ကူးစက်ခံ မြန်မာနိုင်ငံ
စင်စစ်မှာ ကျွန်ုပ်တို့ မြန်မာနိုင်သည် အယူဝါဒ ကူးစက်ခံနိုင်ငံတစ်ခုသာ
ဖြစ်သည်။ နိုင်ငံရေးဖြင့် သက်ဦးဆံပိုင် ဘုရင်စနစ်မှပင် ကြည့်ပါ-
အုပ်ချုပ်ပုံအုပ်ချုပ်နည်းများ ကို တရုတ်၊ အိန္ဒိယနှင့်
သီရိလင်္ကာနိုင်ငံများမှ နည်းစနစ် များကို အတုယူခဲ့ရသည်။
လွတ်လပ်ရေးကြိုးပမ်းစဉ်ကလည်း နိုင်ငံရေးလှုပ်ရှားမှု- ဗြိတိသျှအား အာခံမှုနည်း
ပညာများအား အိန္ဒိယမှ အတုယူခဲ့ရသည်။ ဆရာတော်ဦးဥတ္တမသည်ပင်
နိုင်ငံရေးပရိယာယ်နှင့် မျိုးချစ်စိတ်လှုံ့ ဆော်မှု အသိပညာအား အိန္ဒိယမှ
သင်ယူခဲ့ရသည်ပင်။ တဖန် လွတ်လပ်ရေးရစဉ် ပါလီမန်ဒီမိုကရေစီ စနစ်အား
ဗြိတိသျှတို့ထံမှ အတုယူခဲ့ရသည်။ ဤတွင်း ပါလီမန် ဒီမိုကရေစီ စနစ်ခေါ်
ဓနရှင်ဝါဒနှင့် အားပြိုင်သည့် ကွန်မြူ နစ်ဝါဒသည်လည်း မြန်မာပြည်တွင်းထွက်
အတွေးအခေါ်မဟုတ်ခဲ့ချေ။
စစ်တပ်မှ အာဏာသိမ်း၍ အုပ်ချုပ်ခြင်းသည်လည်း မြန်မာနိုင်ငံသည်
ကမ္ဘာ့ပထမဆုံး နိုင်ငံမဟုတ်ခဲ့၊ မြန်မာ၏ ရှေ့၌ ထိုင်း၊ ဆီးရီးယား၊
အင်ဂျင်တီးနား– စသော နိုင်ငံပေါင်းများစွာ ရှိနေခဲ့သည်။ တဖန်
ဆိုရှယ်လစ်စနစ်သည် သည် မြန်မာနိုင်ငံမှ အတွေးအခေါ်မဟုတ်ခဲ့၊ ထိုစနစ်အား
မနှစ်သက်၍ ယခုအခါ မြန်မာပြည်သူလူထု လိုလား နေသော ဒီမိုကရေစီ စနစ်
ဟူသည်မှာလည်း မြန်မာမှ စတင်ဖန်တီးသော နိုင်ငံရေး လမ်းစဉ်မဟုတ်ပေ။ ထိုထို
သော စနစ်များ ၀ါဒများမှာ နိုင်ငံရပ်ခြား၌ စတင်ဖြစ်ထွန်းပြီးမှ မြန်မာတို့က
ကောင်းနိုးရာရာတို့ကို ကျင့်သုံးတည် ဆောက်ရန် လိုလားနေခြင်းမျှသာ ဖြစ်သည်။
သို့သော် စနစ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းသော အခါ၌-
မူလစနစ်ဟောင်းတစ်ခု၌ လုပ်စားကိုင်စား ဖြစ်နေ သော ပုဂ္ဂိုလ်များနှင့်
ထိုစနစ်၌ ပါဝင်ဆောင်ရွက်မိသော ပုဂ္ဂိုလ်များမှာ မိမိတို့၏
လုပ်စားကိုင်စားပျက်သွားမည် ကို စိုးရိမ်း၍ သော်လည်းကောင်း၊ မိမိတို့
ကိုယ်စားပြုသော လမ်းစဉ်တစ်ခု ကျဆုံးရမည်ကို မလိုလား၍ သော် လည်းကောင်း၊
ဘုမသိဘမသိဘဲလျှက် ထိုအကျင့်ပါနေသော လမ်းစဉ်ပေါ်၌ သံယောဇဉ်တွယ်ငြိနေ၍ သော်
လည်းကောင်း- အမျိုးမျိုးသော အကြောင်းများဖြင့်- စနစ်သစ်ကို လိုလားသူတို့အား
နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ် ချယ်ခြင်း၊ နိုင်သည့်နည်းလမ်းဖြင့်
နှိမ်နှင်းခြင်းတို့ ဖြစ်ကြရပေသည်။ ထိုသို့ဖြစ်စဉ်များမှာ
မြန်မာနိုင်ငံနှင့် မြန်မာ လူမျိုးတို့၌သာ ဖြစ်လေ့ဖြစ်ထ သဘောမဟုတ်ဘဲ-၊
