Home

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, November 29, 2014

ဂျနာဇာဟ်၏ပညတ်ချက်များ

































Thursday, November 27, 2014

ဂါဝီကဏ္ဍ။ (စူရဟ်ဘကရာ။ ) - အပိုင်း - ( ၄ )


بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ဂါဝီကဏ္ဍ။ ( စူရဟ်ဘကရာ။ ) البقرة



وَعَلَّمَ ءَادَمَ ٱلْأَسْمَآءَ كُلَّهَا ثُمَّ عَرَضَهُمْ عَلَى ٱلْمَلَٰٓئِكَةِ فَقَالَ أَنۢبِـُٔونِى بِأَسْمَآءِ هَٰٓؤُلَآءِ إِن كُنتُمْ صَٰدِقِينَ

အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဦးဖခင် အာဒမ်(အ) အား အရာဝတ္ထုများ၏ အမည်နာမ အားလုံးတို့ကိုသင်ကြားပေးသနားတော်မူ၏။ သို့ သင်ကြားပြီးသည့်နောက်အလ္လာဟ်အသျှင်မြတ်သည် ထိုအမည်ပါဝတ္ထုအစုစုကို အပါးတော်စေတမန်များ၏ ရှေ့ဝယ်၌ပြတော်မူ၍ ဤသို့မိန့်တော်မူ၏၊(အပါးတော် စေတမန် အပေါင်းတို့)အကယ်၍အသင်တို့သည် မှန်ကန်သောစကားကို ပြောဆိုသောသူများဖြစ်ကြ ပါလျှင် ဤအရာဝတ္ထုများ၏ အမည်နာမများကို ငါ့အား(သေချာဂနစွာ) တင်လျှောက်ကြကုန်။

မြန်မာ Online ငွေရှာဆိုဒ်အလန်းလေး




ဒီနေ့တော့ဘော်ဒါတွေအတွက် သတင်းကောင်းလေးတခုလောက်
ပေးမယ်ဗျာ မြန်မာ online ငွေရှာလိုရတဲ ငွေရှာဆိုဒ်လေးပါ ဒီကောင်း
လေးကတော့ တကယ်ရတာနော် 1000ကျပ်ပြည်တာနဲထုပ်ယူနိုင်ပါတယ်
ငွေထုပ်ယူနိုင်တဲနည်းလေးကတော့ မြန်မာက online ငွေချေမှုစနစ် Myapay နှင့်
Perfect Money တို့ဖြင့် ငွေထုတ်ယူနိုင်ပါတယ်ဗျာ ဘော်ဒါတိုတွေလည်း အခတ်
အခဲမရှိနိုင်ဘူးထင်ပါတယ် ဆိုဒ်ထဲမှာမြန်မာလိုပဲရေးထားပါတယ်ကဲဗျာစကြရအောင်
ပြောနေလိုဘာမှဖြစ်မှာဟုတ်ဘူး ကျွန်တော်ပုံလေးတွေနဲ အောက်မှာလုပ်ပြထား
ပါတေးတယ်အလာကားနေရင်းပိုက်ဆံရမှာ  ကြေငြာကလည်း တစ်ခုကလစ်မှ ၈ စက္ကန်(သို့)
၁၀ စက္ကန်ပဲကြာတာ အားလုံးပဲ သဘောကြမယ်ထင်ပါတယ် အကောက်ဖွင့်ရန်မေးတခု
တော့လိုတယ်နော် မေးရှိပြီဆိုရင်  ဒီကနေသွားလိုက်ပါနော်

ပြီးရင်စရအောင် အောက်ကပုံလေးအတိုင်းပဲလုပ်ရအောင်

အဖွဲ့ဝင်အသစ်ပြုလုပ်ရန်ကိုကလစ်ပါနော်

Wednesday, November 26, 2014

ဂါဝီကဏ္ဍ။ (စူရဟ်ဘကရာ။ ) - အပိုင်း - ( ၃ )



بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ဂါဝီကဏ္ဍ။ ( စူရဟ်ဘကရာ။ ) البقرة



يَٰٓأَيُّهَا ٱلنَّاسُ ٱعْبُدُوا۟ رَبَّكُمُ ٱلَّذِى خَلَقَكُمْ وَٱلَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ

အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အားမွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခ၀ပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊အသင် တို့အလျင် အထက်ထက်အဆက်ဆက် ကရှိခဲ့ ဘူးသောရှေးပဝေဏီ လူဟောင်းများကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခ၀ပ်ကိုးကွယ်ကြမှသာလျှင်အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။

Tuesday, November 25, 2014

ဂါဝီကဏ္ဍ။ (စူရဟ်ဘကရာ။ ) - အပိုင်း - ( ၂ )



بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ဂါဝီကဏ္ဍ။ (စူရဟ်ဘကရာ။ )البقرة


