မြန်မာမှုပြု သမိုင်းဖျောက်ခြင်းများ
မျက်တွေ့ လက်တွေ့ သက်ရှိထင်ရှား ရှိနေသည့် လူသားပေါင်းများစွာကို
သက်သေထားပြီး တင်ပြပါမည်။ ရန်ကုန်-သင်္ကန်းကျွန်းနဲ့ တောင်ဥက္ကလာအကြား-
ဝေဇယန္တာလမ်းမကြီး ဘေးမှာ အနီး၌ “ဂုံဆာရာ” ဆိုသည့် ခြံဝန်းကြီး တစ်ခု
ရှိခဲ့သည်။ ထိုဒီရပ်ကွက်ကြီး၏ အမည် “ဂုံဆာရာ” ဆိုသည့် ဆိုင်းဘုတ်ကြီးအား
၁၉၉၆ ခုနှစ် အထိ တောင်ဥက္ကလာ ၁၆ ရပ်ကွက် သားတိုင်း မြင်တွေ့ခဲ့ရ၏။
ဝေဇယန္တာလမ်းမကြီး အတိုင်း ကားစီးဘူး သူများမှ စာတတ်သူတိုင်းလည်း ထို
ဆိုင်းဘုတ်ကြီးအား ဖတ်မိခဲ့မည်မှာ သေချာ၏။ ၁၉၉၆ ခု မတိုင်မှီ မြန်မာပြည်မှ
ထွက်ခွာလာကြသည့် နိုင်ငံခြားရောက်- တောင်ဥက္ကလာမှ လူသားများ၊ သင်္ကန်းကျွန်း
အထက (၂) အနီးမှ လူသားများ အားလုံးနီးပါး မှတ်မိနေမည်လည်း သေချာ၏။
ထိုရပ်ကွက်များမှ ကလေးသူငယ်များ- ဆော့ကစားရာ နေရာကြီး တစ်ခု
ဖြစ်ခဲ့ရခြင်းကြောင့်ပင်-။
သို့သော်–၊ ယခုအခါ ထို “ဂုံဆာရာ” ရပ်ကွက်ကြီး မရှိတော့ပါ။
အိမ်ယာအသစ်များ ထူထောင်လိုက်ခြင်းကြောင့် အမည်နာမ ပျောက်ဆုံးသွားခြင်း
မဟုတ်ပါ။ သင်္ကန်းကျွန်းသည် ဖြစ်စေ၊ တောင်ဥက္ကလာသည် ဖြစ်စေ-အိမ် ယာ စီမံကိန်း
အသစ်များ များစွာ တည်ဆောက်ခဲ့သော်လည်း အမည်နာမ ပျောက်သွားခဲ့သည်ဟူ၍ မရှိပါ။
သို့ သော် “ဂုံဆာရာ” ဆိုသည့် အမည်နာမမှာ ဆယ်စုနှစ်တစ်ခုအတွင်း
ပျောက်ဆုံးသွားခဲ့ရပါပြီ။-နောင် နှစ်ငါး ဆယ် ကြာသောအခါတွင်
ထိုရပ်ကွက်ကြီးသည် “ဂုံဆာရာ” ရပ်ကွက်ကြီး ဖြစ်ခဲ့သည် ဆိုခြင်းကို မည်သူမှ
သိတော့မှာ မဟုတ်ပါ။ အဘယ်ကြောင့် ထိုသို့ ဖျောက်ပစ်ရပါသနည်း–၊ အဖြေက
ရှင်းလွန်းလှပါသည်။ “ဂုံဆာရာ” ဆိုသည်မှာ ကုလားနာမည် ဖြစ်နေသည်ဟူသည့်
အာဏာပိုင်တို့၏ ခံစားချက်ကြောင့်သာ ဖြစ်သည်။ ထို “ဂုံဆာရာ” ဆိုသည်အား
ထုံးစံအတိုင်း ကုလားစကားလုံးအား မြန်မာမှုပြု၍ “သီရီဂုဏ်”ဟု
ပြောင်းလိုက်ခြင်း ပင် ဖြစ်သည်။
မြန်မာမှုပြု၍ မရနိုင်သည့် အမည်နာမတို့အား တိုက်ရိုက်
