Home

Wednesday, February 27, 2013

မျိုးဖြုတ်ဘို့ မစဉ်းစားနဲ့


မျိုးဖြုတ်ဘို့ မစဉ်းစားနဲ့
မျက်ကန်းအမျိုးသားရေးဝါဒီတွဟာ ခေတ်အဆက်ဆက်ကပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဦးမူလ လူမျိုးများကို နည်းမျိုးစုံနဲ့ မျိုးဖြုတ်ဝါးမြိုဘို့ ကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေးဦးမူလ လူမျိုးများ အထဲမှာ အရှေ့အကျဆုံး လူမျိုးများ ဖြစ်တဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက လူမျိုးတွေက လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်ကပဲ ၀ါးမြိုခံခဲ့ရပြီး၊ မြန်မာနိုင်ငံအောက်ပိုင်း သထုံဒေရှိ ရက္ခများလည်း ၀ါးမြိုခြင်းကို ခံခဲ့ရပါပြီ။ ရခိုင်ဒေသရဲ့ ရှေ့ဦးမူလ လူမျိုး ဖြစ်တဲ့ ရိုဟင်ဂျာများလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကတည်းက တစ်စစ ၀ါးမြိုခြင်းကို ခံနေရပါတယ်။
လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှေးအကျဆုံး လူမျိုးအဖြစ် ရပ်တည်နေတဲ့အထဲမှာ ကရင်လူမျိုးလည်း ပါဝင်ပါတယ်။ ကရင်လူမျိုးစုဟာ မွန်လူမျိုးများ မတိုင်မှီကတည်းက မြန်မာပြည်ထဲကို ရောက်လာခဲ့ပြီး ဧရာဝတီအောက်ပိုင်း ပြည် (သီရိခေတ္တရာ)ထိ၊ ရခိုင်ဒေသ တောင်ပိုင်း သံတွဲထိ လွှမ်းမိုးတည်ရှိခဲ့တဲ့ သမိုင်းအကျွင်းအကျန်တွေ ရှိ နေဆဲပါ။ သူတို့ကို နောက်ဝင်လာတဲ့ လူမျိုးများ ဖြစ်တဲ့ မွန်နဲ့ ဗမာများက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် ကတည်းက စတင်ဝါးမြိုခဲ့ပါတယ်။ အဓိက ၀ါးမြိုသူ အင်အားစု ဖြစ်တဲ့ ဗမာများနဲ့ ဝေးရာ တောင်ပေါ်ဒေသတွေ မှာ အခြေချနေတဲ့ အုပ်စုများသာ တစ်စုံတစ်ရာ ကြွင်းကျန်နေခဲ့ကာ-လက်ရှိ ထိုင်းနိုင်ငံဘက်အခြမ်းကိုလည်း တိမ်းရှောင်အခြေချခဲ့ရတဲ့ အုပ်စုတွေ ရှိနေပါတယ်။ မြောက်ဘက်က ဆင်းလာတဲ့ ဗမာများရဲ့ ဖိအားကြောင့် မြန် မာပြည်အောက်ပိုင်းကို ဆင်းပြေးရင်း ယခုအိန္ဒိယပိုင် အက်ဒ်မန်ကျွန်းစုနဲ့ အင်ဒိုနီးရှားပိုင် ကျွန်းစုတွေထိ ပျံ့နှံ့ သွားခဲ့ရပါတယ်။
