ဒါ- အကြံကုန်ပဲလား
နိုင်ငံတော်ရဲ့ ဦးစီးဦးဆောင် နေရာကို လက်ကိုင်ရယူထားတဲ့ သမ္မတဆိုသူကို- ဒါအကြံကုန်ပဲလား ဦးသိန်းစိန်-၊ လို့ မေးဘို့ ဖြစ်နေပြီ။
မြန်မာနိုင်ငံလို နိုင်ငံတစ်ခုခုမှာ လူမျိုးတစ်မျိုး၊
ဘာသာတစ်ခုတည်းကိုပဲ မျက်နှာသာပေး အလိုလိုက်ပြီး တိုင်းပြည်ကို တည်ဆောက်မယ်
ဆိုရင်- တိုင်းပြည်ပျက်သွားလိမ့်မယ် ဆိုတာလောက်ကို မသိဘဲ-၊“သမ္မတကြီး”
ရယ်လို့ အခေါ်မခံသင့်ပေဘူး။
(၁)သမ္မတ ရာထူးကို ယူထားပြီး သမ္မတ ဦးခေါင်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်ထိန်းသိမ်းပေးနေပါသလား ၊
သို့မဟုတ် အယူသည်း မျက်ကန်း ခွဲထွက်ရေးဝါဒီ တစ်စုရဲ့ ခေါင်းများနဲ့
တိုင်းပြည်ကို ထင်ရာစိုင်းနေပါသလား-။ လို့ စတင်မေးရပါမယ်။ နယ်စပ်ဒေသက
ခွဲထွက်ရေးဝါဒီ တစ်စုကို အလိုလိုက်ပြီး ငြိမ်းချမ်းရေး တည်ဆောက် တော့ အဲ့ဒီ
အုပ်စုက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း တိုင်းပြည်အတွင်း နိုင်ငံသား
ပြုပေးရမယ်လို့ တောင်းဆိုတဲ့ အချက်ပါဝင်ခဲ့တယ်။ အဲ့ဒီမှာလည်း ၁၉၈၂
ဥပဒေဆိုတာကို ဘယ်လိုဖွင့်ဆိုရမယ် ဆိုပြီး အဲ့ဒီ အဖွဲ့ ရဲ့ အာဘော်နဲ့ စာ ၁၁
မျက်နှာ ဖွင့်ဆိုပေးထားတယ်။ ဦးသိန်းစိန် ဦးဆောင်တဲ့ သမ္မတအဖွဲ့ဟာ
ဒီနေ့အဲ့ဒီ အာ ဘော်အတိုင်း တစ်သွေးမတိမ်းလုပ်ဆောင်ပေးနေတယ် ။
အဲ့ဒီ ခွဲထွက်ရေးအဖွဲ့ဟာ ပြည်ထဲက လူငယ်တွေကို ခေါ်ယူပြီး-
မိမိပါတီအတွက် စစ်သင်တန်းများ ပုံမှန်ပေးနေ တယ်။ စစ်သင်တန်းဆင်းပြီး
လူငယ်များကို ပြည်ထဲကို ပြန်ထည့်ထားတယ်။ ဒီအလုပ်ကို ပေါ်ပေါ်တင်တင်လုပ်
နေပြီး- အခုဆိုရင် ပြည်ထဲမှာ အဆင်သင့် စစ်သင်တန်းဆင်းပြီး ခွဲထွက်ရေးဝါဒီ
ငါးထောင်က တစ်သောင်းကြား ရှိနေပြီ။ လိုအပ်တဲ့အချိန်မှာ သူတို့ခေါင်းဆောင်က
သူတို့ဆီကို လက်နက်ခဲယမ်းပို့လိုက်ယုံပဲ-အဆင်သင့်ခွဲ ထွက်သွားလို့
ရနိုင်တယ်။ သို့မဟုတ် ပြည်ထဲမှာ ပြည်သူအပေါင်း စစ်ဒဏ်၊ လူဆိုးသူခိုးဒဏ်များ
အကြီးအကျယ် ခံစားသွားစေနိုင်ပါတယ်။- ဒါကို ဦးသိန်းစိန် အစိုးရက
တစ်ကယ်မသိတာလား၊ တမင် ဟပေးထားတာလား စဉ်းစားဘို့ လိုပါပြီ။-
ပိုဆိုးတာက-၊ အဲ့ဒီ ခွဲထွက်ရေးဝါဒီဆီက လက်နက်တွေ ဖမ်းမိတိုင်း-၊
သတင်းတွေမှာ မွတ်ဆလင်တွေဆီက လက်နက်တွေ မိတယ်လို့ပဲ တိုင်းပြည်ကို
ဗြောင်လိမ်ပေးနေပြန်တယ်။ ခွဲထွက်ရေးဝါဒီတွေကို ဒီလောက်ကြီး မားမားမတ်မတ်
ရပ်တည်ပေးနေတယ် ဆိုတဲ့ သမ္မတ တစ်ဦးကို ပြည်သူအများ ဘယ်လို
စဉ်းစားသင့်ပါသလဲ။ နောက်ဆုံးမှာ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ သမ္မတ
ဆိုသူကိုယ်တိုင်က- ခွဲထွက်ရေးဝါဒီတွေ အင်အားထွား လာအောင် “ပထွေး
ကြက်ဥတိုက်” စီမံချက်နဲ့ ခွဲထွက်ရေးဝါဒီတွေရဲ့ အလိုဆန္ဒကို