အမည်ပြောင်းခဲ့ခြင်းများလည်း ရှိနေသည်။ ဥပမာ-ရခိုင်ပြည်တောင်ပိုင်း
သံတွဲမြို့နယ်မှ ၄၇ မိုင်ဝေးကွာသော “ကုလားပြင်”ဟု ခေါ်သည့် ကျေးရွာကြီး
တစ်ခုတွင် တည်ဆောက်သည့် မြစ်ကူးတံတားကြီး၏ အမည်နာမအား- ဒေသခံ လူအများသိထား
သည့်အတိုင်း“ကုလားပြင် တံတား”ဟု အမည်နာမဖြင့် ကင်ပွန်းတပ်ရေးထိုးခြင်း
မဟုတ်ဘဲ- “ကျိန္တလီမြစ်ကူး တံတား”ဟု ရေးထိုးလိုက်ခြင်းပင်- ဖြစ်သည်။
တံတားတည်ဆောက်သည့်ကာလ ၁၉၉၅၊ ၉၆ ခုနှစ် ထုတ် မြန်မာ သတင်းစာများတွင်-
တစ်နိုင်ငံလုံးအား “ကျိန္တလီမြစ်ကူးတံတား ဖွင့်ပွဲ” အမည်ဖြင့်သာ
အသိပေးခဲ့လေတော့ သည်။ ထိုကျေးရွာကြီး (မြို့ငယ်တစ်မြို့ခန့်ကြီးသည့်
ရွာကြီး) တစ်ရွာလုံးတွင် မွတ်ဆလင်ဟူ၍ ၂ ဦးသာ ရှိခဲ့ သည်။ ထို ၂ ဦးသည်ပင်
ဇနီးသည်များမှာ ဗမာဗုဒ္ဓဘာသာဝင်များဖြစ်နေကြ၍-သားသမီးအားလုံးမှာလည်း ဗုဒ္ဓ
ဘာသာဝင်များ ဖြစ်သည်။ သို့သော်– ရွာအမည် “ကုလားပြင်”ဟူသည့် ဝေါဟာရအားပင်
မြန်မာအာဏာပိုင်တို့ မုန်းတီးခဲ့သည်ပင် ဖြစ်တော့သည်။
မြန်မာနိုင်ငံတစ်လျှောက် သက်ဆိုင်ရာ တိုင်းဒေသ ပြည်နယ် မြို့ရွာများ
ထိုကဲ့သို့ သမိုင်းဖျောက်လိုက်သည့် လက်တွေ့ဖြစ်ရပ်များမှာ
မှတ်တမ်းဆန့်တော့မည် မဟုတ်ပေ။
ဤနေရာ၌ ရခိုင်ဒေသ လူမျိုးရေး ပဋိပက္ခများကြောင့်- တစ်ဘက်သတ်
သမိုင်းဖျောက်ခံနေရသော ရခိုင်ပြည် နယ်မှ မူရင်းလူမျိုး
“ရိုဟင်ဂျာ”တို့၏နှင့် စပ်လျှဉ်း၍ အနည်းငယ် တင်ပြလိုသည်။ ရခိုင်နယ်ထဲသို့
မြန်မာအင်ပါ ယာ မလွှမ်းမိုးမှီကာလက ထိုဒေသအား မည်သို့ ခေါ်ခဲ့ပါသနည်း-၊
သမိုင်းတွင် ရှင်းလင်းပါသည်။ ဓည၀တီ၊ ဝေသာလီ၊- စသည်ဖြင့် ဖြစ်သည်။ ဤစကားလုံး
ဓည၀တီ၊ ဝေသာလီ- ဆိုသည်များမှာ ယခု မိမိကိုယ်မိမိ ရခိုင် အစစ်ဟု
ခံယူနေသူများ၏ စကား ဖြစ်ပါသလား။ ရခိုင်စကားအရ မည်သည့် အဓိပ္ပါယ်ကို
ပေးပါသနည်း။ ရခိုင် တို့တွင် ထိုကဲ့သို့ အမည်ပေးသည့် သမိုင်းစဉ်ဆက်
ရှိခဲ့ပါသလား။- သေချာရေရာမှု မရှိပါ။