وَإِذَا قِيلَ لَهُمْ لَا تُفْسِدُوا۟ فِى ٱلْأَرْضِ قَالُوٓا۟ إِنَّمَا نَحْنُ مُصْلِحُونَ

ထို(မွတ်စ်လင်(မ်)အသွင်ဆောင်သော)သူများအား အချင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပြင်ပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း၊အမှုကိစ္စ များကို မပြုလုပ်ကြလင့်ဟု သြ၀ါဒစကား ပြောကြား သောအခါ ထိုသူများက ကျွန်ုပ်တို့ သည်(အေးချမ်း သာယာအောင်) ပြုလုပ်သူများသာ ဖြစ်ကြ ပါသည်ဟု တုံ့ပြန်ဖြေဆိုကြလေသည်။

ရမည်းသင်းမြို့ ဗ.မ.က ရပ်ကွက်ရှိ ဖျက်ဆီးခံရသော ကန်ကြီးဗလီသည် အင်းဝပုဂံခေတ် ကပင်တည်ရှိခဲ့သော သမိုင်းမှတ်တမ်းအကျဉ်း

မူလအစ မှာ သက်ကယ်မိုး ဗလီဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းထိ သက်ကယ်မိုးနှင့်ရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးသည့်အခါ ပျဉ်အဆောက်အဦဖြင့်
အဆင့်ဆင့်ပြင်ဆင်ဆောက်လုပ်ခဲ့ပြီး
လှူဒါန်းသူများအနက် အလှူရှင် ပျဉ်းမနားသား ဦးမင်းဆင် တစ်ဦးလည်းထင်ရှားစွာ ပါဝင်ခဲ့ပါသည်။
ဦးမင်းဆင်ဆောက်လုပ်ဆင်တွင် မြန်မာမှု သစ်သားပန်းဆွဲပြားများဖြင့် ခန့်ညားပြောင်မြောက်စွာ မွန်းမံခဲ့ပါသည်။
(၁၉၆၇ ခုနှစ်အထိ ၎င်းလက်ရာများကျန်ရှိခဲ့သည်။)
၁၉၅၃-၅၄တွင် ရမည်းသင်းမြို့ မြေစာရင်းမှတ်တမ်းစတင်ပြုစုသည့်စာရင်းတွင် ကန်ကြီးဗလီပိုင်မြေ+ကန် ကိုစတင်မှတ်သားဖော်ခြင်းခံရပါသည်။

ပိတ်တာ သို့မဟုတ် ရုပ်တာဖြစ်ဖြစ် ၊ ပြိတ္တာ သို့မဟုတ် ယုတ်တာဖြစ်ဖြစ်


မကြာသေးမီလေးမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန တစ်သီးပုဂ္ဂလ ဒဏ်ခတ်ပိတ် ဆို့မှု ဆိုင်ရာရုံးလို့ ခေါ်တဲ့ အိုအက်ဖ်အေစီက မြန်မာအာဏာရ ပါတီကြီးထဲမှာ လူပြောသူပြောများပြီး ယခင် အစိုးရရဲ့ နာမည်ထင်ရှား ဝန်ကြီးတစ်ပါးလည်းဖြစ်သူကို နာမည်ပျက် စာရင်းသွင်းပြီး စီးပွားရေး ပိတ်ဆို့မှု လုပ်လိုက်ပါတယ်။ အမေရိကန်အစိုးရက ဒီလို“ပိတ် တာ” “ဆို့တာ”မှာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို သူတို့က ပံ့ပိုးနေချိန်မှာ အနှောင့်အယှက်ပြုတဲ့သူ၊ မကြာမီ ကမှ စတင်တဲ့ စီးပွားရေးနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ချည့်နဲ့အောင် ရည်ရွယ်ချက် ရှိရှိ လုပ်တဲ့သူ၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများကို ဖိနှိပ်ရာမှာပါဝင်သူ စသဖြင့် စွပ်စွဲထားခဲ့ပါတယ်။

နော်ဝေနေ နိုင်ငံရေးတက်ကြွသူများကို ဗီဇာပိတ်လိုက်ပြီလား.

