Home

Sunday, June 2, 2013

ထုတ်ပြန်ကြေငြာချက် ၆/၂၀၁၃ မြန်မာနိုင်ငံသားချင်းကူညီစောင်မကြရန် မေတ္တာရပ်ခံချက်

                                                          ထုတ်ပြန်ကြေငြာချက် ၆/၂၀၁၃

မြန်မာနိုင်ငံသားချင်းကူညီစောင်မကြရန် မေတ္တာရပ်ခံချက်

၂၀၁၃ ဇွန်လ ၂ရက်

၂၀၁၃ မေလ ၃၀၊ ၃၁ ရက်နေ့များတွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားချင်းအကြားပဋိပက္ခ ဖြစ် သတ်ဖြတ်ကြသည့် အဆင့်ထိရောက်ရှိသွားသည်ကို ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့မှ များစွာ ၀မ်းနည်းမိပါသည်။

ဤသို့ ဖြစ်ပွားရသည့် ဇစ်မြစ်မှာ မြန်မာသမ္မတဦးဆောင်ကြိုးကိုင်သည့် မြန်မာပြည်တွင်းအကြမ်းဖက် သတ်ဖြတ်မှုများမှ ဂယက်ရိုက်ခတ်လာခြင်းဖြစ်၍- မြန်မာပြည်ပြင်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားချင်းကြားသို့ပင် ထိုးဖေါက်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့ တန်းတူညီမျှ အဖွဲ့မှ ယုံကြည်သည်။
ထိုသို့ မလိုလားအပ်သော ပြသနာများ- နိုင်ငံရပ်ခြားသို့ ထိုးဖေါက်လာသည်ကို အလွန်ဝမ်းနည်းမိသည့် အပြင် ပြည်ပရောက် အကာအကွယ်မဲ့နေသည့် ဘ၀တူ မြန်မာနိုင်ငံသားချင်းချင်းအယုံအကြည် ကင်းမဲ့လာကာရန်ငြိုးရန်စပိုမိုကြီးထွားလာမည်ကိုလည်းစိုးရိမ်မိပါသည်။
အထူးသဖြင့် မွတ်ဆလင် လူများစုနေထိုင်သည့် မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီးနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများတွင် အလုပ်အကိုင်လာရောက် လုပ်စားရသည့် အစ္စလာမ်သာသနာဝင် မဟုတ် သည့် မြန်မာနိုင်ငံသားများအား- အစ္စလာမ်သာသနာဝင် မြန်မာနိုင်ငံသားများကမိမိတို့၏ ညီရင်းအကိုများကဲ့သို့ ခံစား၊ ခံယူလျှက် ကာကွယ်စောင့်ရှောက်ပေးရန်၊ ကူညီဖေးမပေးရန် ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ကြီးမှ မေတ္တာရပ်ခံအပ်ပါသည်။ လူမျိုးတုံးသတ်ဖြတ်သည့်အစိုးရအားမုန်းတီးဆန့်ကျင်သူတိုင်း-   မြန်မာနိုင်ငံသားချင်းညီရင်းအစ်ကိုစိတ်ဓါတ်များမွေးမြူကြရန်-စည်းလုံးညီညွတ်မှုအတွက် စည်းရုံးလှုံ့ဆော်ကြရန် ထပ်ဆင့်မေတ္တာရပ်ခံအပ်ပါသည်။

မိုးကျော်
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စုအနောက်ပိုင်း တာဝန်ခံ

0 comments:

Post a Comment

ကြော်ငြာကဏ္ဍ