အက်ဒ်မန်ကျွန်းနေ ဒေသခံ ကရင်လူမျိုးစုနဲ့ အင်ဒိုနီးရှားအချို့ကျွန်းများနေ ကရင်လူမျိုးစုကို ပျောက်ဆုံးနေတဲ့ ကရင်လူမျိုးစုလို့ ခေါ်ရင် မှားမယ် မထင်ပါ။ အက်ဒ်မန်ကျွန်းမှာတော့ အိန္ဒိယလူမျိုးများရဲ့ ထပ်ဆင့်ဝါးမြိုခြင်းကို ခံနေရပြီး- အကြွင်းအကျန်အနည်းငယ်မျှသာ ရှိတော့လျှက်-၊ သက်ကြီးရွယ်အို အဖိုးအို အဖွားအိုများသာ ကရင် စကားကို ပြောနိုင်တဲ့ အဆင့်မှာ ကျန်ပါတော့တယ်။ အင်ဒိုနီးရှားကျွန်းနေ ကရင်များကို တော့ ကရင်သုတေသီ တစ်ချို့ကလွဲပြီး သိနိုင်သူများပင် မရှိတော့ပါ။ မလေးရှားမှာ သွားရောက် အလုပ်လုပ်စားတဲ့ ကရင် လူမျိုး တစ်ချို့က အင်ဒိုနီးရှားက လာပြီး လုပ်စားတဲ့ အော့ကရောင် လူမျိုးနဲ့ သူတို့ ရုပ်ရည် ဘာသာ စကား အနီးကပ် တူညီနေတယ် ဆိုတာလောက်ပဲ သတိထားမိတဲ့ အဆင့်ပဲ ရှိပါတော့တယ်။
ကရင်လူမျိုးကို ဗမာများက ၀ါးမြိုစဉ် သူတို့ရဲ့ မူလစာပေ ဖြစ်တဲ့ “ကြက်ယက်စာ”ဟာ ပျောက်ဆုံးခဲ့ရပါတယ်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်ချုပ်တော့ သူတို့ သာသနာပြုလို့ ရတဲ့ အရပ်တွေမှာ စာပေတစ်ခု အဖြစ် ပြန်လည်တီထွင်ပေးရာက မြန်မာအက္ခရာသုံး ကရင်စာပေဆိုတာလေး ဖြစ်တည်လာခဲ့ရပါတယ်။ ဒါတောင် မြန်မာနိုင်ငံထဲမှာ ကရင်စာသင်ကျောင်းများ တရားဝင်ဖွင့်ခွင့်မရသေးပါ။
မွန်–၊ မွန်တို့ကိုလည်း ဗမာများက မြိုခဲ့ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းက မွန်တွေ ဗမာအဖြစ် ပြောင်းလဲသွား ခဲ့ရတာ အများကြီးပါ။ အစဉ်အလာနဲ့ အင်အားတစ်ရပ်ရှိခဲ့တဲ့ မွန်တွေဟာ လူမျိုးနဲ့ စာပျောက်မသွားပေမယ့်- သေးသိမ်သွားခဲ့ရပါတယ်။ ဒီနေ့ထိ မွန်စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့်များ ဆုံးရှုံးနေပြီး- မွန်လူမျိုး အများစု မွန်စာပေ မတတ်ဘဲ ရှိနေရပါတယ်။
ရိုဟင်ဂျာ-၊ ရိုဟင်ဂျာတို့ဟာ ရခိုင်ဒေသရဲ့ မူလဘူတလူမျိုးစု ဖြစ်တယ်၊ အေဒီ ၇ ရာစုလောက်စ ဗမာတွေ ၀င် ရောက်ထိုးဖေါက်လာခဲ့တယ်။ ရိုဟင်ဂျာတွေမှာ ကိုယ်ပိုင်စာနဲ့ တည်ရှိခဲ့တယ်။ အဲ့ဒီစာပေတွေကို ဗမာများဝင် ရောက်လာပြီး စတင်ဖျောက်ဖျက်ခဲ့ပါတယ်။ သူတို့ရဲ့ စာပေက ရှေးဟောင်း အိန္ဒိယပါလ မင်းဆက်သုံး သက္က ရိုက် အက္ခရာသုံး စာပေဖြစ်ပြီး- နာဂရီစာ၊ သက္ကရိုက်စာနဲ့ ၉၀ ရာနှုန်းလောက် တူညီပါတယ်။ သူတို့ရဲ့ စာပေ တွေကို ဖျောက်ဖျက်ခဲ့ပေမယ့်-၊ ကံကောင်းတဲ့အချက်က ဒီနေ့ရခိုင်ရှေးဟောင်းကျောက်စာများကို ပြန်လည် ဖေါ်ကျူးတဲ့အခါ ပြန်လည်ပေါ်ထွက်လာတဲ့ ကိစ္စပါပဲ။ ဒီထက်ကံကောင်းတဲ့ အချက်က ရိုဟင်ဂျာများကိုယ်တိုင် သတိမထားမိဘ အစဉ်အဆက် ပုံပြင်ကြီးများကို ရေးသားဖတ်ပြနေတဲ့ ပူတီးစာ ဆိုတာနဲ့ တူညီနေတဲ့ အချက် ပါပဲ။ ရိုဟင်ဂျာ ခေါ် ရခိုင်ဒေသမူလလူမျိုးရဲ့ စာကို တိုက်ဖျက်ခဲ့တဲ့ အထောက်အထားကို ရခိုင်သမိုင်းသုတေသီ ဒေါက်တာအေးချမ်း ကိုယ်တိုင်က- ၁၉၇၅ -၇၆ ခု ရခိုင်တန်ဆောင် မဂ္ဂဇင်း အတွဲ ၁၄ မှာ “၁၀ ရာစု နောက်ပိုင်း၊ ရခိုင်ပြည်တွင် မြန်မာစာပေ အက္ခရာဖြင့် ရေးသောစာပေလက်ရာများ၊ ကျောက်စာများ တွေ့ရ ကြောင်း။ ၁၀ရာစုမတိုင်မီ သက္ကဋ္ဌ၊ ပါဠိစာပေ၊ နာဂရီအက္ခရာများ ဖြစ်ခဲ့ကြောင်း။ ထို့ကြောင့်ရခိုင်ပြည်တွင်(၁၀) ရာစု ၌ အရှိန်ပြင်းခဲ့သော လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲ တစ်ရပ် ဖြစ်ပေါ်ခဲ့ လိမ့်မည်ဟု ထင်ရကြောင်း…..”၀န်ခံ ထားပါတယ်။ အခုခေတ်အခါမှာ မျက်ကန်းမျိုးချစ်တွေ ရခိုင်ကျောက်စာကို ပြန်လည်တူးဖေါ်လေ-၊ ရိုဟင်ဂျာ လူမျိုးတို့ရဲ့ စာပေကို ပြန်လည် ဖေါ် ထုတ်လေသာ ဖြစ်လာရပါတော့တယ်။ တဖန်သစ်ဆန်းလာတဲ့ ရိုဟင်ဂျာ သမိုင်းကို ဘယ်လိုနည်းနဲ့မှ မျိုးဖြုတ်လို့ မပြုတ်နိုင်တော့ပါ။
မျက်ကန်းအမျိုးသားရေးဝါဒီတွေဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကတည်းက ကရင်၊ မွန်၊ ရိုဟင်ဂျာ တို့ကို သိမ်းပိုက်ပြီး လူမြိုစီမံချက်တွေ ချခဲ့ပေမယ့်-၊ ဒီနေ့ထိ မအောင်မြင်ခဲ့ပါ။ နောက်နောင်လည်း အောင်မြင်စရာ မရှိပါ။- ရှေးယခင်ခေတ်ကာလက မျိုးဖြုတ် လူမြိုစီမံချက်များဟာ တစ်စုံတစ်ရာ ခရီးရောက်ပေမယ့်-၊ အခုခေတ် အခါမှာ အဲ့ဒီစီမံချက်ကို ကျင့်သုံးသူတိုင်း ရာဇ၀တ်ကောင် ဖြစ်ရတဲ့ အခြေအနေကိုသာ ရောက်လာခဲ့ပါတယ်။ မျိုးဖြုတ်လို့ မပြုတ်နိုင်သူများကို မျိုးဖြုတ်သုတ်သင်ရေး ဆက်လက်ကျင့်သုံးနေမယ့်အစား-၊ ငြိမ်းချမ်းစွာ အတူ နေထိုင်ဘို့ နည်းလမ်းကိုသာ စဉ်းစားဘို့ လိုပါမယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