 အဆိုတော်မွန်းအောင် ပြည်ဝင်ခွင့်ဗီဇာအခက်ကြုံနေရပြီ။

အစောပိုင်းကတော့ ကောဠဟာလ လိုလိုနဲ့ အခုတော့ တကယ်ကြုံနေရပြီ.။
ပြီးခဲ့တဲ့လက ကဗျာဆရာ ချိုစိမ့် (ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မြစ်တော်စပ်သူ) ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်ခံရတယ်။
အခုရက်ပိုင်းမှာပဲ အဆိုတော်မွန်းအောင်နဲ့ဇနီး ဘန်ကောက်က ခရီးသွားအေးဂျင့်တခုကနေ ဗီဇာလျှောက်တော့ ငြင်းပယ်ခံရတယ်လို့သိရတယ်။ ဒါကြောင့် ကိုမွန်းအောင်တို့ လူကိုယ်တိုင် မြန်မာသံရုံးကို တနင်္လာနေ့မနက်မှာသွားပြီး ပြည်ဝင်ခွင့်ဗီဇာရဖို့ ထပ်မံကျိုးစားကြည့်မယ်လို့ ပြောတယ်။


စစ်အစိုးရရဲ့ယုတ်မာမှုနဲ့ ပျက်စီးခဲ့ရတဲ့ ဗလီဝတ်ကျောင်းတော်များအားဖော်ပြခြင်း

ရခိုင်ပြည် မြောက်ဦးမြို့က အဲဒီ ဗလီကို လူမဆန်စွာ ဖျက်ဆီးပြီး အဲဒီ ဗလီနားရှိတဲ့ မြောက်ဦးမြို့က အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာတွေကိုလဲ လူမဆန်စွာ နှင်ချ မောင်းတော့ ဘူးသီးတောင်ဖက် ပြောင်းပေးခဲ့ပါတယ် တာပေမယ့် အဲဒီ ဗလီကို လူမဆန်စွာ ဖျက်ဆီးခဲ့တဲ့ စစ်သားတွေ ဗိုလ်မှူး တချို့တွေလဲ ရောဂါဖြစ်ပြီး သေဆုံးသွားတာ ရှိသလို တချို့ဆို ဗလီဖျက်နေတဲ့ချိန် သေသွားခဲ့တာရှိပါတယ် သူတပါး မျက်ရည်ကျပြီး ထွက်ခွာခဲ့တဲ့ အဲဒီနေရာမှာ ယခု ဘာအပင်တွေပဲ စိုက်စိုက် ဘာစိုက်ပျိုး စိုက်ပျိုး မအောင်မြင်ပဲ အပင်ပေါက်တာနဲ့ အဲဒီ အပင်တွေ စိုက်ခင်းတွေ အလိုလိုသေသွားလေ့ရှိပါတယ်
 

စစ်အစိုးရရဲ့ယုတ်မာမှုနဲ့ ပျက်စီးခဲ့ရတဲ့ ဗလီဝတ်ကျောင်းတော်များအားဖော်ပြခြင်း
------------------------------------------------------
စစ်အာဏါရှင်တွေဟာ ခုမှမဟုတ်ပဲ နှစ်ပေါင်းမြောက်များစွာကတည်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတော်တွေကို ဖြိုဖျက်ပြီး ယင်းနေရာမှာ ၎င်းတို့ ရဲ့ ဗုဒ္ဓဆင်းတုတော်တွေ / နတ်ရုတ်ထုတွကို အစားထိုးတည်ထားခြင်းဖြင့် ယုတ်မာပက်စက်ခဲ့ကြပါတယ်။
ရမည်းသင်းခရိုင်က ကန်ကြီးဗလီအပါအဝင် က အာဏါရှင်တွေရဲ့ ယုတ်မာမှုကိုခံခဲ့ရချေပြီ။
ရခိုင်ပြည်နယ် /မြောက်ဦးခေတ်က ဘုရင်ဆိုလိုင်မာန်ရှား ခေါ် မင်းစောမွန် ( A.D 1433 ) ရဲ့  အမိန့်တော်နဲ့ တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ကို ဗိုလ်ချုပ်ခင်ညွှန့် ရဲ့ အမိန့်နဲ့ ယုတ်မာစွာ ဖျက်ဆီးခဲ့ပါတယ်။

ဝ နဲ့ တိုက်တာ တရုတ်နဲ့ တိုက်တာနဲ့ တူတူပဲ

အစိုးရ တပ်က ဘယ် တိုင်းရင်းသား လက်နက်ကိုင်ကို မဆို
အပြုတ်တိုက်နိုင်တဲ့အနေအထားရှိပါတယ် ဒါပေမယ့် တစ်ခါတိုက် တဖွဲ့ပဲ ရမယ်
ဒါတောင် "၀" မပါဘူး ၀ နဲ့ တိုက်တာ တရုတ်နဲ့ တိုက်တာနဲ့ တူတူပဲ
ရှိသမျှ လက်နက်ကိုင် အကုန်လုံးနဲ့ တပြိုင်တည်း တိုက်နိုင်သလား ဆိုတာ သိချင်တယ်

"ကျွန်မ အထင်က ဒီအပြင် အခြား ငရဲဘုံ ဆိုတာ မရှိနိုင်ဘူး"

"ကျွန်မ အထင်က ဒီအပြင် အခြား ငရဲဘုံ ဆိုတာ မရှိနိုင်ဘူး"
လို့ UN လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီလီက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး သူမရဲ့ ပထမ ခရီးစဉ် အတွင်း ရခိုင်ဒေသက IDP စခန်းထဲက အခြေအနေကို ပြောကြားခဲ့ပါတယ်။
(နိုဝင်ဘာ ၂၄၊ ၂၀၁၄)