ကမ္ဘာ့လူမျိုးတိုင်း၊ နေရာဒေသတိုင်း၌ ဖြစ်လေ့ရှိသည့် ဓမ္မ တာ တစ်ရပ်
ဖြစ်တော့သည်။ အပြောင်းအလဲ တစ်ခု၏ အနှေးအမြန် ဆိုသည်မှာ ဗဟုသုတများ၊ မိမိထက်
မိမိ ၏ တိုင်းပြည်လူထုအား ပိုမိုတွေးပေးနိုင်မှုများ အပေါ်၌သာ တည်သည်ဟု
ဆင်ခြင်နိုင်ပေသည်။
ထိုထိုသော အယူဝါဒများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခြင်းသည်-
ပြင်ပကမ္ဘာမှ အယူဝါဒများ ကူးစက် လာခြင်းသာ ဖြစ်၍- ပြင်ပကမ္ဘာမှ
ထိုအယူဝါဒရှိသော လူသားပေါင်း သန်းနှင့်ချီလျှက် မြန်မာနိုင်ငံတွင်းသို့ ၀င်
လာကာ နဂိုမူလ ရှိနေသည့် မြန်မာနိုင်ငံသားများ အပေါ်လူဦးရေအားဖြင့်
လွှမ်းမိုးခြုံငုံသွားခြင်း မဟုတ်ပေ။
အလားတူပင် မြန်မာနိုင်ငံတွင်း၌ ရှိသော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့်
အစ္စလာမ်ဘာသာများမှာ မြန်မာ နိုင်ငံအတွင်းသို့ ကူးစက်လာသည့် ပြင်ပမှ
ဘာသာအယူဝါဒများသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင်း၌ မည်သည့် ဘာသာတရားမှ
စတင်ပေါ်ပေါက်ခဲ့ခြင်း မရှိသကဲ့သို့- ထိုဘာသာအယူရှိသူများက
သန်းနှင့်ချီဝင်ရောက်လာပြီး မြန်မာနိုင်ငံအတွင်းမှ နဂိုမူလ လူမျိုးတို့အား
မြိုသွားခြင်း မဟုတ်ခဲ့ပေ။ သာသနာပြု တစ်ဦးစ နှစ်ဦးစလာ သာသ နာပြုရန်
လာခဲ့ခြင်း ဖြစ်သည်။
အစ္စလာမ်သာသနာသည် ကမ္ဘာတွင် နောက်ဆုံးပေါ်ပေါက်သော သာသနာဖြစ်၍
မြန်မာနိုင်ငံအတွင်းသို့ ထို အယူဝါဒ ၀င်ရောက်ခဲ့ခြင်းမှာ နောက်ကျခဲ့ပေသည်။
သို့သော် ငြင်းမရနိုင်သော သမိုင်းများ အလျှောက် မြန်မာ နိုင်ငံအတွင်းသို့
အစ္စလာမ်သာသနာ ရောက်ရှိလာခဲ့ခြင်းမှာ ရှင်အရဟံ၏ ဗုဒ္ဓဘာသာ ဂိုဏ်းနှင့်
မရှေးမနှောင်းပင် ဖြစ်သည်။ ထိုခေတ်ထိုအခါက ဘုရင်ကိုယ်တိုင်က
အားပေးထောက်ပံ့မှသာ ထိုဘုရင် ထောက်ပံ့သည့် သာသ နာမှာ နိုင်ငံတော်သာသနာ
ဖြစ်ခဲ့ရသည့် အလျှောက် ဗုဒ္ဓဘာသာသည် လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။ (ဗျတ္တိ၊
ဗျတ္တနှင့် ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးတို့မှာ ရှင်အရဟံနှင့် ခေတ်ပြိုင်
ပုဂံပြည်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။)
ထိုကဲ့သို့ပင် မဟာဝိဟိကတိုင်းဟု ခေါ်တွင်သော ရခိုင်နယ်ဓည၀တီ
(ဒန်နဟောဒီယား)သို့လည်း အစ္စလာမ် သာသနာ ရောက်ရှိခဲ့ခြင်းမှာ ဗုဒ္ဓဘာသာထက်
နှစ်ပေါင်းများစွာ နောက်ကျခဲ့သည်။ ဒါန်နဟောဒီယား(ဓည ၀တီ)မှ မူလဘူတ
လူမျိုးတို့သည် ဗုဒ္ဓဘာသာ မ၀င်ရောက်မှီကာလက ၎င်းတို့၏ ရှေးရိုးအစဉ်အလာ အတိုင်း
