နေ့စွဲ- ၂၀၁၂ ခု၊ အောက်တိုဘာ ၃၀ ရက်၊
(၁) မြန်မာမွတ်ဆလင်အပေါင်းတို့—၊
ငါတို့ရဲ့ ညီနောင်သွေးသား မြန်မာပြည်ဘွား အပြစ်မဲ့ မွတ်ဆလင်အပေါင်း သည်
သမိုင်းဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး၊ မောင်းထုတ်ခံရမှုကြီး- အကြိမ်ပေါင်းများစွာကို ခါးသီးစွာ ခံခဲ့ရလေပြီ။ သို့သော် ကမ္ဘာသိ- ကမ္ဘာ့သမိုင်းဝင် မှတ်တမ်းအဖြစ် ကြွင်းကျန်နိုင်ခြင်း မရှိ ဘဲ သွေးအေး သွားသည့်အခါ- မှေးမှိန်ခဲ့ရသည်သာ ဖြစ်ခဲ့သည်။
(၂) ယခု ၂၁ ရာစုခေတ်ကာလကြီးတွင်ပင်- အင်မတန် ရိုင်းစိုင်းရက်စက်စွာ မျိုးပြုတ် သတ်ဖြတ် ၊ မောင်းထုတ်ခံရသည့်အပြင်- ထိုဒုက္ခပင်လယ်ဝေနေရသူတို့အား
စာနာမှု မရှိဘဲလျှက် မောက် မာစော် ကားသော ဝေါဟာရများဖြင့်
ဆက်လက်ဖိနှိပ်ခံနေရဆဲပင် ဖြစ်ကြောင်း ကမ္ဘာကပင် မှတ်တမ်း တင် ရ လေပြီ။
(၃) ထိုသို့ ရာဇ၀တ်မှုအား ကျူးလွန်နေသည့် မျက်ကန်းမျိုးချစ် ဗုဒ္ဓဘာသာဝင်အကြမ်းဖက်သူတို့၏ သမိုင်း အား- အစ္စလာမ်သာသနာဝင် အဖြစ်ရပ်တည်လျှက် အပြစ်မဲ့စွာကျဆုံးသွားရသော သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်တို့၏ သွေးဖြင့် ကမ္ဘာသိ- ကမ္ဘာတည်သ၍ မှတ်တမ်းအဖြစ် ကမ္ဘာ့သမိုင်း၌ တွင်ကျန်ရစ်ရန်- ငါတို့မှာ တာဝန် ရှိသည်။ ငါတို့ အနေဖြင့် ကမ္ဘာ့လူ့အခွင့်အရေး- လူသားချင်းတန်းတူညီမျှအခွင့်အရေးအား
မြတ်နိုး သည့် နိုင်ငံတိုင်း၏ အမှတ်တရ နေရာတိုင်း၌
သမိုင်းမှတ်တမ်းတင်ထားရမည် ဖြစ်သည်။ မြန်မာပြည်အကြမ်းဖက် သူတို့၏ သမိုင်း
အား နောင်လာနောက်သားများ အမှတ်ရနေစေရန် ကမ္ဘာတည်သ၍ တည်နေရစေ မည်။- ကမ္ဘာ့နိုင်ငံ တိုင်းမှ ကျောင်းသုံး သမိုင်းများတွင်လည်း ပြဌာန်းချက် စာမျက်နှာအဖြစ် ပါဝင်စေရ မည် ဖြစ်သည်။
သို့ဖြစ်၍–၊
၂၀၁၂ ခုနှစ်အတွင်း အစ္စလာမ်သာသနာ၌ ရပ်တည်လျှက် အပြစ်မဲ့စွာအသက်ပေးသွားရသော
ထို သူရဲကောင်းတို့ စာရင်းများ၊ ပျောက်ဆုံးသွားသူများ၏ စာရင်းများအား၊
အမည်၊ အသက်၊ မြို့၊ ရွာ၊ ရပ်ကွက် လိပ်စာ- နေ့စွဲနှင့် တကွ စာရင်းများကောက်ယူလျှက်- မိမိလက်လှမ်းမှီ သိရှိသမျှ- ဖေါ်ပြပါ အီးမေးလ် လိပ်စာဖြင့် ပေးပို့ပါရန် အကြောင်းကြားအပ်ပါသည်။
မိုးကျော်
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းဒေသ)
0 comments:
Post a Comment