ပုံကိုမြင်လိုက်တာနဲ့ ဘင်္ဂလား ကုလားတွေ သင်္ကန်းပတ်ပြီး ရခိုင်မြေထဲဝင်လာကာ ဦးဆောင်သောင်းကျန်းနေကြောင်း သက်သေဖြစ်စေတယ်။

နှတ်တစ်ရာ စာတစ်လုံး- ပုံကောင်းတစ်ကွက် စာရွက် ကုဋေ- သိသက်သေ-
ပုံကိုမြင်လိုက်တာနဲ့ ဘင်္ဂလား ကုလားတွေ သင်္ကန်းပတ်ပြီး ရခိုင်မြေထဲဝင်လာကာ ဦးဆောင်သောင်းကျန်းနေကြောင်း သက်သေဖြစ်စေတယ်။
===================
ဘန်ကီမွန်းကို ရခိုင် မြို့ ၅ မြို့တွင် တစ်ပြိုင်တည်းဆန္ဒပြ

( နိရဉ္စရာ၊ ၂၃ နိုဝင်ဘာ ၂ဝ၁၄) / မာန်ယုကျော် (ရွှေဝမြေ)
==================

အဒီ့ ဘင်္ဂါလီ ဗုဒ္ဓဘာသာ ကိုဘဲ အစ္စလာမ် လိုဝတ်ပြီးရွာကိုမီရှို့တဲ့ပုံကိုဖြန့်တာ
======================

ဂျာမဏီနိုင်ငံ စတုဂတ် မြို့က ကမ္ဘာသိ အစွန်းရောက်ဓာတ်ပုံ...


ဂျာမဏီနိုင်ငံ စတုဂတ် မြို့က ကမ္ဘာသိ အစွန်းရောက်ဓာတ်ပုံ...

...........................................................................
မနေ့ က ဂျာမဏီ နိုင်ငံ စတုဂတ် Stuttgart မြို့ ကိုရောက်ခဲတယ်။ အဲဒီမြို့မှာ ကမ္ဘာ ယာဉ်ကျေးမူ ပြတိုက်ကြီး ရှိပါတယ်။ ထူးထူးခြား ခြား မြန်မာပြည် အကြောင်း ပြတိုက်မှာ ပုံ နှစ်ခု ယှဉ်တွဲ ဖော်ပြထားတာ သွားတွေ့လို့။ ပြတိုက်အခန်းစောင့် ကို ခွင့်ပြုချက်တောင်းပြီးတော ဓာတ်ပုံ ရိုက်လာတယ်။
လာကြည့်ရူကြတဲ့ လူတိုင်း လိုလိုက..ဦးဇင်းကို လာမေးကြတယ်.. အဲဒီ အစွန်းရောက် ဘုန်းကြီးကို ဘယ်လိုမြင်လဲတဲ့.... ကျုပ်ကလဲပြောခဲပါတယ်.. အစွန်းရောက်ဆိုမှတော မစ္ဇျိမ ပဋိပဋာ မဟုတ်လို့ပေါလို့ ပြောခဲပါတယ်။ အစွန်းရောက် ဆိုရင် ဘုရားလဲ မကြိုက်ပါဘူး ပြောခဲပါတယ်။
ဦးဇင်း အတော် မျက်နှာပူတာပဲ..လူတွေလာလာမေးတော။ ငါတို့ မြန်မာပြည်က အဲဒီ ဘုန်းကြီး အစွန်းရောက် ကမ္ဘာသိဖြစ်နေတာ မျက်နှာ ပူလိုက်တာ...

ပြည်သူတွေ စဉ်းစားဘို့-


ရိုဟင်ဂျာ တွေကို မတရားသဖြင့် ဖိနှိပ်ချုပ်ချယ် သတ်ဖြတ် မောင်းထုတ်နေတာကို UN လုံခြုံရေး ကောင်စီတင်မယ့် ကိစ္စ အဆင့်ဆင့်ကို ဖြတ်သန်းခဲ့စဉ် တစ်လျှောက်လုံး-
မြန်မာ သံအမတ်မှ အပ အခြား (ရုရှား၊ တရုတ်) အပါအ၀င် မည်သူမှ မကန့်ကွက်ခဲ့ပါ။ တနည်းအားဖြင့် ရိုဟင်ဂျာတို့အား Genocide ကျူးလွန်မှုကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ထားကြပါတယ်။

