်ပြပါ။
အချိန်အကြာကြီးယူပြီးမှ အတုလုပ်တင်ပြလာတဲ့ အထောက်အထားအတုတွေအတွက် အတုဖော်တဲ့ နည်းပညာများလည်း ရှိနေပြီးသားဆိုတာ မမေ့စေ့ချင်ပါ။
0 comments:
Post a Comment