ရိုဟင်ဂျာ စကားဖြင့် ဓည၀တီ = ဒါန်နဟော (အလှုဒါနကြီးပြုနိုင်သည်) + ဒီးယာဟ်
(ကျွန်း သို့မဟုတ် ကျွန်းဆွယ်)=ဟု ဖြစ်သည်။ ထို နှစ်ခုအား ပေါင်း၍
ပြောသောခါ ရှေ့ ဝေါဟာရမှ “ဟ” နှင့် နောက်ဝေါဟာရမှ“ဟ” တို့သည် “၀” အသံသို့
ပြောင်းသွားသည်။ ထို့ကြောင့် ဒါန်နဟော + ဒီးယာဟ် မှာ ဒါန်န၀ဒီးဝ် ဟု
အသံထွက်သည်။) ထိုစကားလုံး၏ အဓိပ္ပါယ်မှာ “အလှုကြီး အဒါန်းကြီး ပြုနိုင်
လောက်အောင် ပေါများ ကြွယ်ဝ သည့် ကျွန်း သို့မဟုတ် ကျွန်းဆွယ်” ဟု ဖြစ်သည်။
Wikipedia ၌လည်း ဓည၀တီ၏ မူရင်း အမည်မှာ Dhannavati, which means
“Blessed with grain” ဟု ဖေါ်ပြထားသည်ကို ယနေ့ မျက်မြင် လေ့လာကြည့်ရှုနိုင်
သည်။ (စင်စစ် ဓည၀တီ ဟု ရေးသားခေါ်ဆိုခြင်းမှာ ဗမာတို့၏ အသံထွက်ဖြင့်
ခေါ်ဆိုခြင်းသာ ဖြစ်ပေသည်။)
ထိုဓည၀တီ ဟူသည်- ယခု ရခိုင်လူမျိုး စစ်စစ်ဟု ခံယူထားသူများ သိနေသည့်
စစ်တွေမြို့ကို ခေါ်ခြင်း မဟုတ်ပါ။ ယခု စစ်တွေမြို့၏ မြောက်ပိုင်း မိုင်
ရှစ်ဆယ် ခန့်တွင် ရှိနေခဲ့၍- လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော် ကာလမှ-
ဆန်စပါး ပေါများကြွယ်ဝစွာ စိုက်ပျိုးနိုင်သော ကျွန်းဆွယ် တစ်ခု ဖြစ်ခဲ့သည့်
နေရာပင် ဖြစ်သည်။
ထိုဒေသသည်-ပထ၀ီ ရေမြေသဘောအရ- ယခု အခါ စစ်တကောင်းဟု ခေါ်တွင်သော
ဒေသနှင့် အတားအဆီး မရှိ ဒလဟော ဆက်စပ်နေပြီး အကွာအဝေးမိုင် အားဖြင့်လည်း ၁၀၀
ထက် မပိုပေ။ ယခုအခါ- မိမိကိုယ်မိမိ ရခိုင်ဟု ခံယူနေသော ရှေးဟောင်းဗမာ
လူမျိုးများမှာ- ထိုခေတ်ထိုကာလက ထို ဓည ၀တီ (ဒါန်န၀ဒီ) နယ်သို့
ရောက်လာနိုင်စေရန် မည်သို့မှ ဆက်စပ်ယူ၍ မရနိုင်ပါ။ မြန်မာနိုင်ငံသို့
ဗမာများ ၀င်ရောက်လာသည့် ခုနှစ်၊ ၀င်လာခဲ့ရာ လမ်းကြောင်း အရ- ရခိုင်မှ ဓည၀တီ
ဟု ခေါ်တွင်သည့် အရပ်သို့ ရောက်ရှိလာနိုင်စရာ လမ်းစများ မရှိပါ။
တိဘက်မြန်မာများ မတိုင်မှီ- ချင်းတွင်းမြစ်ရိုးမှ ၀င်လာသော သကျ(နီပေါလ်မှ
တိုင်းရင်းသား တစ်စု၏ အမည်) များသည်လည်း- မြန်မာနိုင်ငံထဲသို့