ပေးပေး မပေးပေး ယူမယ်-


ကျွန်တော် အွမ္မတ်အတွက် လုပ်ဆောင်တဲ့ ခရီးတစ်လျှောက် ဗမာ ခေါင်းဆောင်တွေကို ရည်ညွှန်းကိုးကားခြင်း သိပ်မရှိခဲ့ဘူး။
ခု- ဗိုလ်ချုပ်ရဲ့ စကားတစ်ခွန်းကို ကိုးကားပါမယ်။- ဗိုလ်ချုပ်က လွတ်လပ်ရေးတောင်းစဉ်- အင်္ဂလိပ် နန်းရေးဝန်က- မင်းတို့ကို လွတ်လပ်ရေး မပေးဘူး ဆိုရင်ကော- လို့ မေးတော့၊ တစ်ကြိမ်၊ နှစ်ကြိမ် ထိ ဗိုလ်ချုပ်က စကားနဲ့ တုံ့ပြန်ခဲ့ပြီး- သုံးကြိမ်မြောက်မှာ နန်းရေးဝန်ရဲ့ အိပ်ထဲက ဖေါင်တိန် တစ်လက်ကို ဖြတ်ကနဲ လုယူလိုက်ကာ-၊ "အကယ်၍ လွတ်လပ်ရေး မပေးခဲ့ရင်- အဲ့လို ရအောင် ယူမယ်" လို့ ပြောခဲ့ကြောင်း- ဖတ်မှတ်ဘူးပါတယ်။

ဒီမှာ ကြည့်လိုက်- မဘသ လာ မလိမ်နဲ့- (၂)


ရမည်းသင်း ဖျက်ဆီးခံ ကန်ကြီးဗလီကို ဖျက်ဆီးတဲ့ တရားခံ အစစ်တွေကို အရေးယူပေးဘို့-၊ ဖျက်ဆီးလိုက်တဲ့ သမိုင်းဝင် ဗလီကြီးကို ၇ ပတ် (၄၉) ရက် အတွင်း မူလပုံစံမပျက် ပြန်လည် တည်ဆောက်ပေးဘို့- ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ ၂၀၁၄ နိုဝင်ဘာ ၂၁ ရက်နေ့က တောင်းဆိုထားပါတယ်။

အစိုးရ အကြီးအကဲများ တည်းသည့် ကန့်ဘလူရှိ ဧည့်ရိပ်သာ မီးလောင်


ရန်ကုန်၊ နိုဝင်ဘာ ၂၃
ရွှေဘို-မြစ်ကြီးနားလမ်းနှင့် ကန့်ဘလူမြို့သို့ ဆက်သွယ်ထားသည့် မြို့အဝင် လမ်းမပေါ်၌ အေးမြစိုး ဖောင်ဒေးရှင်းက တည်ဆောက်ထားသည့် အစိုးရအကြီးအကဲများ တည်းခိုသည့် ဧည့်ရိပ်သာမှာ နိုဝင်ဘာ တတိယပတ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို ညီညာဖြန့်ကျက်ထားတာပါ

ဘယ့်နဲ့ဗျာ..ကမ္ဘာကြီးက အပြင်မှာလုံးနေ၍ ကုရ်အာန်ထဲမှာပြားနေတယ်ဆိုပဲ။
...ကုရ်အာန်ထဲမှာ ကမ္ဘာပြားနေတယ်လို့ ပြောထားတဲ့ အာယသ် တစ်ခါမှမတွေ့ဖူးပါဘူး။ ကမ္ဘာလုံးကြောင်းပြထားတဲ့ အထောက်အထားတွေပဲတွေ့ရတယ်။ တချို့ကကမ္ဘာပြားကြောင်းကို ကုရ်အာန် (၄၃း၁ဝ) ကို ကိုးကားပြီးဖေါ်ပြကြတယ်။

တောင်ကုတ်မှာမူဆလင် ၁၀ ယောက် အသတ်ခံရတာ မဘသ ကြေငြာချက်မှာ သူတို့ဘယ်သူလဲဆိုတာရေးထားပြီ။

တောင်ကုတ်မှာမူဆလင် ၁၀ ယောက် အသတ်ခံရတုန်းက ဝံသာနု ရက်ခိတ အဖွဲ့ဟာ ဦးဆောင်လှုပ်ရှားခဲ့ကြောင်းမြန်မာ့အသံကကြေငြာ သွားခဲ့ဖူးတယ်။အခုမဘသ ကြေငြာချက်မှာ သူတို့ဘယ်သူလဲဆိုတာရေးထားပြီ။

ဘင်္ဂလီစပ်ကြားရခိုင်ဝေသာလီမိုးမှောင် က ဘင်္ဂလားနဲ့ပေါင်းပြီးခွဲထွက်ပါမယ် လုပ်နေပြန် ပြီ။

ကဲ မြန်မာ ပြည်သူ အပေါင်းတို့  ဒီကိစ္စလေးလည်းရှင်းပေးကြပါအုးံ။ဘင်္ဂလီစပ်ကြားရခိုင်ဝေသာလီမိုးမှောင် က ဘင်္ဂလားနဲ့ပေါင်းပြီးခွဲထွက်ပါမယ် လုပ်နေပြန် ပြီ။

