Home

Sunday, March 24, 2013

သွေးချောင်းစီးမယ့်နေ့

                               သွေးချောင်းစီးမယ့်နေ့

ရေတစ်စက်ချင်း မြေကိုကျတယ်၊ ရေစက်ပေါင်းများလာတော့ မြေကြီးဟာရေ၀လာတယ်၊ ပြီးတော့ ရေအိုင်လာ တယ်၊ နောက်ဆုံးမှာ ရေအိုင်လာမှုဟာ ရေချောင်းစီးမှုကို ဖြစ်စေတော့တယ်။
မြန်မာနိုင်ငံမှာ အပြစ်မယ့်ပြည်သူတွေရဲ့သွေးတွေ- မြေကိုကျရတယ်၊ တစ်ခါ၊ နှစ်ခါ၊ သုံးခါ- အကြိမ်ကြိမ်အခါခါ-ဖြစ်လာတော့ အခုအဆင့်က ရေအိုင်လာတဲ့ အဆင့်ကို ရောက်လာခဲ့ပြီ။
ဒီအဆင့်မှာ မြန်မာတစ်ပြည်လုံး လိမ်မာ ဘို့ ဆင်ခြင်တုံတရားထားဘို့၊ မေတ္တာထားဘို့၊ အနိုင်ကျင့်လိုတဲ့စိတ်တွေ၊ စိတ်ရိုင်းတွေကို ဖျောက်ဖျက်ပစ်ဘို့ ချက်ချင်းလက်ငင်း လိုအပ်လာပါတယ်။
အာဏာပိုင်တွေ အနေနဲ့လည်း တိုင်းပြည်ရဲ့ အနာဂါတ်ကို ကြည့်ပြီး-တိုင်းပြည်တစ်ခုလုံးကို ချက်ချင်းတည်ငြိမ် အောင် လုပ်ပေးရမယ်။ ဘယ်လိုဖုံးဖုံး- ဘယ်လိုဖိဖိ အခုဖြစ်သွားတဲ့ ပြသနာတွေရဲ့ နောက်ကွယ်မှာ ဘယ်သူ တွေပါဝင်နေတယ်ဆိုတာက ကမ္ဘာက သိနေပါတယ်။ မတော်တဆ ၀ုန်းဒိုင်းဖြစ်သွားတာမျိုးတစ်ခုမှ မဟုတ်ဘူး။ ကြိုတင်ပြင်ဆင်ထားပြီး စနစ်တကျလုပ်သွားတာချည်း ဖြစ်တဲ့အပြင်-၊ ဖြစ်တော့မယ်လို့ ကြိုတင်သတိပေးနေ တာတွေကိုပါ အစိုးရပိုင်း မသိဟန်ဆောင်နေခဲ့တယ်။ ဖြစ်နေဆဲမှာလည်း တစ်ဘက်သတ်လွှတ်ပေးထားတယ်။ ဒါကို ချက်ချင်းရပ်တန်းက ရပ်ဘို့ လိုပါတယ်။
မြန်မာနိုင်ငံမှာ မွတ်ဆလင်ဟာ သန်းပေါင်းများစွာရှိနေတယ်။ ဘယ်သူတွေ စာရင်းဖုံးဖုံး ကျုပ်တို့မှာ ကိုယ့်ဘာ သာဝင်တွေအတွက် စာရင်းရှိနေတယ်။ မျိုးပြုတ်သတ်လို့ မရဘူးဆိုတာကိုလည်း သိနေတယ်။ အများဆုံး သတ် နိုင်ရင် သုံးသိန်းက ငါး သိန်းထိပဲ သတ်နိုင်မယ် ဆိုတာကိုလည်း ကြိုတွက်ထားပြီးသားပါ။ ဒါပေမယ့် ဒီကိန်းဂဏန်းထိ မရောက်စေရဘူး-၊ မြန်မာတစ်ပြည်လုံး အလုံးစုံပျက်စီးသွားရမယ့် ကိန်းကို ဆိုက်ရောက်သွား ပါမယ်။ တစ်သက်လုံး ချစ်ချစ်ခင်ခင် နေထိုင်ခဲ့တဲ့ တိုင်းပြည်-၊ အခုမှ လူဆိုးလူမိုက် လူလိမ်လူကောက်တစ်စု ကြောင့် ပျက်စီးရမယ့်ကိန်းကိုတော့ မဆိုက်စေချင်ဘူး။ ဒီအတွက်လည်း ကျုပ်တို့ဘက်က အဆုံးစွန်ထိ သည်းခံ ပေးနေတာပါ။ မြန်မာပြည်သူများလည်း နားလည်သဘောပေါက်သင့်ပါတယ်။ အချင်းချင်း ရန်ဖြစ်နေမယ့်အစား ချစ်ချစ်ခင်ခင်နေသင့်ပါတယ်။ ယဉ်ကျေးတဲ့ကမ္ဘာ့လူသားတွေ ဘယ်လိုနေထိုင်ကြသလဲ-၊ နမူနာယူသင့်ပါတယ်။
အစ္စလာမ်၊ ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာဝင်များကို ဧည့်သည်များဖြစ်တယ်လို့ မြှောက်ပင့်သွေးထိုးနေတဲ့ သင်္ကန်း ၀တ် တွေကိုယ်တိုင်လည်း မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်သင့်ပြီ။ မျက်နှာမှာ ကုလားရုပ်မပျောက်သေးတဲ့ သင်္ကန်းဝတ်က ဗုဒ္ဓဘာသာဖြစ်လို့ အိမ်ရှင်လိုလို အမွေလုနေတာလည်း အတော့ကို အကျည်းတန်လှပါတယ်။ ပညာမဲ့လွန်းနေပါတယ်။ ဟိန္ဒူဘာသာဟာ ဗုဒ္ဓဘာသာ မတိုင်မှီကတည်းက မြန်မာပြည်မှာ ရှိပြီး ဘာသာဖြစ် သလို အစ္စလာမ်ဘာသာဟာလည်း ဗုဒ္ဓသာသနာပြု ရှင်အရဟံနဲ့ စင်ပြိုင် ပုဂံကိုရောက်လာခဲ့တာ တောင်မသိဘဲ ထင်ရာလျှောက်ပြော ရန်တိုက်ပေးနေတဲ့ အကျင့်ကို လူရှက်စရာလို့ မိမိကိုယ်မိမိ မြင်ယောင်တတ်ဘို့ လိုပါမယ်။