ဟိန္ဒူဘာသာအား ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာ ၀င်ရောက်လာသည့်အခါတွင် ဗုဒ္ဓဘာသာ
လူထုကြီး ၀င်ရောက်လာလျှက် မူလဘူတ လူမျိုးတို့အား လွှမ်းမိုးသွားခဲ့ခြင်း
မဟုတ်ပေ။ ဘာသာအယူဝါဒသာ ပျံ့နှံ့လာ လျှက် ထိုမှ မူလဘူတ လူမျိုးတို့က
ဗုဒ္ဓဘာသာသို့ ကူးပြောင်းသက်ဝင်ခဲ့ခြင်း ဖြစ်သည်။ ထိုလူမျိုးတို့အား
ယခုတိုင် မြန်မာတို့ထက် ရှေးကျသော လူမျိုး
(ရှေးဦးမြန်မာလူမျိုး)“မြန်မာကြီး” (မာရ်မာကီး)ဟု မှတ်တမ်း တင်ထားပေးလျှက်
ရှိနေသည်။
ထို့နောက်တွင် အေဒီ ၇၊ ၈ ရာစုမှ စ၍ အစ္စလာမ်သာသနာ ရောက်ရှိလာခဲ့သည်၊
ထိုမူလဘူတ လူမျိုးစုမှ အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်ခဲ့ခြင်း ဖြစ်၍-
ထိုလူမျိုးအား အစ္စလာမ်သာသနာဝင်များ ဖြစ်သည့် အာရဗ်တို့က
အလုံးအရင်းနှင့်လာလျှက် လူမျိုးမြိုခဲ့ခြင်း မဟုတ်ပေ။ အဆိုပါ မူလဘူတ
လူမျိုး “ရိုဟင်ဂျာ”တို့ သည်- အစ္စလာမ်သာသနာ မတိုင်မှီက ပြောဆိုသည့် စကားအား
ယနေ့ထိ ပြောဆိုလျှက် ရှိနေသည်။ ၎င်းတို့မှာ သူတို့ထံသို့ အဦးရောက်ရှိခဲ့သည့်
ဗုဒ္ဓဘာသာအား ကိုးကွယ်ခဲ့ကြသူများ ဖြစ်ကြောင်း သူတို့၏ ဘာသာစကား၌
ပါဠိစကားပေါင်း မြောက်များစွာ ပါဝင်နေဆဲဖြစ်ခြင်းက သက်သေခံလျှက်ရှိသည်။
ယနေ့ထိ မြန်မာနိုင်ငံအတွင်း ရှိသမျှလူမျိုးစု အားလုံး၌ ပါဠိဘာသာစကား
အပါဝင်ဆုံး ဘာသာစကားမှာ“ရိုဟင်ဂျာ”ဘာသာစကားသာ ဖြစ် ပေသည်။ ၎င်းနှင့်
လူမျိုးတူ၊ စရိုက်တူ၊ ဓလေ့တူ- လူမျိုးတစ်မျိုးတည်း ဖြစ်သော မာရ်မာကီး
(မြန်မာကြီး) စကား သည်လည်း ရိုဟင်ဂျာ စကားနှင့် အတူတူပင်
ဖြစ်သောကြောင့်-မြန်မာကြီးတို့၏ ဘာသာစကားသည်လည်း ပါဠိ ပါဝင်သည့်
ရာနှုန်းအများဆုံးသော ဘာသာစကားတစ်ရပ် ဖြစ်ပေသည်။
၎င်းတို့သည် မဟာဝိဟိကတိုင်း (မဟာရိုဟင်ဂတိုင်း)၏ မူလဘူတ လူမျိုးများ
ဖြစ်၍ ၎င်းတို့၏ ဘာသာစကားမှာ မဟာဝိဟိက(မဟာရိုဟင်)တိုင်း၏ နိုင်ငံသုံး
ဘာသာစကားဖြစ်ခဲ့ကြောင်း- လက်ရှိ ရခိုင်နယ်၏ လူမျိုး ၈ မျိုး အနက် လူမျိုးစု
သုံးစုက ပြောသော ဘာသာစကား ဖြစ်နေခြင်းက သက်သေပြလျှက်ရှိသည်။(လက်ရှိ ရခိုင်
စကားသည် မြန်မာစကားသာ ဖြစ်၍-လက်ရှိရခိုင်နယ်၌ လူမျိုးတစ်မျိုးတည်းသာ
ပြောသော ဘာသာစကား ဖြစ်သည်။ (ကမန်အား သီးခြားတိုင်းရင်းဟု သတ်မှတ်သော်က-
လက်ရှိ ရခိုင်စကားခေါ် မြန်မာစကားအား ရခိုင်နှင့်ကမန် လူမျိုးနှစ်မျိုးက
ပြောသော ဘာသာစကား အဖြစ် သတ်မှတ်နိုင်ပေသည်။) ကျန်သော လူမျိုးစု
ဘာသာစကားများမှာ သီးခြား လူမျိုးတစ်ခုချင်းစီ ပြောဆိုသော ဘာသာစကားသာ
ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ အခြားသော ဒေသများမှ ၀င်ရောက်လာသည့်
လူသားများမှာ ခေတ်တိုင်းတွင် ရှိနေသည် အား ငြင်းဆိုနိုင်ခြင်း မရှိသော်လည်း
ထိုဝင်လာသည့် လူသားများသည် မြန်မာနိုင်ငံအတွင်း ရှိနေသည့် ဘာသာ တရား
တစ်ခုခုအား လွှမ်းမိုးနိုင်ခြင်း မရှိပေ။
မြန်မာဘုရင်များ အဆက်ဆက်ကပင် မြန်မာနိုင်ငံအတွင်းသို့ တရုတ်များ၊
ရှမ်းများ၊ အိန္ဒိယများ၊ အဆက်မပြတ် ၀င်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ
လူမျိုးနွယ်တစ်ခုတည်းသာ ၀င်ခဲ့ခြင်း မဟုတ်ပေ။ ဗြိတိသျှခေတ်တွင် ၀င်လာသော
လူများမှာလည်း အန္ဒိယ လူမျိုးသာ ၀င်ခဲ့ခြင်း၊ အစ္စလာမ်သာသနာဝင်များသာ
ဝင်ခဲ့ခြင်း မဟုတ်ဘဲ၊ ဟိန္ဒူ၊ ခရစ် ယာန်၊ ဂျူး၊ ဖာရ်စီ၊
တရုတ်ဗုဒ္ဓဘာသာပေါင်းများစွာ ၀င်ရောက်ခဲ့ပေသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၌
အစ္စလာမ် သာ သနာဝင်များ ရောက်ရှိလာခြင်းသည် ဗြိတိသျှမှ ခေါ်လာသော
အိန္ဒိယတိုက်သားများကြောင့် ဟူသည့် အယူ အဆသည် လုံးဝ မှားယွင်းသော အယူအဆသာ
ဖြစ်၍ ယခင်ရှိရင်းစွဲ ဌာနေလူသားတို့၏ ကိုးကွယ်ယုံကြည်မှု ကြောင့်
အမြစ်တွယ်နေခြင်း ဖြစ်သည်ဟူသည့် အချက်အား ရိုးသားစွာ ဆင်ခြင်သင့်ပေသည်။
တနည်းအားဖြင့်-မြန်မာနိုင်ငံသည် ကူးစက်ခံနိုင်ငံတစ်ခုသာ ဖြစ်သည်ဟူသည့်
အချက်အား မေ့မထားသင့်ပေ။ မည်သို့ပင် မြန်မာမှုပြုသည် ဖြစ်စေ-၊
ထိုမြန်မာမှုပြုခြင်းများမှာ နိုင်ငံတစ်ခုအား အလုံပိတ်ဆို့ထားမှသာလျှင်
မူရင်းစပေါ်ရာ အရပ်နှင့် လာခဲ့သည့် လမ်းကြောင်းအား ဖုံးဖိထားနိုင်ဘွယ်ရာ
ဖြစ်ပြီး-၊ တစ်ကမ္ဘာလုံးနှင့် ကူးလူး ဆက်ဆံလိုလျှင်-
မြန်မာမှုပြုနေခြင်းသည်ပင်-၊ သမိုင်းလိမ်တရားခံ ဖြစ်နေပေတော့သည်။
မြန်မာနိုင်ငံမှ ဗုဒ္ဓရဟန်းများပင်- နိုင်ငံရပ်ခြား (ထိုင်း၊ သီရိလင်္ကာ၊
အိန္ဒိယ)များသို့ ပညာသင်သွား သူတိုင်း-မြန်မာမှုပြုထားသည့် ပါဠိ (မူရင်းမှ
အသံပျက် ပါဠိ)အား သံယောဇဉ်ထားနေနိုင်ခြင်း မရှိတော့ဘဲ။“သ”အသံကို
ဖျောက်လျှက် “ဆ” အသံဖြင့် ရွတ်ဖတ်သရဇ္ဇျယ် နေရပေတော့သည်။ နိုင်ငံတစ်ကာ
မျက်နှာ၌ မူရင်းအသံနှင့် ဖတ်၍ အိမ်ပြန်လျှင် မိမိ၏ အသံပျက်ဖြင့်
ဖတ်နေရခြင်း ဒုက္ခသည်လည်း သေးငယ်လှသည် မဟုတ်ပေ။ သို့တိုင် မိမိကိုယ်မိမိ
“ငါသာ အမှန်”ဟု ကြုံးဝါးနေသူများအား အံ့သြစရာပင် ဖြစ်တော့သည်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
0 comments:
Post a Comment