အဓမ္မအဖျက်ခံ ကန်ကြီးဗလီဟာ အရင်ရှိတာလား၊ အနားက စေတီက အရင်ရှိတာလား

 အဓမ္မအဖျက်ခံ ကန်ကြီးဗလီဟာ အရင်ရှိတာလား၊ အနားက စေတီက အရင်ရှိတာလား
=======================================
ရမည်းသင်း က ကန်ကြီးဗလီကို အနားကပ်လျက် ရွှေစည်းခုံးဘုရားမြေအား ကျူးကျော် ဆောက်လုပ်ထားကြောင်း ၀ါဒဖြန့် စွပ်စွဲကာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အင်အားသုံးပြီး အတင်းအဓမ္မဖြိုချခဲ့ပါတယ်။
အခုဒီပို့စ်မှာ ဗလီရဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ဂရံအထောက်အထား၊ ၁၉၈၂ ခုနှစ်က ဂရံသက်တမ်း တိုး အထောက်အထားအပြင် မကြာသေးခင် ၂၀၁၂ ခုနှစ်က ဒီဂရံဟာ မှန်ကန်ကြောင်း သက် ဆိုင်ရာ အိုးအိမ် ဌာန ရဲ့ တရားဝင် ခွင့်ပြုအသိအမှတ်ပြုမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။
ဆိုလိုရင်းက ကန်ကြီးဗလီနဲ့ ပတ်သက်တဲ့ မြေပိုင်ဆိုင်ကြောင်းအထောက်အထားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ကျော် ကတည်းကရှိနေတဲ့အထောက်အထားတွေ ကျွန်တော်တို့ မြန်မာမွတ်စလင် မ် များထံမှာ ရှိနေပါတယ်။ သို့သော် အဆိုပါ ရွှေစည်းခုံဘုရား ၏ ပိုင်ဆိုင်ကြောင်းအထောက်အ ထားကိုမူ ရမည်းသင်းမှ ဆရာတော် မင်းကျောင်းစန္ဒော ၏ ဖေ့စ်ဘွတ်ခ်ပို့စ်အရ အောက်ပါ အတိုင်းသာ တွေ့ရ ကြောင်း အထောက်အထားရှိပါတယ်။

ဒါနောက်ဆုံးသောကာလ..။

 
ဒါနောက်ဆုံးသောကာလ..။
မြန်မာပြည်ကြီး နောက်ကြောင်းပြန်လှည့်နေပုံက
သမတဦးသိန်းစိန်နဲ့ ကြံ့ဖွတ်အစိုးရက
ဒီမိုကရေစီလမ်းကြောင်းကိုချီတက်နေပါပြီလို့
မစင်ငုံပြီး သက်သေထူပြောလည်း ယုံနိုင်စရာမရှိတော့။

မယုံကြည်ကြပေမယ့် စစ်ဓားပြလက်အောက်ခံဘ၀နဲ့
သီးခံခေါင်းငုံ့ နှုတ်ပိတ် အညံ့ခံပေါင်းသင်းနေသူတွေ
ခြံစည်းရိုးခွထိုင်နေသူတွေကိုတော့
အားနာပါတယ်။

မောင်းတောတွင် မော်လ၀ီ နေဇာမ် (ဘ) ဦးမူဘာရတ်ခ်ကို အကြောင်းမဲ့ ဖမ်းဆီး

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဥဒေါင်း ကျေးရွာမှ အပြစ်မဲ့ ဘာသာရေး ဆရာ တစ်ဦးကို ကျေးရွှာ အုပ်ချုပ်ရေးမှူး ဟောင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဖမ်းဆီးပြီး ပြန်လည် လွှတ်ပေးရန် ငွေကျပ် သိန်း ၇၀ တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
နိုဝင်ဘာလ (၂၀) ရက်နေ့ ညနေ ၆း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အပြစ်မဲ့ ဘာသာရေး ဆရာ တစ်ဦး ဖြစ်သူ မော်လ၀ီ နေဇာမ် (ဘ) ဦးမူဘာရတ်ခ်ကို အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့သည်။