မြန်မာပြည်သူတွေ ဆင်ခြင်ပါ။ ငါတို့တော့ ချမ်းသာလှပြီ- သယံဇာတပေါများကြွယ်ဝလှပြီ ဆိုတဲ့ ပညာမဲ့ ခံစား ချက်များကို ပြန်လည် သုံးသပ်ပါ။ ဘယ်သူတွေက ဘယ်လောက်များ ခံစားနေရပါသလဲ-၊ ပြန်လည်သုံးသပ်ပါ။ ချမ်းသာလှပါရဲ့ ဆိုပြီး ကြွေးကြော်နေတဲ့ နိုင်ငံက သမ္မတကိုယ်တိုင် ကမ္ဘာကိုပတ် အကူအညီတောင်းနေရတာကို တည့်တည့်မတ်မတ် ပြန်ကြည့်ပါ။ ဒီအချိန်မှာ ကမ္ဘာက စီးပွားရေး တစ်ချက် ပြန်ပိတ်လိုက်ရင် ဘာဖြစ်သွားမလဲ ဆိုတာကိုလည်း စဉ်းစားပါ။
ငါတို့တော့ ငတ်ပြီးသေချင်သေပါစေ- မွတ်ဆလင်တွေကို အပြီးတိုင်မောင်းထုတ်မှာပဲ-၊ ဆိုရင်လည်း၊ ဒီကမ္ဘာမှာ တစ်ဘက်သတ်ပါးရိုက်ခံဘို့ မွေးလာတဲ့ လူမျိုးဆိုတာ မရှိဘူး ဆိုတဲ့အချက်လောက်ကို ပြန်လည်သုံးသပ်စေချင် တယ်။ မိမိ၊ မိမိရဲ့ အမျိုးများကို တစ်ဘက်သတ်ပါးရိုက်နေမယ် ဆိုရင် ဘယ်လိုဖြစ်လာမလဲ ဆိုတဲ့ အချက်များ ကိုလည်း ပြန်လည်သုံးသပ်ပါ။ ဒီခေတ်ဒီကမ္ဘာမှာ တစ်ဘက်နဲ့တစ်ဘက် သတ်ရဖြတ်ရတာ အလွန်လွယ် ကူ သလို ဆက်သွယ်ရေးကောင်းမွန်နေတဲ့ ခေတ်ဖြစ်နေလို့ တစ်ဘက်နဲ့တစ်ဘက် နားလည်မှုတည်ဆောက်ရတာ လည်း အလွန်လွယ်ကူတဲ့ ခေတ်ဖြစ်ပါတယ်။ ဒီအချိန်မှာ နားလည်မှုတည်ဆောက်ယူမယ် ဆိုတဲ့ “စိတ်”တစ်ခု ကိုပဲ ဦးစားပေးစေလိုပါတယ်။ စိတ်ကောင်းစေတနာကောင်းနဲ့ နားလည်မှုတည်ဆောက်မယ်ဆိုရင်လည်း အချိန် မှီသေးတဲ့ အချိန်အခါ ဖြစ်နေပါတယ်။ အချိန်တစ်ခုကို ရောက်လာလို့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် သတ်ကြဖြတ်ကြပြီ ဆိုရင်တော့ နားလည်မှုတည်ဆောက်ရမှာ အဟန့်အတားဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအခြေ အနေမှာ ဘယ်လို စစ်အင်အားကမှ သတ်ဖြတ်နေခြင်းကို တားမြစ်နိုင်တော့မှာ မဟုတ်ပါ။ အလကားနေရင်း တိုင်းပြည်ဟာ သွေးချောင်းစီးတဲ့မြေ ဖြစ်သွားရပါတော့မယ်။ ရိုးရိုးအေးအေးနေထိုင်တဲ့သူများလည်း အပြစ်မဲ့ ကြောက်လန့်စိုးရိမ်မှုတွေရဲ့ အောက်ကို ရောက်သွားရပါလိမ့်မယ်။
လူတစ်စုရဲ့ အရူးထမှုကို ဗုံတီးမြှောက်ပင့် ဆွမ်းကြီးလောင်းတတ်တဲ့ ပညာမဲ့ အကျင့်တွေကို မဖျောက်ဖျက်ရင် တော့–၊ တိုင်းပြည်ဟာ သွေးချောင်းစီးသွားရမှာကို စိုးရိမ်ပါတယ်။ နှလုံးသားရှိတဲ့၊ မျက်စိရှိတဲ့၊ ပြည်သူတိုင်းမှာ ဒီအဖြစ်ဆိုးကြီးက ကာကွယ်ဘို့ တာဝန်ရှိပါတယ်။ တတ်နိုင်သမျှ ကာကွယ်ဘို့လည်း မေတ္တာရပ်ခံပါတယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြန်ထောင်စု

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