ရောက်ပြီး-မြန်မာနှင့် ဓည၀တီ အကြားရှိ အလွန်တရာ မြင့်မားမတ်စောက်သည့်
ရခိုင်ရိုးကြီးကို ကျော်လွန်ရမည့် အပြင်- ချင်းတွင်းမြစ်မှ
မိုင်ပေါင်းထောင်နှင့်ချီဝေးကွာ သည့် ဓည၀တီသို့ ရောက်လာရန်မှာ ဖြစ်နိုင်ခြေ
အလွန့်အလွန်အားနည်းလွန်းနေပါသည် ။ ရခိုင်ရိုး၏ မြေနိမ့် ပိုင်း
ဒေသများ ဖြစ်သည့် တောင်ကုတ်၊ သံတွဲ၊ ဂွ ဒေသများသို့ ရောက်လာခဲ့သည်
ဆိုခြင်းမှာ ပိုမို၍ ဖြစ်နိုင်ခြေ ရှိသော အချက် ဖြစ်သည်။
သို့သော်လည်း အသံထွက်ကိုသာ မြန်မာမှု ပြု ခဲ့နိုင်၍- ယခု
ရခိုင်လူမျိုးစစ်စစ်ဟု ခံယူထားသူများ၏ ဘာသာစကားအားဖြင့် သူတို့ပြောနေသော
“ဓည၀တီ” ဟူသည် မည်သို့ အဓိပ္ပါယ် ပေးသည်ဟု- ဖွင့်ဆိုရန် ဗမာ-ရခိုင် စကား
လုံးဝ မရှိပါချေ။ နောက်ဆုံးတွင် “ပါဠိ”ကို သာ ထိုးချတော့မည် ဖြစ်သည်။
သို့သော် သူတို့ထိုးချ နေသော ပါဠိ စကားမှ ရာနှုန်း အများစုအား
ပြောဆိုသူများမှာလည်း- “ရိုဟင်ဂျာ”များသာ ဖြစ် နေပြန်ပေသည်။ (လက်ရှိ
ရခိုင်စစ်စစ်ဟု ခံယူထားသူများ ပြောသည့် ဘာ သာစကား၌ ပါဝင်သော ပါဠိ
ဝေါဟာရထက်- ရိုဟင်ဂျာများ ပြောဆိုသည့် ဘာသာစကားတွင် ပါဝင်သည့် ပါဠိ
ဝေါဟာက-ရာနှုန်း အလွန့် အလွန် ပိုမိုများပြားနေပါသည်။)
ရိုဟင်ဂျာ စကား ဗယ်ဆာလီ- မှ ဝေသာလီ ဖြစ်ခဲ့ရသည်မှလည်း- ဤဆောင်းပါး၏
ပထမဆုံး အပိုဒ်- ဂုံဆာရာ မှ သီရီဂုဏ် ဟု ပြောင်းလိုက်သကဲ့သို့သာ
ဖြစ်တော့သည်။
ဤသည် စာဖတ်သူများနှင့် ရိုးသားစွာ သုတေသနပြုလိုသော သမိုင်းသုတေသီများ
အတွက် အမြည်းသဘောမျှ တင်ပြခြင်း ဖြစ်၍- ကျွန်ုပ်မှ Debate လုပ်မည်ဟု
ကမ်းလှမ်းထားသော ရခိုင်သမိုင်းပညာရှင်ခံ သူ တစ်ဦးဦးမှ ကျွန်ုပ်၏
ကမ်းလှမ်းချက်ကို လက်ခံခဲ့သော်–၊ တိကျခိုင်လုံသော ရှောင်ထွက်၍ မရနိုင်သော
အထောက်အထား များကို ဖေါ်ပြသွားမည် ဖြစ်သည်။
ဝတီ လေးရပ် ၊ Arakan ၊ နှင့် မြန်မာများ ခေါ်သော ရခိုင်- ဆိုသည်တို့အား
ဆက်လက် ဖေါ်ပြပါမည်။-
0 comments:
Post a Comment