အမျိုးသားရေးဟန်ပြဝီရသူလုပ်ကြံနေပြီး

ဂဠုန်ဦးစော မယုတ်မာလောက်ပါဘူးလို ထင်ခဲလို့ ဗိုလ်ချူပ်လုပ်ကြံခံရပြီး တိုင်းပြည်အမှောင်ထဲရောက်ခဲ့ရတယ်။
ဝီရသူလဲ အမျိုးသာသနာအတွက်လုပ်တာဘဲ
ဗုဒ္ဓဘာသာကို ကာကွယ်စောင်ရှောက်နေတာဘဲလို ထင်ခဲလို့
တိုင်းရင်သားစည်းလုံးညီညွန့်မှု့တွေပြိုးကွဲနေပြီး
ဒီမိုကရေစီ လမ်းစဉ်ကိုလဲဆန့်ကျင်နေပြီး တိုင်းပြည်အမှောင်ကျတော့မယ် အချိန်ရောက်နေပြီး
ဒါကို ဝီရသူက ဗုဒ္ဓဘာသာရဟန်တော်တစ်ပါးပါလို သတ်မှတ်နေဦးမယ်ဆိုရင်
ကမ္ဘာမြန်မာဗုဒ္ဓလဲ သိက္ခာကျ
တိုင်းပြည်လဲ အမှောင်ကျ
ဒီမိုကရေစီလဲမရ
(လယ်တီသိမ်အတွက် ဝီရသူဘာပြောခဲ့လဲ)
(မီးလောင်ဗုံကိစ္စ ဘယ်လိုရှင်းခဲ့လဲ)
ဒီမိုကရေစီ
NLD
ဒေါ်အောင်ဆန်းစုကြည်ကို
အမျိုးသားရေးဟန်ပြဝီရသူလုပ်ကြံနေပြီး

မဘသ လာ မလိမ်နဲ့-( ၁ )

ရမည်းသင်း ဖျက်ဆီးခံ ကန်ကြီးဗလီကို ဖျက်ဆီးတဲ့ တရားခံ အစစ်တွေကို အရေးယူပေးဘို့-၊ ဖျက်ဆီးလိုက်တဲ့ သမိုင်းဝင် ဗလီကြီးကို ၇ ပတ် (၄၉) ရက် အတွင်း မူလပုံစံမပျက် ပြန်လည် တည်ဆောက်ပေးဘို့- ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ ၂၀၁၄ နိုဝင်ဘာ ၂၁ ရက်နေ့က တောင်းဆိုထားပါတယ်။

အတွင်းကြိတ် နှိပ်စက်မှုများ သီးခံမှာ မဟုတ်ပါ-

အတွင်းကြိတ် နှိပ်စက်မှုများ သီးခံမှာ မဟုတ်ပါ-
အစ္စလာမ် သာသနာဝင် တစ်ဦး ဖြစ်တဲ့ ကျွန်တော် ခွဲထွက်ရေးတို့ တိုင်းပြည်ကွဲရေးတို့ကို စိတ်မ၀င်စားပါ။ ဘာသာတရား ဆိုသည်မှာ လူမျိုးတိုင်းမှ ယုံကြည်လက်ခံနိုင်သော အယူဝါဒ ဖြစ်၍ နယ်မြေ၊ ဘောင်၊ နယ်နိမိတ် ကန့်သတ်ထားခြင်း မရှိပါ။

၁၃၅ မျိုးမှာ မပါလို့

၁၃၅ မျိုးမှာ မပါလို့
ရခိုင်ဒေသခံ မွတ်ဆလင်များကို “ရိုဟင်ဂျာ” လူမျိုးရယ်လို့ ခေါ်ဆိုကြောင်း အင်္ဂလိပ်များ ရခိုင်ဒေသကို မ၀င် ရောက်မှီ နှစ်ပေါင်း ၅၀ နီးပါး မှတ်တမ်းများကပင် ဖေါ်ပြပြီး ရှိနေပါတယ်။ ဂျာမန်ဘာသာနဲ့ မှတ်တမ်းများအရ ဒီထက်ပိုစောတဲ့ ခုနှစ်များကပဲ ရှိနေပြီး- ပါရှား အိန္ဒိယ မှတ်တမ်းများအရ ဆိုရင် နှစ်ပေါင်းထောင်ချီပြီး မှတ်တမ်း များ ရှိနေပါတယ်။

ရခိုင်အရေး နိုင်ငံတကာကြားဝင်ဖို့ အာဆီယံ တောင်းဆို

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာ မူစလင်တွေကို အစွန်းရောက်တဲ့အခြေအနေဆီ ရောက်သွားစေနိုင်ပြီးတော့ ဒေသတခုလုံးရဲ့ တည်ငြိမ်မှုကိုပါ ထိခိုက် လာနိုင်တယ်လို့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ အကြီးအ ကဲက ပြော လိုက်ပါ တယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေ အနေတွေကို ကြား ၀င်ဆောင် ရွက်ဖို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) က တောင်း ဆိုလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ အချက် ၆ ချက်ပါသော အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်စပ်လျဉ်း၍အချက် ၆ ချက်ပါသော အသိပေးကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက် မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်

၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်

အပြစ်မဲ့ မွတ်ဆလင်ဘာသာရေး ဆရာများအား ဖမ်းဆီး


နိုဝင်ဘာ ၁၊ ၂၀၁၂
ရခိုင်ပြည်နယ် သံတွဲမြို့ ဂျာမေဗလီကြီးမှ ရှေ့ဆောင်ဆရာတော်လည်း ဖြစ်၍ မြို့နယ် သာသနာ့ပညာရှင်များ အဖွဲ့မှ ဥက္ကဌလည်း ဖြစ်သော ဆရာဦးဝါဟစ်နှင့် ထိုဗလီမှ ဂေါပက လူကြီး ဦးတင်အောင်တို့အား အာဏာပိုင်များ ယနေ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
မြန်မာအစိုးရမှ ရခိုင်ပြည်နယ်အတွင်း အဓိကရုန်းဖြစ်စေရန် လှုံ့ဆော်ပေးသည့် နောက်ကွယ်မှ လူများအား ဖမ်းဆီးမည်ဟု ကတိပေးပြီး- တကယ် အပြစ်ကျူးလွန်သည့် လူများအား မဖမ်းဆီးဘဲ- မွတ်ဆလင်ဗလီဆရာများနှင့် ဂေါပက လူကြီးများအား စွပ်စွဲမှု မျိုးစုံဖြင့် စတင်ဖမ်းဆီးနေပြီ ဖြစ်ပြီး- မွတ်ဆလင်တို့ကိုသာ နည်းမျိုးစုံဖြင့် စွပ်စွဲ အရေးယူရန် ပြင်ဆင်လျှက် ရှိကြောင်း နိုင်ငံရေး လေ့လာသူ တစ်ဦးမှ သုံးသပ်ပြောဆိုပါသည်။

ရခိုင်ဒေသအကူအညီများ သွားရောက်ခွင့် သံရုံးများ တောင်းဆို


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မီးလောင်ပျက်စီးခဲ့ရတဲ့ အဆောက်အဦးတစ်ခု။ ပြီးခဲ့တဲ့ ဇွန်လကစလို့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ခိုင်ပြည်နယ်ထဲက ပဋိပက္ခနေရာတွေကို သွားရောက်ပြီး အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေထံကို လူသားချင်း စာနာမှု အကူအညီတွေ လွတ်လွတ်လပ်လပ် သွားရောက် ကူညီခွင့် ပြုဖို့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ တူရကီ၊ သြစတြေးလျ၊ ဆော်ဒီအာရေဗျ နဲ့ အီဂျစ် သံရုံးတွေက ဒီကနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဧရာဝတီတိုင်းနေ မွတ်ဆလင်တို့အား စောင့်ရှောက်ပေးရန် နိုင်ငံတစ်ကာသို့ ပန်ကြား

ဧရာဝတီတိုင်းနေ မွတ်ဆလင်တို့အား စောင့်ရှောက်ပေးရန် နိုင်ငံတစ်ကာသို့ ပန်ကြား
ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်း အူပင်မြို့နယ်အတွင်း တောင်သူလယ်သမားများနှင့် ရဲများ ထိပ်တိုက် တွေ့မှုများ ဖြစ်ခဲ့ပြီး- သေဆုံးဒဏ်ရာရသူများ ရှိခဲ့သည့် အပေါ်- မိမိဘက်မှ စိတ်မကောင်းဖြစ်မိကြောင်းနှင့် ပြသနာများ အမြန်ပြေလည်စေလိုကြောင်း- မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ ဦးဌေးလွင်ဦးမှ ပြောကြားပါသည်။

Monday, November 24, 2014

ဂါဝီကဏ္ဍ။ (စူရဟ်ဘကရာ။ ) - အပိုင်း - ( ၁ )



بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ဂါဝီကဏ္ဍ။ (စူရဟ်ဘကရာ။ )البقرة

الٓمٓ

|1| အလိဖ်လာမ်မီမ်

ذَٰلِكَ ٱلْكِتَٰبُ لَا رَيْبَ ۛ فِيهِ ۛ هُدًى لِّلْمُتَّقِينَ

ဤကျမ်းသည် (ထုတ်ပြန် ပို့ချပြီးသော ကျမ်းဂန်အသီးသီးတို့၌ ဗျာဒိတ်ပေးထားပြီးဖြစ်သောကုရ်အာန်)ဓမ္မက္ခန်တည်း။ ယင်းကျမ်းမြတ် နှင့်စပ်လျဉ်း၍ ယုံမှားသံသယ၀ိစိကိစ္ဆာဖြစ်ဘွယ်ရာ အကြောင်း အလျှင်းမရှိပြီ။ ယင်းကျမ်းမြတ်သည် သူတော်စင်များအဘို့ ရားလမ်းမှန်ကို ညွှန်ကြားပြသသော တရားဓမ္မဖြစ်သတည်း။


Sunday, November 23, 2014

ကျင့်စဉ်များ














ကြော်ငြာကဏ္ဍ