ပိုမိုပြည့်ဝစေဘို့- မွတ်ဆလင် တွေကို စနစ်တကျ အမြစ်ဖြုတ်ပေးနေတဲ့ “အမိ
မွေ့ယာခင်း”စီမံချက်များကို စနစ်တကျ ဖေါ်ဆောင်ပေးနေ ပါတော့တယ်။
(၂)ကျော်မကောင်းကြားမကောင်း အခြေအနေကို ရောက်လာရင်- ကမ္ဘာလှည့်
အသနားခံပြီး ကျွန်တော်တို့ ဟိုလိုလုပ်ပေးပါမယ်၊ ဒီလိုလုပ်ပေးပါမယ်-၊
ဆိုပြီး တစ်ဘက်မှ လိုက်လံ ဖာထေး ဖုံးဖိကာ-နောက်တစ်ဘက်မှာ ပြည်တွင်းက
ဒုက္ခသည် မွတ်ဆလင်များကို ငတ်သေသေသွားစေဘို့ စီမံချက်၊ ဖျက်ဆီးခံလိုက်ရတဲ့
ဗလီ ကျောင်းကန်ဘုရားများကို ပြန်လည် မတည်ဆောက်နိုင်အောင် ဥပဒေများနဲ့
အတွင်းကြိတ်ဖိနှိပ်နေပြန်ပါတယ်။ အခုတစ်လောပဲ ကြည့်ပါ။ မိတ္ထိလာမှာ
ဗလီပေါင်းများစွာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။ မြန်မာပြည်သူအပေါင်းက လည်း
စာနာစိတ်များ ဖြစ်သွားတယ်။ ဒုက္ခရောက်တဲ့ ဒုက္ခသည်တွေကို ကူညီသင့်ကြောင်း-၊
ဖျက်ဆီးခံလိုက်ရ တဲ့ သူတို့ရဲ့ ဗလီတွေကို ပြန်လည်တည်ဆောက်ပေးသင့်ကြောင်း
လူ့အသိ ရှိတဲ့ လူတိုင်းက ခံစားကြတယ်။ ဒါ ကြီးကို မျက်နှာပြောင်တိုက်ပြီး-
ဗလီတွေ ပြန်ဆောက်မှာကို ဥပဒေအမျိုးမျိုးနဲ့ တားမြစ်ဘို့ အမိန့်ထွက်လာပါ
တော့တယ်။ ဒုက္ခသည်တွေကို ကူညီနေခြင်းများ လိုက်လံတားဆီးပါတော့တယ်။ သာမန်
လူ့နှလုံးသား ရှိတဲ့ လူ တစ်ဦးတောင် အဲ့လိုမျိုးကြီး လုပ်ရဲမှာ မဟုတ်ပေဘူး။
(၃)ကမ္ဘာ့ထိပ်သီး ကွန်ပြူတာ ဟက်ကာများက- ကြည့်မနေနိုင်တော့လို့-၊
မြန်မာအစိုးရရဲ့ ကွန်ပြူတာတွေကို ဟက်လိုက်ပါပြီ။ လား- လား၊ ဧရာမကြောက်စရာ
ဖြစ်တဲ့ အစိုးရရဲ့ စီမံချက်ကြီးကို တွေ့လိုက်ရပါတယ်။ ၂၁ ရာစုထဲမှာ သာမန်
လူတစ်စု၊ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းတောင် မတွေးရဲလောက်တဲ့ ရက်စက်မှု
သွေးမုန်တိုင်း စီမံချက်ကို အစိုးရဘက်က အကွက်ချပြင်ဆင်ထားပါကလား-ဆိုတာပါပဲ။
တိုင်းပြည်တွင်းမှာ မွတ်ဆလင်များ၊ ခရစ်ယာန်များ၊ ဟိန္ဒူများ-
ညက်ညက်ကြေဘို့သာ ပြင်ထားပေတော့။ ငြိမ်းချမ်းရေး လက်ခံတဲ့ အုပ်စုများလည်း
မျိုးပြုတ်ဘို့သာ ပြင်ထားပေတော့-။
ဒါတွေကို ကြိုသိလိုက်ရတော့-၊ ဒီအထောက်အထားတွေက UN အပါအ၀င် သက်ဆိုင်ရာ
အဖွဲ့အစည်းကြီး၊ နိုင်ငံ ကြီးများကို တိတိကျကျ ရောက်သွားစေပါမယ်။ ကမ္ဘာဟာ
လူ့အသိုင်းအ၀ိုင်းကြားမှာ ရှိတဲ့ ရပ်ကွက်တစ်ကွက်မျှ သာ ဖြစ်ပါတယ်။
လုပ်ချင်တိုင်း လုပ်လို့ရမယ့် အခွင့်အရေးတွေကို သိန်းစိန်အစိုးရက ရလေမလား၊
လုပ်ချင် တိုင်း မလုပ်နိုင်ဘို့ ကမ္ဘာကပဲ တားဆီးနိုင်မလား-၊ ဆိုတာများတော့
မကြာမှီသိရတော့မှာပါ။(တိုင်းပြည်ကြီး တစ်ခုလုံး သတ်ဖြတ်၊ သေကြေ၊
ပျက်ဆီးသွားမှာကိုပဲ စိုးရိမ်ပါတယ်။)
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြန်ထောင်စု
0 comments:
Post a Comment